Sunday, September 2, 2012

Black List ကိစ္စ



[By Hlaing Bwa ]




သည် Message ဟာ (၈၈) မှာ သေနတ်ပြေးဆွဲပြီး လူငယ်/လူရွယ်


ဘ၀ တခုလုံးကိုပေးဆပ်ပြီး ဆက်အသက်ရှင်နေတဲ့ ကမ္ဘာအရပ်ရပ်က


(၈၈) ညီအစ်ကို မောင်နှမအားလုံးကို ရည်ညွှန်းပါတယ်။




ဆယ်စုနှစ် နှစ်ခုကျော်ကြာပြီးတဲ့နောက် တိုင်းပြည်အပြောင်းအလဲတွေမှာ


(၈၈) ပြည်တွင်း/ပြည်ပ ညီအစ်ကိုမောင်နှမတွေ အမျိုးသားရေးအတွက်


အားသွန်ခွန်စိုက်ရှိနေတာ ... တိုင်းပြည်အတွက် (ဘယ်နေရာရောက်ရောက်)


အမျိုးသားရေးအမြင်တခုနဲ့ အသက်ဆက်ရှင်နေတာတွေ့ ရတဲ့အတွက်လည်း


ကျွန်တော် လေးစားဂုဏ်ယူပါတယ်။




တချိန်တည်းမှာ ကျဆုံးသွားခဲ့တဲ့ မြေက်ပိုင်း (ကချင်) နယ်မြေက (၈၈) တွေ


အတွက်ရော - တောင်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ညီအစ်ကိုတွေအတွက်ေ

ရာ

နှလုံးသားနဲ့ ရော ဦးနှောက်နဲ့ ပါ မမေ့လျှော့ခြင်းနဲ့  သည် Message ပေးပါတယ်။


ကျွန်တော်တာဝန်ယူခဲ့အချိန်မှာ တပ်ရင်း (၁၀၂) မှာ တင်လှ RASU အသတ်ခံခဲ့


ရခြင်းကိစ္စနဲ့  - ထွန်းမြင့် (မ.က.သ) (141 - RIT) တို့ အသတ်ခံခဲ့ရခြင်းကိစ္စတွေ


ကိုလည်းသည်ရက်ပိုင်းအတွင်း ကျွန်တော်ပြောမှာပါ။ (နောက်ကျနေခဲ့တဲ့အတွက်


လည်းခွင့်လွှတ်ပါ)။




အခု Black List Cancelling ကိစ္စအတွက် ကျွန်တော်တို့ အတွင်းမှာ - ဘာတခုမှ


စိတ်ခံစားမူမရှိဘို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒါ ပြီးခဲ့တဲ့ ဦးခင်ညွန့် ရဲ့


ထောက်လှမ်းရေးအုပ်စုက လုပ်ခဲ့တာကို လက်ရှိအစိုးရက ပယ်ဖျက်လိုက်တဲ့


စာရင်းလို့ ကျွန်တော်မြင်ပါတယ်။




သည်ကိစ္စအတွက် ကျွန်တော်တို့ အားလုံး က ....


(၁) ကမ္ဘာအရပ်ရပ်မှာရောက်နေတဲ့ မြန်မာပြည်ဇွား မြန်မာလူမျိုး (၅)သန်းကျော်


(၆၅% က အသက် ၁၈-၅၀ ကြား တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တဲ့


Work force တွေ) မြန်မာပြည်ကို ပြန်ရောက်လာဖို့  သည်အစိုးရနဲ့  စကားပြော


စေချင်ပါတယ်


(၂) ထိုင်းမှာ (လေးသန်းနီးပါး) ကချင်နဲ့ ရခိုင်မှာ ဒုက္စဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်း


ရင်းသားတွေအတွက် သည်အစိုးရနဲ့ စကားပြောရပါ့မယ်။


(၃) တဘက်နဲ့ တဘက် တိုင်းပြည်ကိုအမှန်တကယ်ချစ်ပြီး Transparency ရှိ


ကြေးဆိုရင် ... မြန်မာပညာတတ်တွေနဲ့  ကမ္ဘာအရပ်ရပ်မှာရောက်နေတဲ့


မြန်မာအရင်းရှင်တွေ မြန်မာလူမျိုး အသိပညာရှင်အတတ်ပညာရှင်တွေရဲ့


Intellectual Properties နဲ့  Capital တွေ မြန်မာပြည်ထဲကို ပြန်လည်စီးဝင်


လာဖို့ အတွက် .... လက်ရှိအစိုးရအနေနဲ့  Dual Passport or Dual Citizenship


ကို အသိအမှတ်ပြုပေးဖို့  ........ ခင်ဗျားတို့ တောင်းဆိုရမှာပါ (ကွန်မြူနစ်


တရုတ်တွေဟာ သည်လိုလုပ်ခဲ့လို့  တမ္လာလုံးက တရုတ်အနွယ်ဝင်တွေရဲ့


ဦးနှောက်နဲ့ ငွေအရင်းအနှီးတွေ တရုတ်ပြည်မထဲကိုစီးဝင်သွားခြဲ့
ပီး

တရုတ်ပြည်ကို အခုလိုဖြစ်အောင်လုပ်နိုင်ခဲ့တယ်
ဆိုတာ - သမတအကြံပေး

တွေသိစေချင်ပါတယ်) (ကမ္လာကြီးမှာ လူတိုင်း နိုင်ငံသားလက်မှတ်နှစ်ခု


ကိုင်ခွင့်ရှိပါတယ်) ခင်ဗျားတို့ က ပြန်လာရင် အခြားနိုင်ငံသားဖြစ်မူကိုစွန့် 


ရမယ်ဆိုရင် NASA လိုနေရာမှာရောက်နေတဲ့ အင်ဂျင်နီရာငါးရာလောက်က


ဘယ်လိုလုပ်ပြန်လာမှာတုံးဗျ ... (ကျွန်တော်တို့ လိုကောင်တွေ မပြန်ရတာက


ကိစ္စမရှိဘူး)




သည်တော့ဗျာ ... (၈၈) က တိုင်းပြည်အတွက်လုပ်ခဲ့တာ ... တိုင်းပြည်


အတွက်ဆက်လုပ်ရုံကလွဲလို့ ဘာရှိမှာလဲ ... ပြန်ရသည်ဖြစ်စေ မပြန်ရသည်


ဖြစ်စေ ... ပြည်ပြေးလို့ ပြောသည်ဖြစ်စေ ထွက်ပြေးတဲ့ကောင်တွေလို့ 


အပြောခံရသည်ဖြစ်စေ ... မိမိက တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်လဲ


ဆိုတာကိုပဲ အရင်မူတည်ပြီးစဉ်းစားကြဖို့  ကျွန်တော်တင်ပြပါတယ်။




ကျွန်တော်က ဒါကိုလူမိုက်လုပ်ပြောလို့  Black List ထဲမှာပြန်ထည့်လည်း


ကိစ္စမရှိဘူး ... ကျွန်တော့်တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို ဘယ်လူ


ဘယ်တက်လာတဲ့အစိုးရကမှ ပွန်းပဲအောင်မလုပ်နိုင်ဘူး။ ဒုက္ခရောက်နေတဲ့


တိုင်းပြည်နဲ့ လူမျိုးကို လက်ညှိုးထိုးပြီး (ဘယ်တုံးကမှ) လုပ်မစားခဲ့ဖူးဘူး။




ကျွန်တော်ခု တပ်ရင်း (၁၀၂) က ညီတယောက်နဲ့  ပြောထားတာတွေကို


ကျန်တဲ့ ကမ္ဘာအရပ်ရပ်က (၈၈) တွေသိအောင် ပေးလိုက်ပါတယ် -




အားလုံးကိုလေးစားစွာဖြင့်


လှိုင်ဘွား/၈၈

No comments: