Saturday, December 21, 2013

“ဖိအားပေး - စေ့စပ်” ဗျူဟာ

“၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ ဂန္ဓီခန်းမထုတ်ပြန်ချက်၊ ရွှေဂုံတိုင်ကြေညာစာတမ်း၊
ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ စတဲ့ အာဏာရှင်စနစ်ကို အန်တုခဲ့တဲ့
လူထု နိုင်ငံရေးတိုက်ပွဲလမ်းကြောင်းတွေက သွေခွာပစ်ချ ရှောင်ထွက်ပြီး
၂၀၀၈ ဖွဲ့ စည်းပုံအောက် ခေါင်းတိုးလှိုဝင် ဒူးထောက်ခဲ့ပြီး ၂၀၁၀ ကြားဖြတ်နေရာ
လက်ကျန်လေးကို အပြေးအလွှား အူလျားဖားလျား ယူခဲ့ရတဲ့ ဒီချုပ်ပါတီအနေနဲ့ 
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့ စည်းပုံမပြင်ပေးခဲ့ရင် သပိတ်မှောက်
ကျောခိုင်းပစ်ရမယ်ဆိုတဲ့ “အတိုက်အခံ ပီသသောအလုပ်” ကို လုပ်လိမ့်မယ်လို့ 
ယုံကြည်စရာ မရှိပါ။ လေးပွင့်ဆိုင်တွေ့ ဆုံပွဲကို စစ်အုပ်စုဘက်က
အင်းမလုပ် အဲမလုပ် တဲ့အပြင် အရင်စစ်အစိုးရတွေရဲ့ လေသံအတိုင်း ဒီချုပ်ပါတီကို
မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများစွာထဲက ပါတီတစ်ခုလိုဘဲ သဘောထားတယ်
ဆိုတဲ့ ရှုမြင်ပုံ ထွက်လာပြီးနောက်ပိုင်း ဒီချုပ်ပါတီ ဥက္ကဌကို ဖွဲ့ စည်းပုံပြင်ရေး
ဘယ်တက် ဘယ်ရွက်နဲ့  ဆက်လှော်မှာလဲ မေးတဲ့အခါ ပြည်သူတွေ ထိခိုက်တဲ့
နည်းလမ်းကို သုံးမှာမဟုတ်ဘဲ လွှတ်တော်တွင်း နည်းလမ်းကသာ ဆက်လက်ပြီး
ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောဆိုတာကို နေ့ စဉ်ထုတ်သတင်းစာတစ်စောင်မှာ
ဖတ်လိုက်ရပါတယ်။ ဒေါ်စုအနေနဲ့  ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနား
ထိပ်တိုက်ရင်ဆိုင်ရေး တိုက်ပွဲကို အနီးကပ်မှ ဒေါက်ဖြုတ်ချခဲ့ဖူးတာကို ကြုံဖူးကြတဲ့
ပြည်သူတွေအနေနဲ့  သူ့ ရဲ့  “ဖိအားပေး - စေ့စပ်” ဗျူဟာအပေါ် သံသယထားကာ
သင်္ကာမကင်းဖြစ်လာတဲ့အလျောက် အခုလို “ဖွဲ့ စည်းပုံမပြင် - မ၀င်” ဆိုတဲ့ အသံကို
ကြားက ငထွားများရဲ့  ဘေတီးသံလို့ ဘဲ တွက်ဆမိတယ်။”
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဒီချုပ်ပါတီ သပိတ်မှောက်မယ် ဆိုတဲ့ ခေါင်းစည်းစကားလုံး ရေးတင်ပြီး ထွက်ရှိလာတဲ့ ဂျာနယ် သတင်းစာတွေကို ဒီ တစ်ရက်နှစ်ရက်အတွင်း ဖတ်နေရတော့ ဖော်ပြသူတွေ ဆိုလိုရင်းက “၂၀၀၈ ဖွဲ့ စည်းပုံ မပြင်ခဲ့ရင်” ဆိုတဲ့အပေါ်က သုံးသပ်နေတာလို့  ထင်တယ်။ တစ်ဘက်ကလည်း ဒေါ်စုအနေနဲ့  ဒီသဘော ပြောဆိုရည်ညွှန်းခဲ့တာမဟုတ်ပါဘူး ပြန်လည်ဖြေရှင်းလာတာ တစ်ဆက်တည်း ဖတ်ရပြီး ဒါဟာ အွန်လိုင်းမီဒီယာတစ်ခုက စတင် မြစ်ဖျားခံလာတဲ့ သတင်းဆောင်းပါးကို လိုရာဆွဲတွေးပြီး တခုတ်တရ ဖော်ပြကြ၊ ခေါင်းစည်း ထိုးတင်ကြတာသာဖြစ်ပါတယ်။ ဘာနဲ့  အလားသဏ္ဍာန် တူသလဲဆိုတော့ ကြပ်ပြေးနယ်တ၀ိုက်မှာ တလောက ဒီချုပ် လုပ်ခဲ့တဲ့ ၂၀၀၈ ပြင်/သစ် လူထုတွေ့ ဆုံပွဲ အခမ်းအနားကို နေပြည်တော်မှာ အခြေချနေထိုင်တဲ့ ဗိုလ်သန်းရွှေတစ်ယောက် သဘောမတူ မကြည်ဖြူတာကို လက်ရှိ ကာချုပ် မင်းအောင်လှိုင်က သန်းရွှေဆန္ဒနဲ့  သွေဖည်ပြီး ဒီချုပ်တို့ ရဲ့ ပွဲကို “လုပ်စေ” အမိန့်  ထုတ်ခဲ့တယ်ဆိုတဲ့ အွန်လိုင်းစာမျက်နှာ တစ်ခုက နေပြည်တော်အတွင်းသတင်းဆိုပြီး သုံးသပ်ဖြန့် ချိတဲ့စာတစ်ပုဒ်အပေါ် ၀ိုင်းဝန်း ကိုးကားဖော်ပြကာ ပြည်တွင်း ပရင့်တက်မီဒီယာတွေကိုယ်တိုင် ပျော်ပျော်ပါးပါး တက်ရောက်စီးနင်းခဲ့ကြတာတွေနဲ့  နီးစွဲရိုးမစပ် ရှိပုံရတယ်။ ဂျာနယ် သတင်းစာတွေကိုယ်တိုင်က နိုင်ငံရေးအမြင် ရပ်တည်မှု ဆုပ်ဆုပ်ကိုင်ကိုင် ကျေကျေလည်လည် တည်ဆောက်ထားတာ မတွေ့ ရတော့ဘဲ ပေါ်ပင်သတင်းတွေကို ဗုံးပေါလအော ပြီးပြီးရောဆိုပြီး အလွယ်တကူ ဆင့်ပွားကူးယူရုံတင်မကဘဲ ဒီသတင်းအပေါ်မှာ အခြေတည်ပြီး နိုင်ငံရေးသမား၊ ဝေဖန်သုံးသပ်သူတို့ ကိုယ်နှိုက်က စိတ်ဝင်တစား ပြောဆိုဆွေးနွေးချက်တွေကိုပါ စာဖတ်ပရိသတ် မျက်စိအောက်ကို အရောက်ပို့ ဆက်သကြလာတာကို မျက်စိစပါးမွှေးစူးလောက်အောင် တွေ့ ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ ဂန္ဓီခန်းမထုတ်ပြန်ချက်၊ ရွှေဂုံတိုင်ကြေညာစာတမ်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ စတဲ့ အာဏာရှင်စနစ်ကို အန်တုခဲ့တဲ့ လူထု နိုင်ငံရေးတိုက်ပွဲလမ်းကြောင်းတွေက သွေခွာပစ်ချ ရှောင်ထွက်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအောက် ခေါင်းတိုးလှိုဝင် ဒူးထောက်ခဲ့ပြီး ၂၀၁၀ ကြားဖြတ်နေရာ လက်ကျန်လေးကို အပြေးအလွှား အူလျားဖားလျား ယူခဲ့ရတဲ့ ဒီချုပ်ပါတီအနေနဲ့  လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့ စည်းပုံမပြင်ပေးခဲ့ရင် သပိတ်မှောက် ကျောခိုင်းပစ်ရမယ်ဆိုတဲ့ “အတိုက်အခံ ပီသသောအလုပ်” ကို လုပ်လိမ့်မယ်လို့  ယုံကြည်စရာ မရှိပါ။ လေးပွင့်ဆိုင်တွေ့ ဆုံပွဲကို စစ်အုပ်စုဘက်က အင်းမလုပ် အဲမလုပ် တဲ့အပြင် အရင်စစ်အစိုးရတွေရဲ့ လေသံအတိုင်း ဒီချုပ်ပါတီကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများစွာထဲက ပါတီတစ်ခုလိုဘဲ သဘောထားတယ် ဆိုတဲ့ ရှုမြင်ပုံ ထွက်လာပြီးနောက်ပိုင်း ဒီချုပ်ပါတီ ဥက္ကဌကို ဖွဲ့ စည်းပုံပြင်ရေး ဘယ်တက် ဘယ်ရွက်နဲ့  ဆက်လှော်မှာလဲ မေးတဲ့အခါ ပြည်သူတွေ ထိခိုက်တဲ့ နည်းလမ်းကို သုံးမှာမဟုတ်ဘဲ လွှတ်တော်တွင်း နည်းလမ်းကသာ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောဆိုတာကို နေ့ စဉ်ထုတ်သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဒေါ်စုအနေနဲ့  ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနား ထိပ်တိုက်ရင်ဆိုင်ရေး တိုက်ပွဲကို အနီးကပ်မှ ဒေါက်ဖြုတ်ချခဲ့ဖူးတာကို ကြုံဖူးကြတဲ့ ပြည်သူတွေအနေနဲ့  သူ့ ရဲ့  “ဖိအားပေး - စေ့စပ်” ဗျူဟာအပေါ် သံသယထားကာ သင်္ကာမကင်းဖြစ်လာတဲ့အလျောက် အခုလို “ဖွဲ့ စည်းပုံမပြင် - မ၀င်” ဆိုတဲ့ အသံကို ကြားက ငထွားများရဲ့  ဘေတီးသံလို့ ဘဲ တွက်ဆမိတယ်။ “သည်” နဲ့  “၏” မျှသာ လူကြားကောင်းအောင် ပြင်ဆင်ခြင်းနဲ့  စစ်တပ် ဂုတ်သွေးစုပ်ထားတဲ့၊ တပ်က နိုင်ငံရေးဓားပြတိုက်ထားတဲ့အချက်အလက်တွေကို ပြင်ဆင်ခြင်း ဆိုတဲ့အပိုင်းကို ချက်ကျလက်ကျ မပြောဘဲ ဇဝေဇ၀ါ ဖြစ်အောင် လုံးထွေးထားတဲ့အပိုင်းတွေလည်း စဉ်းစားစရာကျန်သေးတယ်။ ဒီ့ထက်ဆိုးတာက ၈၈ ငြိမ်း/ပွင့်အဖွဲ့ က ကိုကိုကြီး ဆိုသူက ဒေါ်စုရဲ့  ခြေဥမပြင် မ၀င် ဆိုတာကို သံယောက်လိုက် တက်နင်းပြီး ဖွဲ့ စည်းပုံပြင်တာထက် ယုံကြည်မှုတည်ဆောက်ရေးက ပိုအရေးကြီးတယ်လို့  ပြောဆိုမှုက မပြုံးဘဲနဲ့  ၀ါးလုံးကွဲ ရယ်ဖို့ ကောင်းလွန်းတဲ့ လေသံကြား ဖမ်းတရားနာလို့ ဆိုရမယ်။ “ယုံကြည်မှုတည်ဆောက်ရေး” ဆိုတာ စစ်အုပ်စုနဲ့  ပြည်သူ့ ဘက်သားများဟာ ကြမ်းတပြေးတည်း ထိုင်ပြီး သူတစ်ကျပ် ကိုယ်တစ်ကျပ်မူနဲ့  အညီအမျှ ဆက်ဆံညှိုနှိုင်းဆွေးနွေးမှုမျိုး အခြေအနေက ထွက်ပေါ်လာတဲ့ ဟိုဘက်ဒီဘက် အမြင်တွေကို ပြည်သူလူထုသိအောင် ထိန်ချန်လှို့ ဝှက်မထားဘဲ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေကသာ ထွက်ပေါ်လာမယ်လို့  ယူဆတယ်။ ဒီလိုမဟုတ်ဘဲ ယုံကြည်မှု တည်ဆောက်နေပါတယ် စကားလုံးလှလှ သုံးနှုန်းပြီး စစ်အာဏာရှင်စရိုက်၊ စစ်တပ်ရဲ့  နိုင်ငံရေးအတွေးအမြင်၊ စစ်ဗိုလ်ချုပ်များရဲ့  သဘောဆန္ဒများကို ပြည်သူလူထုက တဖြည်းဖြည်း လက်ခံလာနိုင်အောင်၊ တစ်နည်းဆိုရသော် ဗမာပြည်မှာ စစ်ကြီးစိုးရေးဝါဒ အဓွန့် ရှည် ခိုင်မြဲလာအောင်၊ စစ်အုပ်စုနဲ့  သူ့ အ၀န်းအ၀ိုင်း စိတ်ကြိုက်ဖြစ်လာအောင် သူ့ လူ ကိုယ့်ဘက်သား နိုင်ငံရေးသမားများ နေပြည်တော်လွှတ်တော်အဆောက်အဦထဲမှာ ပမာဏများများ နေရာယူလာတဲ့တစ်နေ့ ကို ပန်းတိုင်ပစ်မှတ်ထားပြီး အရိုးကြေကြေ အရေခမ်းခမ်း လုံ့ လထုတ်လာတဲ့ ယုံကြည်မှုမှုမျိုးကိုသာ စစ်အုပ်စုဘက်က ဗျူဟာချ ကြိုးစားနေ ပါတယ်။ စစ်တပ်လို တွေးနိုင်တဲ့၊ စစ်တပ်လို မြင်နိုင်တဲ့၊ စစ်တပ်လို ပြုကျင့်နိုင်တဲ့ လွှတ်တော်အမတ်များ၊ အတိုက်အခံ နိုင်ငံရေးသမားများ အုံနဲ့ ကျင်းနဲ့  လှိုင်းထလာတဲ့တစ်နေ့ မှာ အခု ပြောပြောနေကြတဲ့ စစ်တစ်မတ်သား ထွက်သွားဖို့  ပြင်ဆင်ထားတယ်လို့  ယူဆပုံရပါတယ်။ စစ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ သန်းရွှေ၊ ခင်ညွန့် ၊ ရွှေမန်း၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့ အနေနဲ့ အရပ်သားနိုင်ငံရေး လောကက ပုဂ္ဂိုလ်တွေကို ဖြစ်လာစေချင်တဲ့သဘောက ဒါပါဘဲ။ စစ်အုပ်စု ခံယူတဲ့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ဆိုတာ အဲဒါပါဘဲ။ ငြိမ်း/ပွင့် အဖွဲ့ က ကိုကိုကြီး ပြောချင်တဲ့ကိစ္စက ဒါပါဘဲ။ ဒီအခြေအနေ တကယ်ရောက်ပြီဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ရေးက ပီဘိကို အလုပ်ဖြစ်ပါပြီ၊ စိတ်လည်း ချရပါပြီ ဆိုတဲ့ သဘောထားမျိုးကို ဆိုလိုပါတယ်။ ဒါအဆင်ဒီဇိုင်းမျိုးကိုဘဲ ကိုကိုကြီးထက်အရင် ဒေါ်စုက လက်ဦးမှုယူပြီး ပြောဆိုခဲ့ဖူးတာကို သတိမမူခဲ့ကြလို့  ကိုကိုကြီးကို ငယ်ကျိုးငယ်နာတွေ ထုတ်ဖော်ပြီး ဒီစကားအပေါ် ၀ိုင်ဝန်းထိုးနှက်နေကြတာဘဲ ဖြစ်တယ်။ တကယ်တော့ ဒေါ်စု ပြောခဲ့ဖူးတဲ့စကားကိုဘဲ ပြန် နင်းတာဖြစ်တယ်။ ဒေါ်စုရော ငြိမ်း/ပွင့် ကိုကိုကြီးပါ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ပြည်သူ့ ဒီမိုကရေစီရရှိရေးအတွက် အကြောင်းရင်းမှန် ဇစ်မြစ် အနှစ်အသားဖြစ်တဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့ စည်းပုံ ဖျက်သိမ်းပြီး အသစ်ရေးဆွဲရေးဆိုတဲ့ နိုင်ငံရေးအလံကို ဆွဲကိုင်လွှင့်ထူကြသူတွေ မဟုတ်ကြတဲ့အတွက် စစ်အုပ်စု ပုံသွန်းထုလုပ်ထားတဲ့ စည်းဝိုင်းအတွင်းကသာ ပြောနိုင်ဆိုနိုင်ကြတဲ့အဆင့်သာ ရှိကြပါတော့တယ်။ ပြည်သူတွေကို အလုပ်အကျွေးမပြုတဲ့ စစ်ဝါဒစနစ်ဆိုးကို အမြစ်ဖြုတ်ဖို့ ဆိုတာ “လက်ခုပ်ထဲက အက်ဆစ်ရည်” တွေပါ ဆိုတာထက် “မင်းတို့  အပြင်ဘက်မှာသာ ငါတို့ ရှိတယ်” ဆိုတဲ့ အယူအဆကို အနိမ့်ဆုံးအဆင့် သန္ဓေတည်နိုင်မှဖြစ်မယ်။

No comments: