Sunday, September 2, 2012

မိုးသီးဇွန်မင်းကိုနိုင်တွေ့ ကြပြီ


RFA Burmese

နှစ်ပေါင်း ၂၄ နှစ်ကြာဝေးကွာနေတဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ရဲ့ အမှတ်တရပြန်လည်စုံစည်းပွဲကို ဒီကနေ့ ရန်ကုန်မြို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးအရတွေ့ဆုံတာမျိုး မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းတွေ ပြန်ပြီး ဆုံတွေ့ တာဖြစ်တယ် လို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ကိုမိုးသီးဇွန်က ပြောပါတယ်။


ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ မြန်မာနိုင် ငံကို လေး ပတ်ကြာရောက်နေတဲ့ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပြန်ပြီး ဆုံတွေ့ကြ တာ ဖြစ်ပါတယ်။


ကိုမိုးသီးဇွန်တို့ခရီးစဉ်ဟာလက်ရှိ နိုင်ငံရေးအပြောင်းအလဲမှာပြည်ပရောက်အတိုက်အခံအင်အားစုတွေအနေ နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေအတွက် သမ္မတဦးသိန်းစိန်ရဲ့ခွင့်ပြုချက်နဲ့လာရောက်လေ့ လာတာဖြစ်ပါတယ်။


(Photo: 88 Generation Students Group facebook)

ဦးမိုးသီးဇွန်နှင့်အဖွဲဝင်များလှုပ်ရှားမှုမှတ်တမ်း(ယနေ့ ညနေပိုင်း)


ယနေ့ ညနေပိုင်း(၃း၀၀) နာရီကျော်က ဝေဇန္တာလမ်း ၈၈မျိုးဆက် ကျောင်းသားများရုံးတွင် ဦးထွန်းအောင်ကျော်နှင့် မိုးသီးဇွန်နှင့်အဖွဲဝင်များ လာရောက်တွေဆုံနှုက်ဆက်မှတ်တမ်းဓါတ်ပု့(ညနေပိုင်း)

ပြည်ထောင်စုဝန်ကြီးနဲ့ ပြန်တော်ပြန်တသိုက်

ယနေ့ မိုးသီးဇွန် ထွန်းအောင်ကျော်တို့ အဖွဲလှုပ်ရှားမှတ်တမ်း (နံနက်ပိုင်း)
ဦးထွန်းအောင်ကျော်၊ဦးမိုးသီးဇွန်နှင့်အဖွဲဝင်များပြည်တောင်စုမြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်နေသော   ပြည်တောင်စုဝန်ကြီး ဦးအောင်မင်း၊  ဦးစိုးသိန်းတို့  သံလွင်လမ်းခြံအမှတ်(၁၃)တွင် ယနေ့  နံနက် (၁၀း၀၀) နာရီက အမှတ်တရဓါတ်ပုံမှတ်တမ်း (နံနက်)

 http://www.hotnewsweekly.com/archives/10200

No comments: