– မောင်ရေစက်
“နိုင်ငံရေးတွေပြောချင်ရာ ပြောနေတာလည်း အကုန်လုံး အမှားချည်းပဲ အမှန်တစ်ခုမှ မရှိဘူး . . .
အာဏာလွှဲတဲ့အချိန်မှာ မိန်ရာသီမှာ ဂြိုဟ်တွေ အများကြီးပဲ . . .”
မြန်မာပြည်
ပထမ လွတ်လပ်ရေးရတဲ့ အချိန်မှာ ကြာသပတေးနံပူးတယ် ရေနံ၊ သဘာဝ ဓာတ်ငွေ့
အဲဒါတွေနဲ့ ချမ်းသာတယ် ပြဿနာ ဘာပဲတက်တက် တိုင်းပြည်ကတော့ ဒုက္ခဖြစ်စရာ
ဘာမှမရှိဘူး ကြာသပတေးကတော့ ဘာသာရေး ထွန်းကားတာတို့ ဆိုင်တယ်
တို့တိုင်းပြည်မှာ ဗုဒ္ဓဘာ သာသာသနာပိုပြီး ထွန်းကားအောင် လုပ်ဖို့လိုတယ်
ထွန်းကားလာရင် တိုင်းပြည် မှာ စောင့်ရှောက်နေတဲ့ နတ်ကောင်းနတ်မြတ်တွေ . . .
သာသနာတော်တွေ ကို စောင့်ရှောက်ေ နတာ အဲဒီပုဂ္ဂိုလ်တွေက ပိုပြီးတော့
အကူအညီပေးလာမှာပေါ့ …
မြန်မာနိုင်ငံတွင် လမ်းစဉ်ပါတီခေတ်၊ န၀တ
နယကခေတ်၊ စစ်အစိုးရမှသည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန်
အစိုးရလက်ထက် တိုင်အောင် နိုင်ငံတော် အကြီးအကဲများ လက်စွဲ၊
နိုင်ငံတော်အကြံပေး၊ အခါတော်ပေး အဖြစ်လည်းကောင်း၊ ပြည်တွင်း မီဒီယာလုပ်ငန်း
အကြီးအကဲ အချို့နှင့် လွှတ်တော် အကြီးအကဲ အချို့ကို ဗေဒင်နက္ခတ် ပညာရပ်များ
သင်ကြား ဖြန့်ဝေပေး ခဲ့ရပြီး နေပြည်တော်တွင် ကျယ်ပြန့် ကြီးမား ခံ့ညားသည့်
ဗုဒ္ဓဂယာပုံစံတူ သတ္တဌာနနှင့် သတ္တဌာန တရားရိပ်သာတို့ကို သမ္မတဦးသိန်းစိန်
အစိုးရမှ တည်ထား နိုင်ရန်အတွက် အဓိက အကြံပေး အကောင်အထည် ဖော်စေခဲ့သည့်
နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဖေဉာဏ် (ယခုမှော်ဘီမြို့၊ ၂ ရပ်ကွက် ဧက ၃၀
ကျော် ကျယ်ဝန်းသည့် စန္ဒကူးမြိုင် သာသနာ့ ရိပ်သာကို တည်ထောင်လျက်ရှိသူ
ဆရာတော်ဦး ပညာဝံသ)ကို မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့က ဒီဇင်ဘာ ၉ ရက်
နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံ ဂါရ၀ပြုကာ နိုင်ငံတော်အရေး၊ ဘာသာရေး၊
အမျိုးသားရေး အတွက် သိလိုသည်များ မေးမြန်းခွင့် ရခဲ့ပါသည်။ နှစ်ပေါင်း ၂၀
ကျော် နိုင်ငံတော်အဆင့် အကြံပေး၊ အခါတော်ပေးအဖြစ် ယခုတိုင် ရပ်တည်လျက်
ရှိသော်လည်း ရဟန်းဝတ်ဖြင့် တောရဆောက်တည်၍ သီတင်းသုံးဖော် ရဟန်းတော်
နှစ်ပါးနှင့်သာ ခေါင်းပါးစွာ သီတင်းသုံးလျက် ရှိသည်ကိုလည်း ဖူးတွေ့ရပါသည်။
ဦးပညာဝံသ (ဒေါက်တာဖေဉာဏ်)၏ စန္ဒကူးမြိုင် ရိပ်သာတောအုပ်အတွင်း သမ္မတရုံး
ဝန်ကြီးဦးစိုးသိန်းလှူ ဒါန်းထားသော ထုံးဖြူဖြူစေတီနှင့် သမ္မတကြီး
ဦးသိန်းစိန် လှူဒါန်းထားေ သာ ကျောက်စိမ်းရုပ်ပွားတော် ကိန်းဝပ်စံပယ်မည့်
သိမ်ဆောက်လုပ်မည့် နေရာတို့ကို လည်း တွေ့ရှိခဲ့ရ သည်။ နိုင်ငံတော်
အကြံပေးတစ်ဦး အနေဖြင့် လစာတစ်သိန်းနှစ်သောင်းကျပ်၊ မော်တော်ယာဉ် မရရှိဘဲ
အချိန်ကာလကြာမြင့်စွာ တာဝန် ထမ်းဆောင်ပြီး နိုင်ငံတော်အတွက်
လိုအပ်ချက်များကို သမ္မတထံ တိုက်ရိုက်ပြောကြား တင်ပြခြင်း အခွင့်အရေး
ရပါလျက် မြန်မာသံတော်ဆင့် မီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောကြား အသိပေးလိုသော
ဆရာကြီး ဒေါက်တာ ဖေဉာဏ်၏ ပွင့်ပွင့်လင်းလင်း ပြောကြားချက်များကို
ဖော်ပြလိုက်ပါသည်။ …
အရှင်ဘုရားက အစိုးရအဆက်ဆက်
အနောက်တိုင်းနက္ခတ်နဲ့ ပတ်သက်ပြီး နေတစ်ဆူ၊ လတစ်ဆူလိုဖြစ်ပြီး နိုင်ငံတော်
သမ္မတ ဦးသိန်းစိန် အနီးကပ် အကြံပေးဖြစ် နေရဲ့သားနှင့် အဲဒီလို
အခြေအနေမျိုးက ရဟန်းဝတ်ဖို့ ဘယ်လို စိတ်ကူးလိုက်တာလဲ ဘုရား။
မြတ်စွာဘုရား လက်ထက်က ဂါထာတော်တွေကို
ဖတ်ဖူးမှာပါ။ အဲဒီမှာ တကယ့် ဗြဟ္မဏ ဆရာကြီးတွေရှိတယ်။ ဗေဒင်သုံးပုံကို
ရပြီးတော့မှ ရဟန်းဝတ်သွားပြီးတော့ ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
တော်တော် များများက အဲဒီလိုပဲ။ လောကီပညာတောင်မှ ဗေဒင်ဖီလိုဆော်ဖီ
အထွတ်အထိပ်ပဲ။ ဖီလိုဆော်ဖီကို ကျွမ်းကျင် သွားတယ်။ အဲဒီလူတွေက လောကမှာ
ဗေဒင်နဲ့မပြီးဘူးဆိုတာ သိသွားတယ်။ လောကထက် လွန်မြောက်တဲ့ လောကုတ္တရာဆိုတာ
ရှိတယ်။ ငယ်ငယ်တုန်းက ဘာသာတရား ကိုင်းရှိုင်းတဲ့အဖေ၊ အမေက မွေးဖွား
လာတဲ့အတွက် ကံကောင်းပါတယ်။ မဟာစည် ဆရာတော် ဘုရားကြီးဆီမှာ ကျကျနန
အားထုတ်ခဲ့တယ်။ အနီးကပ် ၁၂ နှစ်လောက် အားထုတ်ခဲ့တယ်။ ဖီလိုဆော်ဖီ လောကီမှာ
ချမ်းသာတယ်ဆိုတာ ဘာမှ အဓိပ္ပာယ် မရှိဘူး။ လောကမှာ မှန်တယ်ဆိုတာ ဘာမှမရှိဘူး။
နိုင်ငံရေးတွေ ပြောချင်ရာ ပြောနေတာလည်း အကုန်လုံး အမှားချည်းပဲ။
အမှန်တစ်ခုမှ မရှိဘူး။ အဲဒါကြောင့် ကိုယ်ငယ်ငယ်လေးတုန်းက
ရဟန်းဝတ်ချင်ခဲ့တယ်။ လူကြီးတွေက အမြဲ ဆုံးဖြတ်ရတဲ့ လူတွေလေ။ ဗေဒင်နဲ့
ပတ်သက်ပြီးတော့ အခြေအနေ ဘယ်လိုလဲတဲ့။ အိန္ဒိယမှာ ဗေဒင်ပညာ ထွန်းကားတယ်ဆိုတာ
ကာလကတ္တားက ဗေဒင်နည်း ယူလာတဲ့ လူတွေဟာ အတွေးအခေါ်တွေ ရင့်ကျက်သွားမယ်ဆိုရင်
တိုင်းပြည်အတွက် တစ်ချိန်မှာ အားကိုးရတယ်။ ကလေးတွေ ကတော့ လောလောဆယ်
သုံးလို့ မရသေးဘူး။ အနည်းဆုံး ၁၀ နှစ်လောက်တော့ မွေးရဦးမယ်။ အတွေ့အကြုံ ၁၀
နှစ်လောက် လုပ်မှဖြစ်လာမှာ။ မြန်မာပြည်မှာ ယောအတွင်းဝန် ဦးဖိုးလှိုင်၊
ဦးသိန်းဖေတို့ ပေါ်တယ်လေ။ ပြီးရင် တကယ်မှန်အောင် ဟောနိုင်တဲ့ ဆရာစန္ဒြ
ပေါ်လာတယ်။ ဦးဝေဠု ဆိုတာလည်း ရှိတယ်။ မေမြို့က။ ဦးဝေဠုက ဗေဒင်ကို
ဝါသနာပါတယ်။ အဲဒီမှာ ဘယ်အချိန်မှာ ဖြစ်တတ်တယ်။ ဘယ်အချိန် ဖြစ်မလဲဆိုတာ
မပြောနိုင်ဘူး။ အနောက်တိုင်းကျတော့ အချိန်ကိုချပြတာ အရမ်းကောင်းတယ်။
အဲဒါကို ဦးဝေဠုက နားလည်တယ်။ ဦးဝေဠုဆီမှာ ဆရာစန္ဒြ သွားသင်ခဲ့တယ်။
သူတစ်ယောက်ပဲ မှန်အောင် ဟောနိုင်တယ်။ ကျန်တဲ့ လူတွေကတော့ အခြံအရံတွေပေါ့။
သူ့ဟာနဲ့ သူမှန်တာ ချည်းပဲလေ။ ဘယ်အချိန်ဖြစ်မလဲ ဆိုတာ ပြဿနာကိုး။
ဗိုလ်ချုပ်ကြီး . . .က မေးပါတယ်။
တို့ခေတ်တုန်းက အိန္ဒိယမှာ အက်စ်ထရော် လော်ဂျီကယ် (Astrological)
မဂ္ဂဇင်းဆိုတာ လတိုင်းထွက်တယ်။ လတိုင်းဖတ်တယ်။ ဦးသန်းမောင်ဆီက ယူထားတယ်။
အင်္ဂလန်မှာ ဘွဲ့ပေးတယ် ဆိုတာလည်း ဘုန်းကြီးတွေ ဘွဲ့ပေးတဲ့ စာအုပ်လေ။
အနောက်တိုင်း နက္ခတ် ပညာ သဘောတရားများ အဲဒီစာအုပ် ပို့လိုက်သေးတယ်။
အမေရိကန်မှာ တက္ကသိုလ်တွေမှာ ပြဋ္ဌာန်းတာတွေ အဲဒီ ခေတ်တုန်းက အများကြီး
ဖတ်ခဲ့တော့ နားလည်နေတာပေါ့။ နောက်ပိုင်းကျ ဆရာမြိုင်တို့ ပေါ်လာတယ်။
သူတို့လည်း အကြမ်းအဖျင်းတော့ ရတယ်။ တိတိကျကျ မရဘူး။ အဲဒီတော့
ဆရာမြိုင်ပြီးရင် ထူးထူးချွန်ချွန်လူ မပေါ်လာဘူး။ သို့သော် ဒဂုန်(ဆရာဒဂုန်)
သူက ဦးနှောက်ရှိတယ်။ ကိုယ်နဲ့ခင်လည်း ခင်ပါတယ်။ သူမလုပ် နိုင်တဲ့ဟာ
လုပ်နိုင်အောင် ဆိုပြီးတော့ လူငယ်လေးတွေ စုပြီးတော့ အိန္ဒိယက ဘွဲ့ယူအောင်
လုပ်ပေးနိုင်တယ်။ သူတို့တွေ ထက်လာတယ်။ အဲဒီအဖွဲ့တွေက အများကြီး
လေ့လာရဦးမယ်။ အဲဒီအဖွဲ့က အားကိုးရတဲ့ လူတွေ မြန်မာပြည်မှာ ပေါ်လာပြီ။
တပည့်တော်တို့ တိုင်းပြည်
ဒီလိုအခြေအနေဆိုးတွေ ဖြတ်ခဲ့တော့ လွတ်လပ်ရေး ရတဲ့အချိန် ရွေးတာပေါ့။ ၄ နာရီ
မိနစ် ၂၀ ရွေးလိုက်တဲ့ အခါမှာ တိုင်းပြည် ကံကြမ္မာအတွက် အကောင်းအဆိုး
ဘယ်လိုရှိပါသလဲ ဘုရား။
အဲဒါပေးတော့ အင်္ဂလိပ်က ဗေဒင်
အရမ်းနားလည်တယ်။ သူတို့ကို သွားယှဉ်လို့မရဘူး။ သူတို့မင်းသားတစ်ပါး၊
ဘုရင်တစ်ပါး မွေးလာတယ် ဆိုရင်လည်း ၀ှက်ထားနိုင်တယ်။ မြန်မာပြည်ကို
လွတ်လပ်ရေး ပေးတဲ့အချိန်မှာ အချိန်တစ်ခု ပေးလိုက်တယ်။ ဦးသန်းမောင်ကလည်း
တစ်မျိုးပေးတယ်။ သူတို့က မဟာမြိုင်ကျောင်း၊ အခု စမ်းချောင်းထဲမှာ
ပါသွားပြီ။ ဥယျာဉ်တိုက်ထဲမှာ စည်းဝေးတယ်။ အဲဒီမှာ မဟာမြိုင်
ဆရာတော်ဆိုပြီးတော့ ကနောင်မင်းသားကြီးရဲ့ မြေးပေါ့ အဲဒီ ဆရာတော်
ဘုရားကြီးက။ အဲဒီဘုန်းကြီးမှာ မင်းမျိုးမင်းနွယ်တွေ လည်းပါတယ်။
ဦးဘဆွေတို့လည်း ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့လည်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတော့ သေသွားပြီလေ။ ကိုသိန်းဟန် တို့လည်းပါတယ်။
မြန်မာပြည်ကို ဘယ်အချိန် ရွေးမလဲဆိုတာ ၀ိုင်းရွေးကြတာ။ ရွေးတာ နောက်ဆုံး
ယူလိုက်တဲ့လူက ဘယ်သူလဲဆိုတော့ ဦးသန်းမောင်ဟာလည်း ပယ်တယ်။ ဘယ်သူ့ကို
ပေးလဲဆိုတော့ ပဲခူးက ဆရာကြီး ဦးသက်တင်တို့ အဲဒီဇာတာကို ပေးလိုက်တယ်။
အဲဒီအချိန်ပေးတဲ့အထဲမှာ အဲဒီဇာတာ အကောင်းဆုံးပဲ။ ဦးသန်းမောင်ပေးတာက စနေ၊
အင်္ဂါပူးလိုက်တော့ မိသားစုတွေက ဒီ့ထက်ပိုပြီး ကွဲပြဲဖို့ပဲ ရှိတော့တယ်။
ပြည်တွင်းရေးပေါ့။ အခု ကြာသပတေးနံ ပူးလိုက်တော့ တိုင်းပြည်ကြီးကတော့ မပျက်
စီးဘူး။ ဆူပူမှုတွေကတော့ဖြစ်တယ်။ သို့သော် တိုင်းပြည်မပျက်စီးဘူး။
အကုန်လုံးတော့ ထိန်းထားနိုင်တယ်။ ကြာသပတေးနံ အနေအထားတွေလည်း ကောင်းတယ်။
တနင်္ဂနွေလည်း အဲဒီတုန်းက အနေအထား တော်တော် ကောင်းတယ်။ တခြားနည်းလမ်းတွေ
ယူလိုက်ရင် တအားဆိုးသွားလိမ့်မယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒီဘက်ကို အာဏာလွှဲတဲ့ အချိန်အခါက တိုင်းပြည် အတွက် ကောင်းနိုင်ပါသလား။
သူတို့လက်ထက်မှာ ပွင့်ပွင့်လင်းလင်း
ပြောမယ်ဆိုရင် ဗေဒင် တကယ်တတ်တဲ့လူလည်း မရှိဘူး။ တို့နဲ့လည်းဝေးတယ်။
သူတို့ဆီမှာ အိမ်တော်ဝန်လုပ်တာတော့ ကိုယ်နဲ့ရင်းနှီးတာ ရှိတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီး သူ့တူတွေနဲ့ ရင်းနှီးတာတွေလည်း
ရှိတယ်။ သူ့အနေနဲ့လည်း အဲဒီလောက်ထိ စဉ်းစား နိုင်မှာမဟုတ်ဘူး ထင်တယ်။
အသေးစိတ် ဟောတာတော့ အဲဒီလောက်ထိလည်း ဘယ်သူမှအချိန် မပေးနိုင်ဘူး။
ကိုယ့်ကျောင်းမှာတော့ အချိန်ရတော့ လေ့လာဖို့ အချိန်ရတာပေါ့။
တပည့်တော်ပြောတာက အရှင်ဘုရား
အမြင်ကိုပြောတာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာလွှဲတုန်းက အချိန်အခါ
တိုင်းပြည်ကံကြမ္မာ ဘယ်လိုရှိမလဲလို့။
အာဏာလွှဲတဲ့ အချိန်မှာ မိန်ရာသီမှာ
ဂြိုလ်တွေ အများကြီးပဲ။ တနင်္ဂနွေလည်း ရှိတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးလည်း
ရှိတယ်။ မိန်ရာသီ ယူရေးနပ်စ် ၀င်လာတိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်
စေတယ်။ အပြောင်းအလဲကြီး တစ်ခုတော့ ဖြစ်သွားတာပေါ့။ အေးအေးချမ်းချမ်းတော့
မဟုတ်ဘူး။ ရေရှည် မှာတော့ အကောင်းဘက်ကို ပြောင်းသွားမှာပေါ့။ မိန်ရာသီ
အားကြီးနေတဲ့ အချိန်မှာ ပြောင်းသွားတာ ကြောင့်လေ။
လွှတ်တော်အစည်းအဝေးတွေ ကျင်းပလိုက်တဲ့အချိန်က တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာ ဘယ်လိုရှိနိုင်လဲ ဘုရား။
အာဏာလွှဲတဲ့ အချိန်တွေကတော့ အရေးကြီးတာ
ပေါ့နော်။ မိန်ရာသီရဲ့ သဘောက ပိုရင်းနှီးလိမ့်မယ်။ မြန်မာပြည် ပထမ
လွတ်လပ်ရေးရတဲ့ အချိန်မှာ ကြာသပတေးနံ ပူးတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့ အဲဒါတွေ
နဲ့ချမ်းသာတယ်။ အဲဒါတွေကို ပိုပြီးဖွံ့ဖြိုးအောင် လုပ်နိုင်ရင်
ချမ်းသာလာမှာပေါ့။ ပြဿနာ ဘာပဲတက်တက် တိုင်းပြည်ကတော့ ဒုက္ခဖြစ်စရာ
ဘာမှမရှိဘူး။ ကြာသပတေးကတော့ ဘာသာရေး ထွန်းကားတာတို့ ဆိုင်တယ်။
တို့တိုင်းပြည်မှာ ဗုဒ္ဓဘာသာ သာသနာ ပိုပြီး ထွန်းကားအောင် လုပ်ဖို့လိုတယ်။
ထွန်းကားလာရင် တိုင်းပြည်မှာ စောင့်ရှောက်နေတဲ့ နတ်ကောင်း နတ်မြတ်တွေ
ဆိုတာရှိတယ်။ သာသနာတော်တွေကို စောင့်ရှောက် နေတာလည်း ရှိတယ်။ အဲဒီ
ပုဂ္ဂိုလ်တွေက ပိုပြီးတော့ အကူအညီ ပေးလာမှာပေါ့။
သာသနာ့ဘောင်မှာ ရဟန်းဝတ်ပြီးတော့ သီတင်းသုံးနေရတဲ့ အကြောင်းက ဘာလဲဘုရား။
ရဟန်းဝတ်တယ်ဆိုတာ သံသရာဘေးကို ကြောက်လို့
ဝတ်တာပါပဲ။ ရှည်လျားစွာသော သံသရာကို ကြောက်လို့ ၀တ်ခြင်း ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ကိုယ်ကျိုးအတွက် ၀တ်တာ။ ကိုယ်နိုင်တာလေးတွေ လုပ်ရမယ်
ပေါ့နော်။ မြန်မာပြည်ဆိုရင်လည်း သာကီဝင် မင်းမျိုးတွေလေ။ တို့မြန်မာပြည်
ဆိုရင်လည်း မြန်မာပြည်အကျိုး အတွက်ပေါ့နော်။ နောက်ပြီးတော့မှ
ကိုယ်ကျိုးအတွက် လုပ်တာပေါ့။ ဒါကတော့ ဘုရားအစရှိသော အလောင်းတော်တွေကတော့
အဲလိုလုပ်တာပေါ့နော်။ တို့ကျတော့လည်း ပမွှားတွေကိုး။ ပထမကိုယ့်ကိစ္စလေး အရင်
ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်သွားအောင် တရားတော်နဲ့ လုပ်တယ်။
နောက်ပြီးတော့ ကိုယ်ရလာတဲ့ ဟာလေးတွေကို ပြောရမယ် ဆိုရင်တော့ မြတ်စွာဘုရား
အစရှိသော သူတော်ကောင်းတွေက နေလို လလိုထွန်း လင်းပြီးတော့
သွားကြတယ်ပေါ့နော်။ တို့ကတော့ ဆီမီးခွက်လေးတွေလိုပေါ့။ ကိုယ်နဲ့သူများလည်း
လင်းပါစေ ဆိုတဲ့ဆန္ဒနဲ့။ ပြောနိုင်တာလေးတွေ ပြောလို့ရအောင် ဆိုပြီးတော့
သင်္ကန်းဝတ်တာပေါ့နော်။ အရင် တုန်း ကတော့ လူ့ဘောင်နဲ့ တရားရှာတဲ့ ပုဂ္ဂိုလ်တွေ
ရှိတယ်။ ၁၉၇၀ ကျောင်းသား သပိတ်တွေဖြစ်တယ်။ သပိတ်တွေဖြစ်တဲ့ အချိန်မှာ
အဒေါ်များက သီလရှင်တွေ။ သီလရှင်တွေဆိုတာ မဟာစည်ဒေသမှာ တရား
ဝင်ထိုင်လိုက်တယ်။ တက္ကသိုလ် ကျောင်းသားဘ၀ပေါ့ လူငယ်ဘ၀ ၁၈၊ ၁၉
နှစ်လောက်ပေါ့။ အခု အချိန်ပြန်တွက်ကြည့်တော့ နှစ်ပေါင်း ၄၄ နှစ်ရှိသွားပြီ။
ဝင်တော့လည်း မဟာစည်ဆရာတော် ဘုရားကြီးဆီ ၀င်ရတာ။ မဟာစည်ဆရာတော် ဘုရားကြီး
ဆိုတာလည်း အဓိကရ ပုဂ္ဂိုလ်ကြီးနော်။ မြန်မာပြည်မှာ အနော် ရထာမင်း
လက်ထက်တုန်းက ရှင်အရဟံ လိုမျိုးပေါ့။ နောက်ပြီးတော့ ဒီဘက်ခေတ်မှာ လယ်တီ
ဆရာတော်ဘုရားကြီးလိုမျိုး။ ခေတ်တစ်ခေတ် ပြောင်းအောင် သာသနာပြုနိုင်ခဲ့တဲ့
ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် ပေါ့နော်။ အဲဒီ ပုဂ္ဂိုလ်မြတ်ဆီမှာ ငယ်ငယ် ၁၈
နှစ်သားလောက်တည်းက ဆရာတော်နဲ့ အနီးကပ် ၁၂ နှစ် နေခဲ့ရတယ်။
တက္ကသိုလ်ကနေပြီးမှ ဆရာဝန်ဖြစ်တဲ့အထိ ဆရာတော်ကြီးနဲ့ အနီးကပ် ၁၂ နှစ်လောက်
နေပြီးတော့မှ ဆရာတော်ကြီး ပရိနိဗ္ဗာန်ပြုတဲ့ အချိန်အထိ ၁၉၈၂ ခု၊ သြဂုတ်လ ၁၄
ရက်နေ့ အထိပေါ့နော် အနီးကပ် ကြည်ညိုရတယ်။
နောက်ပိုင်းကျမှ ကိုယ့်အသက် ၅၀ လောက်မှာ
ဒီသာသနာမှာ ရိပ်သာ တည်ထောင်တယ်။ တည်ထောင်တဲ့ အချိန်မှာ ကိုယ်က
လူဝတ်နဲ့ဆိုတော့ တရားနာပဲ ၀င်မပြောဘူး။ ၀င်မပြောတော့ ဘာအခက် အခဲတွေ
တွေ့လဲဆိုတော့ တရားအားထုတ်တဲ့ လူတွေက ဘယ်လို တွေးလဲဆိုတော့ ဒီဆရာကြီးဟာ
ဆူပဲဆူတယ်ပေါ့။ တရားကျတော့ နားမလည်ဘူး ထင်တယ် ဆိုပြီးတော့။ ကိုယ်က
ဝင်ပြောခွင့် မရတော့ တချို့ဟာတွေကျတော့ တရားနဲ့ ပတ်သက်ပြီးတော့
သင်တန်းပေးရတာ အခက်အခဲတွေ သွားတွေ့တယ်။ ဒီမှာ တရားအားထုတ်တဲ့ လူတွေ၊
အဲလူတွေကလည်း ဆရာပြန်ဖြစ်တော့ ထိန်းရသိမ်းရတာ နည်းနည်း ခက်လာတာပေါ့။
တို့ကတော့ မဟာစည် ဆရာတော်ဘုရားကြီးနည်းနဲ့ သင်ခဲ့ရတော့ ဒါတွေ
သိပ်မဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ၀င်ပြောလို့ မရတော့ဘူး။ အခုလည်းတို့
တိုင်းပြည်မှာ သမထက အားကြီးလာတယ်လေ။ သမထနဲ့ သွားရင်တော့
ခမ်းခမ်းနားနားလေးတော့ ရတယ်။ ဈာန်ရတယ်၊ အဘိညာဉ်ရတယ်၊ ဒိဗ္ဗစက္ခုရတယ်၊ ဒိဗ္ဗ
သောတ ရတယ်။ အဲလိုလေးတွေ ကြီးကြီးကျယ်ကျယ် ကြီးတော့ ဖြစ်တယ်။
နိဗ္ဗာန်သွားဖို့ဆိုတာ အချိန်ပိုကြာတယ်။ ၀ိပဿနာ နည်းနဲ့ကျတော့
မြန်မြန်ရောက်တယ်။ ဥပမာ ပါရမီရှိတဲ့ သူကျတော့ ၇ ရက်နဲ့ ရောက်တယ်။
အများအားဖြင့်တော့ တစ်လနှစ်လ လောက်မှ နေရာကျသွားတာရှိတယ်။ အဲဒါကိုမှ
ဆရာတော် ဘုရားကြီးက လက်ခံတယ်ဆိုတော့ ဗုဒ္ဓ၀ိပဿနာ လမ်းစဉ်ပေါ့နော်။
အဲလိုသွားတာရှိတယ်။ တို့လည်း အဲလိုမျိုးပေါ့။ တို့ဆရာသမားရဲ့အာဘော်ကို
ပြောပြချင်တယ်။ ပြောပြချင်တော့ ဘုန်းကြီးဝတ်နဲ့ ပြောပြရင်
နည်းနည်းပိုပြီးတော့ အဆင်ပြေတာပေါ့။
တရားပြတယ် ဆိုတာလည်း တရားနဲ့
ပတ်သက်ပြီးတော့ နည်းနည်းလေး သင်တန်းပေးချင်တဲ့ စိတ်လေးတော့ ရှိပါတယ်။
တရားပြန်တာကျတော့ ဆရာတော်ကြီးတွေလည်း ပြန်နေကြတာပဲလေ။ မြန်မာပြည်မှာဆိုရင်
မဟာစည် ဆရာတော်ကြီးတွေရှိတယ်။ နောက်ပြီးတော့ မိုးကုတ် ဆရာတော် ဘုရားကြီးတွေ
ရှိတယ်။ အဲဒါ တွေလည်း ပရိသတ်တွေနဲ့ အကြီးအကျယ် တရားပြနေတာနော်။
သင်တန်းပေးနေတဲ့ ဟာလေးတွေတော့ ရှိပါတယ်။ ပုဂ္ဂိုလ်ချင်း အဆင်ပြေဖို့
လိုတယ်ပေါ့။ ပုဂိ္ဂုလ်ချင်းအဆင် ပြေဖို့ လိုတယ်ဆိုတာက တချို့ဘုန်းကြီးနဲ့
တရား လာအားထုတ်တဲ့ သူတွေနဲ့ တအား ဝေးနေတယ်။ ဝေးတယ်ဆိုတာ ဘုန်းကြီးက
သူ့ဘာသာသူ တရားဟောသွားတယ် တရား လာအားထုတ်တဲ့ သူတွေကျတော့
မမေးမလျှောက်ရဲဘူး။ မမေးမလျှောက်ရဲ တော့ ဘုန်းကြီးပြောတဲ့ဟာပဲ လူအဖို့က
သိပ်နားမလည်ဘူး။ နောက်ပြီးတော့ လူပုဂ္ဂိုလ်ရဲ့အခက်အခဲကိုလည်း ဘုန်းကြီးက
မသိဘူး။ အဲဒီတော့ ပြီးပြည့်စုံ မရဘူး။ ဘုန်းကြီးလည်း နိုင်ငံခြားသွားတာနဲ့
ဟိုသွား ဒီသွားနဲ့ တကယ် မေးချင်တဲ့ သူတွေအတွက် အခက်အခဲရှိတယ်။
သေသေချာချာလည်း မေးလို့ မရဘူး။ အဲလို မျိုးလေးတွေ ရှိတယ်။ အဲဒါလေးတွေ
ကျတော့ ကိုယ်က အနီးကပ် ကြည့်ပေးတာပေါ့နော်။ နောက်ပြီးတော့ ရာသီဥတု
ဆိုတာကလည်း မြန်မာပြည်မှာ ကတော့ တစ်မြို့နဲ့ တစ်မြို့ကတော့ သိပ်မကွာပါဘူး။
ဒီမှာတော့ တောတောင်လေး ဘာလေးရှိတယ် ဆိုတော့ ဥတုသုံးပါးက မျှတတော့ အပူအအေး
မျှတာပေါ့နော်။ အဆောက် အအုံကလည်း တစ်နိုင်လေး ဆောက်ထားတာပေါ့နော်
တရားအားထုတ်ရင်လည်း တရားအားထုတ်လို့ ရတာပေါ့လေ။ အကောင်းကြီးတော့
မဟုတ်ဘူးပေါ့။ သာမန် အားထုတ်မယ် ဆိုရင်တော့ အားထုတ်လို့ ရတာပေါ့။
အာဟာရကျတော့လည်း သိပ်ပြီးတော့ ခက်ခဲတာ မရှိဘူး။ ဒါလေးတွေ အဆင်ပြေအောင်
ကိုယ်က ပြုပြင်ပေးပြီးတော့ တရားလာထိုင်တဲ့ သူတွေကို ထိန်းပေးနေတာပေါ့။
အနီးကပ်လေး ပြောပြတာပေါ့။ တချို့ကျတော့ တကယ်လည်း တရားအားထုတ်တယ်။ ဒါပေမဲ့
နှစ်ပေါင်းများစွာ တရားအားထုတ်လာတာ သမထလေး ဖြစ်နေကြတယ်။ သမထလေးဖြစ်နေတော့
သမထလေးမှာ ပျော်ပြီးတော့ နိဗ္ဗာန်မဂ်ဖိုလ် ကျတော့ မရောက်နိုင်ကြဘူးလေ။
ပြောရမယ် ဆိုရင်တော့ နာမရူပ ပရိစ္ဆေဒဉာဏ် ဆိုတာရှိတယ်။ လောကီ ဉာဏ်တွေပေါ့။
အဲဒီအထဲမှာ အရောင်နည်းနည်းပါးပါး မျိုးစုံပေါ့။ ဒိဗ္ဗစက္ခုရတာတွေ၊ အကြားအမြင်
တွေရပြီးတော့ လူတွေက အဲဒီမှာ ပျော်နေကြတယ်။ အဲဒီက ကျော်သွားမှ ဥဒယဘယဉာဏ်
ဆိုတာရှိတယ်။ လောကုတ္တရာဉာဏ်ပေါ့။ ဥဒယဘယဉာဏ်မှာလည်း တစ်ခါဈာန်တွေ ရှိတယ်။
အဲဒီကနေ မလွန်မြောက် နိုင်ကြဘူး။ အဲဒါကို လွန်မြောက်အောင် ဆိုပြီးတော့
ဘယ်လိုဘယ်လို သွားတယ်ဆိုပြီးတော့ တရားလေးတွေ ရှင်းပြနေတာပေါ့။
အဲလိုမျိုးပေါ့ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ဘူး။ သို့သော်လည်းပဲ လိုအပ်တဲ့
ပုဂ္ဂိုလ် တွေကို အနီးကပ်လေး ထိန်းသိမ်းပြီးတော့ ပြောပြနိုင်အောင်
ဆိုပြီးတော့ အဲဒီစိတ်ကူးလေးတော့ ရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်
No comments:
Post a Comment