သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့်
အခြေခံဥပဒေပါ အချက်များ ပြင်ဆင် မပေးပါက လာမည့်ရွေးကောက်ပွဲ အား
ဒေါ်အောင်ဆန်းစုကြည် က သပိတ်မှောက် ဖွယ်ရှိနေသည် ဆိုခြင်းအပေါ်
အနီးကပ်စောင့်ကြည့်နေ မည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား
=====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။၂၀၁၅ တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား မပြင်ပေးပါ က ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား သပိတ်မှောက် ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင် မှတ်ချက် မပေးလိုသော် လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား အနီး ကပ်စောင့်ကြည့် နေ မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး ဒဲရစ် မစ်ချယ်လ် ကပြောသည်။
မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းအပေါ် စိတ်ဝင် စားမှုကြီးမားစွာထားရှိနေပါ တယ်။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားတို့ ဒါလုပ်ရမယ်၊ သူ မနိုင်ကိုနိုင်ရမယ်လို့ပြောလို့မရပါဘူး။ ခင်ဗျားတို့ရဲ့ ဒီမိုကရေ စီဟာ အမေရိကန် ဒီမိုကရေစီ နဲ့ဆင်တူရမယ်လို့လဲ မပြော နိုင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်း လဲမှုဟာ ဒီမိုကရေစီနိုင်ငံ တစ် နိုင်ငံရဲ့ အခြေခံ စံနှုန်းတွေ နဲ့ ကိုက် ညီမှုရှိဖို့တော့လိုပါတယ်''ဟု သံ အမတ်ကြီးက ဆက်လက် ပြော ကြားသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/O7NvBo
Credit : Yangon Media Group
ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe
20-12-2013

![သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့် အခြေခံဥပဒေပါ အချက်များ ပြင်ဆင် မပေးပါက လာမည့်ရွေးကောက်ပွဲ အား ဒေါ်အောင်ဆန်းစုကြည် က သပိတ်မှောက် ဖွယ်ရှိနေသည် ဆိုခြင်းအပေါ် အနီးကပ်စောင့်ကြည့်နေ မည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား
=====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။၂၀၁၅ တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား မပြင်ပေးပါ က ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား သပိတ်မှောက် ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင် မှတ်ချက် မပေးလိုသော် လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား အနီး ကပ်စောင့်ကြည့် နေ မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး ဒဲရစ် မစ်ချယ်လ် ကပြောသည်။
မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းအပေါ် စိတ်ဝင် စားမှုကြီးမားစွာထားရှိနေပါ တယ်။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားတို့ ဒါလုပ်ရမယ်၊ သူ မနိုင်ကိုနိုင်ရမယ်လို့ပြောလို့မရပါဘူး။ ခင်ဗျားတို့ရဲ့ ဒီမိုကရေ စီဟာ အမေရိကန် ဒီမိုကရေစီ နဲ့ဆင်တူရမယ်လို့လဲ မပြော နိုင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်း လဲမှုဟာ ဒီမိုကရေစီနိုင်ငံ တစ် နိုင်ငံရဲ့ အခြေခံ စံနှုန်းတွေ နဲ့ ကိုက် ညီမှုရှိဖို့တော့လိုပါတယ်''ဟု သံ အမတ်ကြီးက ဆက်လက် ပြော ကြားသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/O7NvBo
Credit : @[334119789940281:274:Yangon Media Group]
ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe
20-12-2013](https://scontent-b-lga.xx.fbcdn.net/hphotos-prn2/1533789_262603433895796_1224050972_n.jpg)
No comments:
Post a Comment