Thursday, December 19, 2013
* ဒီမိုကရေစီက နုနု လှိုင်းတွေ က ထန်ထန် *
* ဒီမိုကရေစီက နုနု လှိုင်းတွေ က ထန်ထန် * ******************************************** ကျနော်တို့ ရဲ့ ဒုတိယ ခေါင်းဆောင်အုပ်စုလို့ပြောလို့ရတဲ့ ၈၈ အုပ်စုက ကိုကိုကြီး ပြော လိုက်တဲ့ ယုံကြည်မှုတည်ဆောက်ဖို့အရင်အရေးကြီးတယ်ဆိုတဲ့စကား ကို ကျနော်နားမလည် နိုင်ဘူး ဖြစ်နေပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ..ဒေါ်အောင်ဆန်းစုကြည်က နာဂစ်ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို ပြည်သူ လူထု သဘောထားဆန္ဒနဲ့ အရှိန်မြင့်လာတဲ့အချိန်နဲ့ အချိန်ကိုက် ကိုကိုကြီးရဲ့ ယုံကြည်မှု့တည်ဆောက်ရေး အကြောင်းပြောလိုက်တာ က တော့ တော်တော့ကို အလေးထား စဉ်းစားရမဲ့ ထုတ်ဖေါ်ပြောဆိုချက်ဖြစ်လာပါပြီ၊ ကိုကိုကြီးလို ကမ္ဘာသိ ပုဂ္ဂိုလ်တယောက်ကို အခြေအမြစ်မရှိ ကျနော် မစွပ်စွဲ ရက်ပါဘူး၊ ဒါအမှန်ပါပဲ ... ဒေါ်အောင်ဆန်းစုကြည်ဟာကြားဖြတ်ရွှေးကောက်ပွဲဝင်ခဲ့တာဟာအနီးကပ်ယုံကြည်မှု့ တည်ဆောက်ချင်လို့ ကြားဖြတ်ရွေး ကောက်ပွဲ ၀င်ခဲ့တာကို ကိုကိုကြီးမသိမဟုတ် .... သိသိကြီးနဲ့ယုံကြည်မှု့တည်ဆောက်ရေးဟာဖွဲ့စည်းပုံဥပဒေက ပုဒ်မ တွေ ပြင်ရေးထက်ပို ဦးစား ပေးရမယ်လို့ပြောလိုက်တာ ဟာ .. ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်မြှင့် တိုက်စစ်ကို ခါးလည်က ဖြတ်ချိုး လိုက်တာလားလို့တောင် ကျနော်လျှပ်တပြတ် စဉ်းစားမိလိုက်ပါသေးတယ်၊ အခုအချိန်အခါဟာ နိုင်ငံရေးအခင်းအကျင်းအရ အရေးကြီးဆုံးအချိန် ဖြစ်နေတယ်ဆိုတာကို ကိုကိုကြီးကျနော့်ထက် ပိုသိ ပိုနားလည်ပါတယ်.. ၈၈ အုပ်စု ဟာ ကျနော်တို့အားကိုးထားတဲ့ ခေါင်းဆောင်အုပ်စု ပါ။ တခုသတိထားမိတာကတော့ စစ်တပ်ဖက်က မကွဲ ပဲ စည်းရုံးသလောက် ကျနော်တို့ ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ ဒီမိုကရက်တစ်အုပ်စုတွေ နဲ့ ပါတီတွေကို ကြည့်လိုက်ရင်တော့ အကွဲ ကွဲအပြဲပြဲ..တယောက်တပေါက် ..တယောက်တမျိုး မရိုးရပါ ဆိုတာလိုဖြစ်နေခဲ့တာ မြန်မာနိုင်ငံရေးတလျှောက်လုံး လို့ တောင် ပြောရမလိုပါ။ တချို့သော ပါတီတွေဟာ ဦးသိန်းစိန်စစ်တပိုင်းအစိုးရအမာခံအုပ်စုတွေရဲ့ကြိုးကိုင်ချယ်လှယ်ပြီးလုပ်ချင်သလို လုပ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ရှို့မီးတွေထဲမှာ... ဘာသာရေး မီးထဲ ပါသွားလိုက်...တခါ လူမျိုးရေး မီးထဲပါသွားလိုက်... ရည်မှန်းချက်ယုံကြည်ရာ ခိုင်ခိုင်မာမာ မရှိပဲ ကြုံသလို မျော နေပြီး လူပြိန်းကြိုက်နိုင်ငံရေးစကားလုံးတွေနဲ့ လုပ်နေ သွားနေတဲ့ ပါတီ အများစု ဟာ ဗမာပါတီတွေချည်းပဲဖြစ်နေတာလဲ အံ့သြစရာ ပါ၊ အတိတ်ကနိုင်ငံရေးဖြစ်ပျက်မှု့တွေကိုလည်း သင်္ခန်းစာ မယူ ၊ အနာဂတ်လဲမရေရာ ၊ ပစ္စုပ္ပာန်မှာလဲရေရှည်မတွေးတော့ကျွန်ဖြစ်ခဲ့တဲ့နိုင်ငံမို့ ကျွန်စိတ်မကုန်သေးဘူးလို့ပြောရမယ် ထင်ပါတယ်၊ ပျဉ်းမနားတောရမြိုင် ဆရာတော်ဦးဇောတိက မိန့်ခဲ့ဘူးတဲ့ ( IF YOU KNOW.NOT TO DO .NOT YET TO KNOW )ဆိုတဲ့ စကားလေးလို သိပြီးတော့မလုပ်ရင် မသိသေးဘူး ဆိုတဲ့စကားကို ပြန်သတိရမိပါတယ်။ တိုင်းပြည်မျက်နှာမကြည့်ပဲ ပါတီ အကျိုးချည်းပဲ ကြည့်ပြီးလုပ်ခဲ့တာတွေကြောင့် အတိတ်မှာလဲ ပြည်တွင်းစစ် မီးလောင်ခဲ့ရပါတယ်၊ ခုလဲ ပြည်တွင်းစစ်ကို တကျော့ပြန်သွားကြမယ်ထင်ပါရဲ့ ! လက်ရှိလဲ တချို့တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်မီးဟာ မညိမ်းနိုင် မသိမ်းနိုင်ဖြစ်နေ ဆဲပါဆိုတာကို သတိရကြပါလို့ပြောချင်ပါတယ်။ ဒီမိုကရက်တစ်ပါတီ တခုဟာ မိမိပါတီက နိုင်ခြေမရှိရင်လဲ ရှိတဲ့ ပါတီကြီးကို ဒီမိုကရေစီ တိုင်းပြည်မြန်မြန်ဖြစ်အောင်ဝိုင်းဝန်းအားဖြည့်ပေးရမှာ၊ တွန်းပေးရမှာက လက်ရှိ မြန်မာနိုင်ငံရဲ့ လက်ငင်းလိုအပ်ချက်မှန်နေပေမဲ့ .... တကယ်လက်တွေ့မှာတော့ ... ကိုယ့်ပါတီက လည်း ရွေးကောက်ပွဲမှာနိုင်ခြေမရှိနိုင်၊ နိုင်မဲ့ အင်အားကြီးတဲ့ ဒီမိုကရေစီ ပါတီ ကြီးကိုလဲ တိုင်းပြည်မျက်နှာကြည့်ပြီး မပံ့ပိုးတဲ့အပြင် ကဖျက်ယဖျက်လုပ်တတ်တာကတော့ ကျနော်တို့ ဗမာအများစုပါတီတွေပဲ ဖြစ်ပါတယ်လို့ပြောချင်ပါတယ်၊ တိတိကျကျထပ်ပြောရရင် တိုင်းရင်းသားပါတီတွေက ဦးဆောင်အတိုက်အခံပါတီကြီးနဲ့အတူ သစ္စာရှိကြတယ်၊တကဲ့လွတ်လပ်တဲ့ဒီမိုကရေစီကိုလိုချင်မှန်းသိသာလှပါတယ်။ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် ဆိုရင် ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက် လိုက်တာပါပဲ၊ အဲဒီညီညွတ်မှု့ဟာဒီမိုကရေစီနဲ့ထိုက်တန်တဲ့ညီညွတ်မှု့လို့ကျနော်အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံရဲ့ ရိုင်းစိုင်းတဲ့စစ်အာဏာရှင်စံနစ် ရဲ့ ခါးခါးသီးသီးနာကျည်းမှု့ကို တိုင်းရင်းသားအများစုကမမေ့နိုင်အောင်လက်တွေ့ခံစားခဲ့ရလို့ပါပဲ။ မိမိယုံကြည်ရာကိုပူးပေါင်းတယ်၊လက်တွဲတယ်၊ဒါကိုပဲ တချို့က သူရဲကောင်းကိုးကွယ်တယ်၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်တယ် အစရှိသဖြင့်လျှာအရိုးမရှိတိုင်း လက်လွတ်စပယ်ပြောတတ်တာလဲ ကျနော်တို့ ဗမာအများစုပါတီတွေပါပဲ။ အရင့်အရင် ကျနော့်ဆောင်းပါးတခုမှာ ကျနော်မေးခဲ့ဘူးပါတယ်၊ ကျနော်တို့ဟာ ပုဂ္ဂိုလ်ရေး အားကိုးလွန်းတယ်၊ သူရဲကောင်းကိုးကွယ်တယ်လို့ ဆိုရင်.. ကျနော်တို့ ဘယ်သူ့ကို ခေါင်းဆောင်တင်ရမလဲ ..? ဘယ်သူ့ကို အားကိုးရမလဲ ? ဘယ်သူ သူရဲကောင်းလဲ? ခင်ဗျားမှာရော ခေါင်းဆောင်အရည်အချင်းရှိသလား ? အနိမ့်ဆုံးခေါင်းဆောင်တဦးရဲ့ ပြည်သူအပေါ်မှာ ထားတဲ့ ရိုးသားမှု့ ရှိသလား? ခေါင်းဆောင်တဦးရဲ့ ကိုယ်ကျင့်တရားကောင်း ရော ရှိသလား? ကျနော်အဲလိုပြန်လှန်မေးခွန်းထုတ်ခဲ့စဉ်က ဘယ်သူမှ မဖြေခဲ့ကြပါ ။ သို့တိုင်အောင် ဒီမိုကရေစီစံနစ်အရ အများစုသဘောထားနဲ့စဉ်းစားဆုံးဖြတ်ရမဲ့အချိန်မှာ ဗမာလူမျိုးအများစုပါတီတွေကတော့ ရှိတဲ့ ပါတီကနေ ခွဲထွက်ပြီး ပါတီအသစ်တောင်ထောင် လိုက်ကြပါသေးတယ်၊ ဒီမိုကရေစီစံနစ်ဟာလွတ်လပ်စွာခွဲထွက်ပြီးပါတီထောင်ခွင့်ရှိပါတယ်၊ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်လဲရှိပါတယ်၊လွတ်လပ်စွာပြောဆိုခွင့်လဲရှိပါတယ်၊ ဒါ မှန်ပါတယ်၊ ဒါပေမဲ့... တဖက် ရန်သူရဲ့ မဟာဗျူဟာမြောက်ထိုးစစ်ကို ကြံ့ကြံ့ခံပြီးမတွန်းလှန်ချင်တဲ့စိတ် ယုံကြည်ရာရည်မှန်းချက်ေ၀၀ါးတဲ့ စိတ်ဓါတ်အခံ ရှိသူတို့ကတော့ရေရှည်အမြင်ကိုမကြည့်ပဲ ရေတိုအမြင်နဲ့ ခွဲထွက် ၊ရှောင်ပြေး၊ တဖက်နဲ့တိတ်တဆိတ်ပူးပေါင်းမှု့လုပ်တာကတော့ တပ်လန်သွားတာ..သို့မဟုတ်.ဖရိုဖရဲဖြစ်သွားတာလို့ဆိုရမှာဖြစ်ပေမဲ့.. တဖန်ဦးစီးဦးဆောင်သူတို့ရဲ့ရဲစွမ်းသတ္တိနဲ့ကြံ့ကြံ့ခံတဲ့စိတ်ဓါတ်ကြောင့် စုစည်းညီညွတ်ပြီး ပြန်လည် ရှင်သန်ထမြောက်နိုင်ပါတယ်၊ တနည်းဆိုရသော် ..ဖီးနစ်ထ် (Phoenix ) ဌက် လို အစွမ်းပါဝါ မျိုးပါ ။ လက်ရှိ အာဏာကို ဖက်တွယ်ထားတဲ့စစ်အာဏာရှင်ဟာ စစ်တပ်ကို ဒိုင်း အဖြစ် အသုံးချပြီး အကာအကွယ် ယူထားတာကို လဲ မျက်ဝါးထင်ထင်ရှင်းရှင်းလင်းလင်းမြင်တွေ့နေပြီဖြစ်ပါတယ်။ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ဟာ တူသလိုလို ရှိတယ်ထင်ရပေမဲ့ တကယ်တော့ လုံးဝ လုံးဝ မတူပါဘူး၊ ( ရည်မှန်းချက် ) ဟာ အင်္ဂလိပ်လို ( Ambition ) ဖြစ်ပြီး ( ရည်ရွယ်ချက် )ကတော့ အင်္ဂလိပ်လို ( Intention , Purpose )လို့ နားလည်ရပါတယ်၊ ဗမာလိုတော့ ( ရည်မှန်းချက် )ဟာ ( သံဓိဌာန် ) ဖြစ်ပြီး ၊ ၊ ၊ ၊ ၊ ( ရည်ရွယ်ချက် )ကတော့ ( ဆန္ဒ ) ပါ ၊ ဆန္ဒ ဆိုတာ ဟာ ဖြစ်ချင်မှု့ တခုဖြစ်တာမို့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲသွားနိုင်ပေမဲ့ ရည်မှန်းချက်ကတော့ ခိုင်မာတဲ့ သံဓိဌာန် ဆုံးဖြတ်ချက် ဖြစ်တာမို့ .. ပြင်းပြတဲ့ ဇွဲ ..လုံ့လ ၀ိရိယ တို့ နဲ့ ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ စိတ်ဓါတ်မို့ ငွေကြောင့်မလွင့်၊ လေ ကြောင့်မလွင့်၊ ဘယ်လို အကြောင်းကြောင့်နဲ့ မှ မပျက်စီးတတ်ပါဘူး၊ အသက်အသေခံ ပြီးမိမိယုံကြည်ရာ ရည်မှန်းချက်အတွက် ပေးဆပ်သွားသူတွေပေးဆပ်နေသူတွေဟာ ပြင်းပြတဲ့ ရည်မှန်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရဲ့ ဒုတိယခေါင်းဆောင်အုပ်စုလို့ပြောရမဲ့ ( ၈၈ ) မျိုးဆက်က ကိုကိုကြီးရဲ့ပြော စကား ဟာ ဒီမိုကရေစီ လိုလားသူ အုပ်စုတွေနဲ့ နိုင်ငံရေးလေ့လာလိုက်စားသူတို့ကြားမှာ ဟာ ကနဲ ..ဟင် ကနဲ ဖြစ်ရပြီး သို့လော..သို့လော တွေဖြစ်ကုန်ပါတယ်၊ အဲဒီအတွက် ကျနော် တကယ် စိတ်မကောင်းပါဘူး၊ ကျနော်ပဲ ဥာဏ်မမှီတာနဲ့ နိုင်ငံရေးအသိပညာ ဗဟုသုတ အားနည်းချက်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ...ကိုကိုကြီးရဲ့ ယုံကြည်မှု့တည်ဆောက်ရေးက အရင် ဦးစားပေးရမယ် ဆိုတဲ့စကားက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ( People's Power ) နဲ့ အတူ ပြည်သူသဘောမတူ ငြူစူ ခဲ့တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် လူထုသဘောတူညီမှု့အင်အားနဲ့အရှိန်မြှင့်နေတဲ့ အရှိန်အဟုန်ကို အဟန့်အတား ဖြစ်စေတယ်လို့ ယုံကြည်မိတဲ့အတွက် ကျနော် ကိုကိုကြီးရဲ့သဘောထားကို လက်မခံနိုင်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလွန်ခဲ့တဲ့အနှစ် ( ၂၀ )ကျော် အကျဉ်းမကျခင် ကာလ ကတဲက ယုံကြည်မှု့တည်ဆောက်ချင်လို့တွေ့ဆုံဆွေးနွေးရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့တာ ကို လဲ ကိုကိုကြီးအသိဆုံးပါ၊( ၈၈ ) အုပ်စု ခေါင်းဆောင်အကုန်လုံး ၀ိုင်းဝန်းပြီး ၀န်းရံလာခဲ့တာ ပါ ။ ခုတော့ ကိုကိုကြီး တကယ် ပြောလိုက်ပါပြီ .. ကျနော် လုံးဝ မထင်ထားတဲ့ ကျနော်တို့ ၈၈ မျိုးဆက်ခေါင်းဆောင်ထဲကကိုကိုကြီး ပြောစကားဟာ ကျနော်တို့အတွက် တုန်လှုပ်စရာ ဖြစ်လာပါတယ်၊ ကိုကိုကြီး ဘာဖြစ်လို့ ဒီအချိန်ကျ မှ ပြောလာသလဲ...? ကိုကိုကြီးတဦးတည်း သဘောထားလား? ..၈၈ အုပ်စု အားလုံးသဘောထားလား..? လား? ..လား? လားးး? လားပေါင်းများစွာနဲ့ ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်လာပြီမို့ ကျနော်တို့ ကိုကိုကြီးကို အခုလိုမေးလိုက်ရတာဖြစ်ပါတယ်လို့ပြောလိုက်ပါရစေ၊ ယခုဆောင်းပါးပါ အချက်အလက်များကိုကိုးကားသုံးစွဲပါက credit ပေးပါရန်လေးစားစွာဖြင့် တောင်းဆိုပါရစေ။ ဖီလော်ဆိုဖာမောင်မြသာ (သို့ ) ကျနော်မောင်လူဝေးပါ ၁၈.၁၂.၂၀၁၃ (
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment