လက်ရှိအချိန်တွင်ဒေါ်အောင်
ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် အတားအဆီးတစ်ခုသဖွယ်ဖြစ်နေ သော
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉/စ မှာ ပုဂ်္ဂိုလ်ရေးကို
အခြေမခံသောဥပဒေအကြောင်း အရ ပြောမည်ဆိုပါက လိုအပ် သောအချက်ဖြစ်ပြီး
ပုဂ်္ဂိုလ်ရေး အခြေခံသော ဥပဒေကြောင်း အရ ပြင်ဆင်ရေးစဉ်းစားမည်ဆို ပါက
ယင်းသို့ပြင်ဆင်လိုက်ခြင်း ၏ သက်ရောက်မှုကို ရေရှည်
စဉ်းစားရန်အရေးကြီးကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်း ဇေယျကဆိုသည်။
““နိုင်ငံတွေအများစုမှာ
ဒီလို အချက်မျိုးတွေကို သူတို့ရဲ့ဖွဲ့စည်း ပုံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းလေ့
ရှိတယ်။ အဓိကအားဖြင့် ပုဂ်္ဂိုလ် ရေးအခြေမခံသောဥပဒေကြောင်း
အရပြောမယ်ဆိုရင်တော့ဒီ၅၉/စ လိုအချက်က လိုအပ်တယ်။ ရှိ သင့်တယ်။
နောက်ပြီးတော့ ပုဂ်္ဂိုလ်ရေးကိုအခြေခံပြီးတော့ ဥပဒေကြောင်းကိုပြင်မယ်ဆိုရင်
အဲဒီပုဂ်္ဂိုလ်ကြီးမရှိတော့တဲ့အခါ ကြရင် ဒီဥပဒေရဲ့ သက်ရောက်မှု ကိုတော့
အများကြီးစဉ်းစားဖို့ တော့လိုမယ်။ ဆိုလိုတဲ့သဘော က ဥပဒေနဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မတူဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကMother of
the Laws ဥပဒေများရဲ့မိခင်ပဲ။ ဒီတော့ ဥပဒေများရဲ့မိခင်ဖြစ်တဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေမှာသာ ဒီ ၅၉/စ ကို ပြင်လိုက်မယ်ဆိုရင်
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မှီပြီး တော့ ထပ်မံရေးဆွဲမယ့် လွှတ် တော်ကနေ
ပြဋ္ဌာန်းမယ့် ဥပဒေ တွေမှာပါ သက်ရောက်မှုတွေ အများကြီးရှိသွားနိုင်တယ်။ ပြော
ချင်တာက ပုဂ်္ဂိုလ်ရေးကို ဦးတည် ပြီး ပုဒ်မ ၅၉/စ ကိုပြင်မယ်ဆိုရင်
ဖွဲ့စည်းပုံမှာ မဟုတ်ဘဲနဲ့ လွှတ် တော်ကနေပြီးတော့သီးခြားဥပဒေ လိုမျိုး
ပြဋ္ဌာန်းပြီး ပြင်ဆင်တာက ပိုပြီးလက်တွေ့ကျနိုင်တယ်လို့ ယူဆတယ်”” ဟု
ကိုမင်းဇေယျမှ ပုဒ်မ ၅၉/စ အပေါ် သုံးသပ် ပြောကြားသွားခဲ့သည်။
No comments:
Post a Comment