ဒီနေ့ တော့ ပုံပြင်လေးတပုဒ်ပြောပြချင်ပါတယ်။
ပုံပြင်လေးအမည်ကတော့ “မြေခွေးဥာဏ်” ပါတဲ့။
ဟိုရှေ့ ရှေ့ တုံးက ရွာတရွာမှာ
နွားကျောင်းသား တယောက်ဟာ တောထဲမှာ နွားကျောင်းပြီးပြန်လာတဲ့အခါကြတော့ နွားမတကောင်ကို
မေ့ကျန်ခဲ့တယ်တဲ့။
နွားမလည်း အစာရှာ စားရင်း
တနေ့ ထက် တနေ့ စားကျက်နှင့်ဝေးပြီး တောနက်ထဲကို မထင်မှတ်ဘဲ ရောက်သွား လေရော့တဲ။
တနေ့ ကျတော့ မမျှော်လင့်တဲ့
နှုတ်ဆက်သံ ကြားလို သစ်ပင်ပေါ် မော်ကြည့်လိုက်တဲ့အခါ၊ ခြင်္သေ့ မကြီး တကောင်က သစ်ပင်ပေါ်ကနေနှုတ်ဆက်နေတာကို
တွေ့ ရသတဲ့။
ခြင်္သေ့မ။ ။ “ရှင်ဘယ်ကလာခဲ့တာလ။ဲ”
နွားမ။ ။ “အမယ်လေး ဒုက္ခပါဘဲ့။”
ခြင်္သေ့မ။ ။ “ရှင် လန့် သွားသလား။ ကျမရှင့်ကို အန္တရာယ်မပြုပါဘူး။..ရှင်နဲ
့ကျမက ဘဝတူဘဲ့ဟာ။”
နွားမ။ ။ “မဟုတ်တာရှင်။ ဘယ်နှယ်ဘဝတူ ရမှာလဲ။ ရှင်ကတောဘုရင်မ၊
ကျမက ကျွန်မျိုး၊ ရှင်သတ်ရင် ကျမသေရမှာ။”
ခြင်္သေ့မ။ ။ “ကျမရှင့်ကိုစောင့်ကြည့်နေတာကြာပြီ။ ရှင်ဟာ
မိခင်လောင်းမဟုတ်လား။ ကျမလည်းမိခင်လောင်းဘဲ့လေ။ မိခင်လောင်းချင်းမို့ ဘဝတူလို့ ပြောတာ။”
နွားမ။ ။ “အင်း….ရှင်ပြောသလိုဆိုရင်တော့လည်းဟုတ်ပါတယ်လေ။
ကိုယ်ချင်းစာပါရှင်။”
ခြင်္သေ့မ။ ။ “စိတ်သာချ ဒေါ်နွားရယ်။ ကျမစာနာတတ်ပါတယ်။
ရှင်လည်းတခြားကိုမသွားနဲ့ တော့။ ကျမနဲ့ ဘဲ့အတူနေကြတာပေါ့။”
အဲဒီနေ့ ကစပြီးတော့ ခြင်္သေ့မ
နှင့် နွားမတို့ ဟာ ခင်မင်ရင်းနီးသွားကြပြီး အတူတကွ နေထိုင်ကြတယ်တဲ့။ကိုယ်ဝန်ရင့်မာလာတဲ့အခါ
ခြင်္သေ့ လေးတကောင်နှင့် နွားလားဥသဘငယ်တကောင်စီမွေးကြတယ်တဲ့။
ခြင်္သေ့ လေး နှင့်နွားလားဥသဘလေး
တို့ ဟာလည်း အလွန် ချစ်ခင်ကြပြီး တဖြည်းဖြည်း
နဲ့ အရွယ်ရောက်လာကြကာ မိခင်များဆုံးသွားသည့်တိုင်အောင်
တကောင်နှင့်တကောင် တပူးတွဲတွဲ သွားလာနေထိုင်ကြတယ်တဲ့။
တနေ့ ကျတော့… တောလိုက်ထွက်လာတဲ့
ဘုရင့်မုဆိုးကြီးဟာ အမျိုးမတူပဲ အတူနေနေကြတဲ့ ခြင်္သေ့ နှင့် နွား ကိုတွေ့ သွားပြီး အလွန်ဘဲ့
အံ့သြသွားတယ်တဲ့။
မုဆိုး ။ ။ ဟ….နွားနဲ့ ခြင်္သေ့ပါလား….ငါမျက်စိမမှားပါဘူး။
ဒီနောက် မုဆိုးကြီးလည်း မြို
့တော်ပြန်ရောက် သွားပြီး ဘုရင့်ထံ တောကောင်အသားခြောက်များ ရှားပါးဆေးမြစ်များ သွားဆက်သရင်း…။
မုဆိုး ။ ။ “…မှန်လှပါ….တောတွင်းတနေရာမှာ ခြင်္သေ့
တကောင်နှင့် နွားတကောင် ချစ်ချစ်ခင်ခင် နေထိုင်နေကြသည်ကို တွေ့ ခဲ့ရကြောင်းပါ ဘုရား။”
ဘုရင်ကြီး။ ။ “ဟေ….ဖြစ်တောင့်ဖြစ်ခဲ….ဘဲ့။ အိမ်း….သူတို
့ထံမှာ နောက်တိရစ္ဆာန် တကောင်တိုးလာရင် လက်ရှိနှစ်ကောင်ဟာ အန္တရာယ်ဖြစ်လိမ့်မယ်။…။
တကယ်လို့ များနောက်တကောင်တွေ့ ရင်ပြန်တင်စမ်း….။”
မုဆိုး ။ ။ “…မှန်လှပါ….အမိန့် တော်မြတ်အတိုင်းပါဘုရား။”
မုဆိုးကြီးလည်းနောက်အကြိမ်
တောသွားတဲ့အခါ အဲဒီ ခြင်္သေ့ နှင့်နွားကို သွားသွားချောင်းကြည့်တယ်တဲ့။ တနေ့ တော့ ခြင်္သေ့
နှင့် နွား တို့ ဆီမှာ မြေခွေးတကောင် ရောက်နေတာတွေ့ ရတယ်တဲ့။
မုဆိုး ။ ။ …အင်း…..ရွှေနန်းရှင် ထင်တော်မူတဲ့အတိုင်းဘဲ့။
မြေခွေးတကောင်တိုးနေပါလား။
အဲဒီနောက် ဘုရင့်ထံရောက်
အကျိုးအကြောင်း တင်ပြလျှောက်ထားရတော့တာပေါ့။
မုဆိုး ။ ။ “…မှန်လှပါ…. ယခုတခါတော့ မြေခွေးတကောင်တိုးနေကြောင်းပါဘုရား။”
ဘုရင်ကြီး။ ။ “အိမ်း…မိတ်ဆွေနှစ်ဦးရဲ့ အချစ်ကို ထိုမြေခွေးဖျက်လိမ့်မယ်။
အချင်းချင်းသတ်လိမ့်မယ်။ ….ကဲ….လာ….ခြင်္သေ့နဲ့ ဥသဘတို့ အသက်ကို မိလိုမိငြား…သွားကြစို
့…စီးတော်ဆင်ပြင်စေ။”
လို့ ပြောပြီး…တောထဲကိုထွက်လာခဲ့ကြတယ်တဲ့။
တောထဲမှာတော့၊ မြေခွေး ဟာ
ခြင်္သေ့ထံ ခစားလိုက်…နွားလားဥသဘထံခစားလိုက်နှင့် အလုပ့်တွေ ရှုတ်လို့  အရှုတ်တွေ လုပ့်နေရော့တဲ့..။
မြေခွေး။ ။ အင်း….ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှ အသားအားလုံး
ကိုတော့ စားဘူးပြီးပြီ။ မစားဘူးသေးတာဆိုလို့ …ဟဲဟဲ….တောရိုင်းနှင်းဆီ(အဲယောင်လို့ )
ခြင်္သေ့သားနဲ့ ဥသဘ အသားဘဲ့ကျန်တော့တယ်။ …….အကြံအဖန်လုပ့်ဦးမှဘဲ့။….
နောက်နေ့ တွေမှာတော့…… ခြင်္သေ့
ထံသွားပြီး….
မြေခွေး။ ။ “သခင်ကြီး၊ ….သခင်ကြီးကို ဥသဘကြီးကပြောတယ်။
သခင်ကြီးဟာ လှလည်းမလှဘူး…..တဲ့။ အစားလည်းပုတ်တယ်တဲ့……။ အလကားဘဝင်မြင့်နေတဲ့….ပေါတာကြီး…..တဲ့….။
ကျနော်မျိုး သူ့ ကိုမခစါးချင်တော့ပါ ဘူး။… သခင်ကြီးကို ထိပါးပုတ်ခတ်ပြောလို့ …သူ့ ကို
မုန်းတယ်။ ဒါပေမယ့်…မသွားဘဲနေယင်လည်း မကောင်းသေးလို့ သွားလိုက်ပါဦးမယ်။”
ပြောပြီးတော့၊ ခြင်္သေ့ ကြီး
စိတ်ထိခိုက်ပြီး ငိုင်နေတုံး ဥသဘထံ သွားပြီး ဂုံးချောပြန်တယ်တဲ့။
မြေခွေး။ ။ “သခင် ဥသဘ….ခြင်္သေ့ကြီးနဲ့ ရန်ဖြစ်ထားသလား။”
ဥသဘ။ ။ “ဟယ်….တောက်တီး…တောက်တက်…။”
မြေခွေး။ ။ “ဟင်….ဒါဖြင့် ဘာလို့ လဲမသိဘူး……ခြင်္သေ့ကြီးက
သခင့်ကို ပက်ပက်စက်စက်ဆဲဆိုနေပါလား။ တနေ့ တော့သူ့ အစာ ဖြစ်မယ်တဲ့…။ဘာတဲ့ …ညာတဲ့။ ရိုတ်ပေါက်က
၃၆ချက် ကနေ တချက်မှမလွတ်ဘူး။ ကျနော်မျိုးက မိတ်ဆွေချင်းဒီလိုပြောဆို
ဘို့  မကောင်းကြောင်း ပြောမိလို
့….နင်ပါသေချင်သလား…တဲ့။”
ထိုသို့ နေ့ စဉ် ရက်ဆက်
(လဟင်ညာတွေလို) ကုန်းချောသဖြင့် ခြင်္သေ့ကြီးနှင့် နွားလာဥသဘကြီးတို့  တကောင် နှင့်တကောင်
မေတ္တာ တုံးလားပြီး၊ တကောင်နှင့်တကောင် အသေအလဲ ကိုက်ကြဝှေ့ ကြလေတော့သည်။
ဘုရင်နှင့်မုဆိုး တို့ ရောက်လာသောအချိန်မှာတော့….မြေခွေး
ယုတ်ဟာ ခြင်္သေ့သားကိုတကိုက် စားလိုက်၊ နွားလားဥသဘ သားကိုတကိုက်စားလိုက်နဲ့ ကျေနပ့်နေတာ
ကိုတွေ့ မြင်ရလေတော့တယ်တဲ့…။
ဘုရင်ကြီး။ ။ “တွေ့ တယ်မဟုတ်လား၊ မုဆိုးကျော်ကြီး။ ဒီလိုခြင်္သေ့ကြီးနဲ
့ နွားလားဥသဘကြီးတို့  တတွေသေပွဲ ဝင်ကြရတာဟာ……မ…ကိစ္စကြောင့်လဲမဟုတ်။
အစား လုကြလို့ လဲမဟုတ်ဘူး…။
ကြားက ကုန်းချော တဲ့ မြေခွေး စကားကို ယုံမိကြ
လို့ ဖြစ်ကြရတာပဲ့…။ဒီတော့ကုန်းချောစကားကို
လက္ခံယုံကြည်ကြသူတိုင်းဒီလိုဘဲ့ပျက်စီးကြရဦးမှာပါဘဲ့….။အဲ…ကုန်းချောစကားကို လက်မခံ
မယုံကြည် ကြသူများမှာတော့…စည်းစိမ်လဲ မလျှော့ဘူး။…အသက်လဲမဆုံးရူံးဘူး။ ဒါသင်ခန်းစာ
တရပ့်ဘဲ့…မုဆိုးကြီး။”
မုဆိုး။ ။ “မှန်လှပါ..ဘုရား။”
( စတုက္ကနိပါတ်၊ စူဠကုဏာလဝဂ်၊
သန္ဓိဘေဒ ဇတ်ကို မှီးပါသည်။)
အေးအတူ
ပူအမျှ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီး ငြိမ်းချမ်းစွာ မှိတင်းနေထိုင်နေခဲ့ကြသော
အမိမြန်မာ နိုင်ငံတော်ကြီးဟာ အခုလို (လဟင်ညာ) လူလိမ်တွေ လူညာတွေ ပေါ်ပေါက်လာတာနှင့်အမျှ၊
ကိုယ့်အချင်းခြင်း ထကိုက်ကုန်ကြရတဲ့အဖြစ်အပျက်တွေကို သတိမူမိစေရန် ရည်ညွှန်းတင်ပြခြင်းဖြစ်ပါတယ်။
အောင်မိုး(ကနေဒါ)
No comments:
Post a Comment