Thursday, December 19, 2013
မန်းလေးမှာ သာသနာကို ညစ်နွမ်း စေသူ ဖမ်းဆီးမိ
ဒီဇင် ဘာ ၁၉ ယ နေ့ မနက် ၉နာရီခွဲခန့် က မန်း မြန်မာဈေးချိုပလာဇာအနီးတွင် သင်္ကန်းဝတ်ဆွမ်းခံလာသူတစ်ဦး အား မသင်္ကာ၍ ချမ်းအေးသာဇံ မြို့ နယ်သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မှခေါ်ယူစစ် ဆေးခဲ့ရာ အတုယောင်ဆောင် ဖြစ်နေသဖြင့် သာသနာကိုညှိုးနွမ်း စေမှုဖြင့် အ ရေးယူနိုင် ရန်အတွက် သက်ဆိုင် ရာ ရဲစခန်းသို့  အပ်နှံ လိုက်သည်ဟု လူထုပုံရိပ်မှ သတင်း ရရှိသည်။ သံဃာအတုယောင်ဆောင် သူမှာ မတ္တရာမြို့ နယ် ကဘိုင်ကျေးရွာနေ ဦးစိုးလွင်(ဘ)ဦးထွန်း ၄၇ နှစ်ဖြစ်ပြီး ဆွမ်းခံစဉ် သင်္ကန်းအောက်၌ မိန်းမ ထမီ နှင့် အင်္ကျီ ကိုဝတ်ဆင် ထားပီး ၎င်းနှင့်အတူ မိန်းမဝတ်အတွင်းခံ ဘော်ဒီတထည် ထမီတထည် ငွေ စက္ကူရောရာ ၈၈၀၀ကျပ်ပါ တွေ့ ရှိ ရသည်။ ယခုကဲ့သို့ သာသနာတော်ကို ညှိုး နွမ်းအောင် ပြုမူလုပ်ဆောင်ခြင်းများ အား မိမိတို့ အဖွဲ့ မှ စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးဖေါ်ထုတ်သွား မည်ဟု ချမ်း/အေး သာသနာတော် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့  ဥက္ကဌ ဆရာတော်မှ လူထုပုံရိပ်သို့  မိန့် ကြားသည်။ အောင်ကျော်မိုး လူထုပုံရိပ် ဂျာနယ် ရက် ဝေးနေလို့ တင်ပေး လိုက်ပါတယ် .....
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment