Monday, December 23, 2013

ထောင်တွင်းအစာငတ်ခံဆန္ဒပြသူ သုံးဦး၏ ကျန်းမာရေး စိုးရိမ်ရ


====================================
မာန်ယုကျော် (ရွှေဝမြေ)
====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ။ ။ ပဲခူးတိုင်း ဒေသကြီးရှိ ပေါင်းတည်ထောင် တွင် အစာငတ်ခံဆန္ဒပြနေသူ သုံးဦး၏ကျန်းမာရေးအခြေအ နေမှာ စိုးရိမ်နေရကြောင်းယင်း တို့၏ မိသားစုဝင်များကပြော သည်။

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ သုံးဦး မှာ မိတ္ထိလာမြို့ နယ်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ဒေါ်မြင့်မြင့်အေး၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ဒေါ်ခင်မိမိခိုင်နှင့် နတ္တ လင်းမြို့နယ် ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ ပြည်တက္က သိုလ် အင်္ဂလိပ်စာဒုတိယနှစ် ကျောင်းသား ကိုသန့်ဇင်ထက် တို့ဖြစ်ကြပြီး ယင်းတို့ဖမ်းဆီး ခြင်းခံရသည်မှာ ခြောက်လကျော် လွန်လာပြီဖြစ်သော်လည်း ယင်းတို့အား အမိန့်တစ်စုံတစ်ရာ ချပေးခြင်းမရှိသေးသည့် အတွက် ယခုကဲ့သို့ထောင်တွင်း အစာငတ်ခံ ဆန္ဒပြရ ခြင်းဖြစ် ကြောင်း ယင်းတို့၏ မိသားစုဝင် များ၏ပြောပြချက်အရ သိရ သည်။

''ဒီနေ့အထိ သူတို့တွေနဲ့ ဘာအဆက်အသွယ်မှမရဘူး။ သူတို့တွေရဲ့ ကျန်းမာရေး ကို စိုး ရိမ်တဲ့အတွက် တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့တော့ လဲတွေ့ခွင့်မပေးဘူး။ ဒုထောင် မှူးကြီးကတော့ သူတို့တွေကျန်း မာရေးကောင်းပါတယ်လို့ဖြေ တယ်။ ဒါဆို ဘယ်လောက်အ ထိ ကျွန်မတို့ယုံကြည်ရမှာလဲ လို့မေးတော့ ကျွန်မကို ထောင် ဆရာဝန်ကြီးနဲ့ ပေးတွေ့တယ်။ ထောင်ဆရာဝန်ကြီးကလဲ ဆန္ဒ ပြနေသူတွေရဲ့ ကျန်းမာရေးက အစာအိမ်မကောင်းတာကလွဲ လို့ အားလုံးကောင်းပါ တယ်လို့ ပဲ ဖြေတယ်''ဟု အစာငတ်ခံဆန္ဒ ပြနေ သူ ဒေါ်အေးအေးမြင့်၏ အစ်မဖြစ်သည့် ဒေါ်အေးမှီက ရန်ကုန်တိုင်းမ် သတင်းစာသို့ ဒီဇင်ဘာ ၂၁ရက် နံနက်ပိုင်း ကပြောသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/8M75dZ

No comments: