Tuesday, September 4, 2012

အတွေးအခေါ်ပြုပြင်ရေးအတွက် ဗကသရဲဘော်များ ကြိုးပမ်းကြ(ကျော်ကိုကို)


by Rahul Kyaw Ko Ko on Monday, 3 September 2012 at 05:25 ·

ဗကသအဖွဲ့ဝင်များ ယနေ့ရင်ဆိုင်နေရသောစိန်ခေါ်မှုများသည် ယိုယွင်းကျိုးပျက်နေသော အတွေးအခေါ် များ၊မှား ယွင်းဖောက်ပြန်နေသော အယူအ ဆများ၊ငါး ရံနှစ်ကောင် ဖမ်းချင်နေသော ရွှေပြည်အေးဝါဒ အမှား များ၏ အဆက်မပြတ်ထိုးနှက်ခံနေရခြင်း တွင် မြစ် ဖျားခံသည်။တောင်ငူတွင် ဗကသအဖွဲ့ဝင်များ ဧရာဝ တီရေဘေးအတွက် အလှူခံထွက်ခြင်းကို တားမြစ်ခံရသောကိစ္စ၌ မြို့နယ်အုပ်ချုပ်ရေးမှုးက ဗကသ သည် မှတ်ပုံတင် ထားသောအဖွဲ့ အစည်း မဟုတ်သဖြင့် ယခုလိုလုပ်ခွင့်မရှိကြောင်း၊အလှူ ခံထွက် ရန်ခွင့်ပြု မိန့်တောင်း ခံရမည်ဖြစ်ကြောင်းပြောဆိုတားမြစ်ခဲ့ သည်။ဒုက္ခသည်များကို ကူညီ ကယ်ဆယ်ရန်  ရိုးရိုး သားသားကြိုးပမ်းဆောင်ရွက်နေခြင်းကို တားဆီးပိတ် ပင်ခြင်း၊ဆက်လ က် လုပ်ဆောင် ပါက အရေး ယူမည် ဟု ခြိမ်းခြောက်ခြင်းများတွေ့ရှိနေရသည့်အတွက် နာဂစ်လေမုန်တိုင်း ကာလက အနှောင့်အယှက်ပေး မှုများကိုပြန်သတိရမိပါသည်။စစ်ဘေး၊ရေဘေး၊လေဘေး။ မီးဘေး၊ ငလျင်ဘေးတို့အပြင် အဓမ္မမြေ သိမ်း ခံနေ ရသော ဆားလင်းကြီးမှ ထန်းတောင်သူများအထိ ဗကသ များအဖွဲ့ချုပ်က တတ်နိုင်သ မျှ သွားရောက် ကူညီပေးနေသည်ကို တစ်တိုင်းပြည် လုံးအသိဖြစ်သော် လည်း ဒေသခံအာဏာပိုင်များ၏ မသိသားဆိုး ဝါး မှုကြောင့် လုပ်ငန်းကောင်းတစ်ခု ထိခိုက်နှောင့်နှေး သွားရကြောင်းမိဘပြည်သူများကိုအသိပေးလိုက်ပါသည်။                                                                           
                    တောင်ငူခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်( ညောင်ကိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ   ကျောင်းသားများ)တွေ့ကြုံရင်ဆိုင်ခဲ့ရသော တက္ကသိုလ်အာဏာပိုင်တစ်ဦး၏ အယူအဆကို လည်းတင်ပြ ချင်ပါသည်။"သမဂ္ဂအဖွဲ့မှာလုပ်ချင်ရင် ၁၅နှစ်၊နှစ်၂၀ လောက်စာဖတ်ရမယ်၊ဒါကြောင့် မင်းတို့အခု အရွယ် မှာမလုပ်သေးဘဲစာတွေအများကြီးဖတ်ပြီးမှ နောင်၁၅နှစ်လောက်ကြာမှ နိုင်ငံရေးလုပ်ပါလား"ဟူ၍ဖြစ်ကြောင်း
ကြားသိရပါသည်။ကျောင်းသားကိုအောင်ဆန်းသာ ၁၅နှစ်၊နှစ်၂၀ စာချည်းဖတ်နေပြီး ဗကသမဖွဲ့ခဲ့ပါက ယနေ့ ထိ ကျွန်တော်တို့နိုင်ငံ ကျွန်ဘဝမှ လွတ်မြောက်လိမ့်မည်မဟုတ်ပါ။ထိုကျောင်းအုပ်ကြီးသည် သမ ဂ္ဂနှင့် ပါတီကိုပင် ကွဲကွဲပြားပြားသိပုံမရ။စေတနာနှင့် သတိပေးသလိုပြောကာ စစ်အာဏာရှင်ခေတ် အတွေး အခေါ်ကို ရောင်ပြန်ဟပ်ပြခြင်းပင်ဖြစ်သည်။ယနေ့ ရေဘေးသင့် ဧရာဝတီပြည်သူများကို အချိန်မဆိုင်း ကယ် တင်နေသင့်သည့်အခိုက်မှာ ၁၅၊၂၀နှစ်စောင့်ဆိုင်းနေရပါလျှင် မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး သုဿန်တစပြင်ဖြစ်မှ ကူညီခွင့်ပေးတော့မှာလားဟု ပြည်ထဲရေးနှင့်ပညာရေး၊သိပံနှင့်နည်းပညာဝန်ကြီးများ ကို မေးခွန်းထုတ်ချင်ပါသည်။ပဲခူးတိုင်းဒေသကြီး အစိုးရလက်အောက်တွင် အလှူခံထွက်ခြင်းကို ပိတိပင် တားမြစ်သည့် ဥပဒေသီးခြားရှိနေပါသလားဟုလည်း သိချင်ပါသည်။မြောင်းမြ၊င်္ဟသာတနှင့် သန်လျှင်တို့ တွင် အတားအဆီးမရှိ အလှူခံထွက်နိုင်ခဲ့သည်။       
                     နောက်ဆုံးအနေဖြင့် အလေးအနက်ထားပြောချင်သည်မှာ ဗကသသည် ကျောင်းသား ထုအတွက်၊ပြည်သူလူထုအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ကျောင်း သားအရေး သက် သက်ဆောင်ရွက်မည်ဆိုသော ထမင်းရည်ပူလာ လျှာလွှဲသည့် အယူအဆအမှားကို သတိရှိရှိခု ခံကာ ကွယ်နေသော သမဂ္ဂဖြစ်သည်။ကျောင်းသားထု၏ဦးဆောင်မှုကို ခိုးကြောင်ခိုးဝှက်မ ယူ၊လက်တွေ့ တိုက်ပွဲထဲ မှာ အလံလွှင့်ရဲသော တစ်ခုတည်းသောသမဂ္ဂဖြစ်သည်ကို နားမလည် သည့် ရွှေပြည်အေး သမားများကို မိမိတို့မှ ပြင်းပြင်းထန်ထန်သတိပေးချင်သည်။နိုင်ငံရေး အများအရေးဆောင်ရွက် သည့်နေ ရာ တွင် ဆွေမျိုး၊ညီအစ်ကို၊မောင်နှမမရှိ၊နီးစပ်ရာ အရောင်တူတူချင်း ရိုင်းပင်းရေးကို လုံးဝလက်သင့် ခံမည် မဟုတ်၊လူပုဂ္ဂိုလ်အစွဲမထားဘဲ မူဝါဒအပေါ်မှာလေးစားကြဖို့ ထပ်တလဲလဲတိုက်တွန်း ချင်ပါ သည်။ မိမိ တိုံ သဘောထားမှာ ဗ မူ၅ချက်ထိန်းသိမ်းရေးဖြစ်၍ ကိုယ့်မူမပျက်ဆက်လက်ချီတက်ရေးကို အလေး ထား မှာဖြစ်သည်။လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊အာဏာပိုင်များ၏ခွင့်ပြုချက်၊ထောက်ခံချက်များကိုစောင့်စားမျှော်ကိုးနေ မည်မဟုတ်ပါ။
                                                                                                                        
 ကျော်ကိုကို

No comments: