´ဆံချတော့မယ်တဲ့ ”
ကျောင်းသားလေးတစ်ယောက်ကလာပြောတော့
ကျွန်တော်ခေါင်းကိုစမ်းလိုက်မိသည်။လွန်ခဲ့သည့်အပတ်ကမှသေသေချာချာပုံသွ
င်းထားသည့် ဆံပင်လေးတော့သွားတော့မည်။ ကျောင်းသားလေးက
လုံချည်အသစ်တစ်ထည်နှင့်စွပ်ကျယ်အသစ်တစ်ထည်ကို ကမ်းပေးလို့ကျွန်တော်
လဲဝတ်လိုက်ပြီး ကျောင်းသားလေးနောက်ကိုလေးတွဲ့သည့်ခြေလှမ်းများနှင့်
လိုက်ခဲ့သည်။ ခေါင်းရိတ်ပေးမည့်ဦးဇင်းက
သင်တုံးဓါးကိုတဖြန်းဖြန်းနှင့်ခတ်နေသည်မှာ အသဲယားစရာပင်။ ´ မြန်မြန်လာပါ
ပဉ္ဇင်းလောင်းရဲ့´ သူ့ခေါ်သံကြားမှကျွန်တော့်ခြေလှမ်းက ပိုပြီးနှေးသွားသည်။
´ ခေါင်းကိုရေသွားဆွတ်လိုက်´ ဖိတ်စာ နှင့်မဖိတ်ထားသော်လည်း
ရဟန်းလောင်းများရဲ့နီးစပ်ရာ မိတ်ဆွေများကတော့ လာကြပါ သည်။
တစ်ဖက်နိုင်ငံမှာအလုပ်သွားလုပ်နေသောကျွန်တော့်
ကိုအဖေကလကုန်အမှီပြန်လာခိုင်းပါသည်။ ကျွန်တော်ပြန်မည်ဆိုတော့ အတူနေ
တစ်မြို့တည်းသား ၀င်းကိုနှင့်
မင်းထက်တို့လည်းလိုက်ပြန်လာကြသည်။ ပြန်ရောက် လာတော့မှအဖေက “
သား ..မင်းကိုရဟန်းတက်ပေးမလို့ ပြန်ခေါ်လိုက်တာ..” အဖေ့စကားကြောင့်
သထုံမှာတပေါင်းပွဲ ကဲရန်စိတ်ကူးလာသော
ကျွန်တော်တို့တွေမောသွားကြသည်။ဒါပေမဲ့ မုဆိုးဖိုဖခင်ကြီးရဲ့ ဆန္ဒ
ကိုလည်းမလွန်ဆန်နိုင်တော့သဘောတူလိုက်ပါသည်။
ကျွန်တော်ရဟန်းဝတ်မည်ဆိုတော့လည်း ၀င်းကိုတို့လည်းလိုက်ဝတ်ဖို့
ဆုံးဖြတ်လိုက်လို့ သူတို့မိဖများလည်းတော်တော်ပျော်သွားကြသည်ပင်။
ကျွန်တော်အဖေကိုလည်းကျေးဇူးတင်ကြပါသည်။
သည်လိုနှင့်ကျွန်တော်တို့သုံးယောက်ရဟန်းဝတ်ဖြစ်ကြခြင်းဖြစ်သည်။
ကျွန်တော်ကရေတစ်ခွက်ကို
အုတ်ကန်ထဲကခတ်ပြီး ခေါင်းကိုရေဆွတ်လိုက်သည်။ ´ တော်ပြီ
သိပ်အများကြီးမဆွတ်နဲ့´ အဖေ့အသံကြောင့် ကျွန်တော်ခေါင်းရေဆွတ်တာကို
ရပ်လိုက်သည်။နောက်တော့လည်းဦးဇင်း
အရှေ့မှာသူ့ကိုကျောခိုင်းပြီး ဆောင့်ဆောင့်လေးဝင်ထိုင်လိုက်သည်။
အုတ်ရေကန်လေးရဲ့တစ်ဖက်မှာတော့
မင်းထက်နှင့်ဝင်းကိုတို့နှစ်ယောက်ကတော့ ခေါင်းရိပ်နှင့်လေ
သည်။မင်းထက်ဆိုတစ်ခေါင်းလုံးတောင်ကုန်ခါနီးနေပြီ။ဝင်းကိုကတော့
တစ်ခြမ်းကျန်နေသေးသည်။သူတို့အသီး
သီးရှေ့ကပိတ်ဖြူလေးတွေကိုအသီးသီးဖြန့်ထားပြီး
သူတို့အဖေနဲ့အမေတွေကတစ်ဖက်စီအသီးသီး ကိုင်ထား ကြသည်။
အမှတ်မထင်သူတို့မျက်နှာကိုကြည့်မိတော့
ဝင်းပကြည်လင်နေတဲ့ပီတိအပြုံးတွေကို ကျွန်တော်မြင်လိုက်
ရသည်။ရုတ်တရက်ကျွန်တော့်ရင်ထဲမှာ
ဒိန်းခနဲတုန်လှုပ်သွားမိသညိ။အမည်မဖော်ပြနိုင်သောဝမ်းနည်းမှုတစ်ခုကို
ခံစားလိုက်ရသည်။ပြီးတော့အဖေ့ကိုလှမ်းကြည့်လိုက်မိသည်။
အဖေကလက်ထဲမှာကိုင်ထားသောပိတ်ဖြူစလေးကို ဖြန့်ချလိုက်သည်။ဘေးမှာရ
ပ်နေသောကျောင်း သားလေးက ကျန်သည့်အစနှစ်ဖက်ကိုကိုင်ပြီး
ပြိုင်တူထိုင်ချလိုက်သည်။
ဦးဇင်းကကျွန်တော့်ခေါင်းကိုနောက်မှနှိမ့်ပြီးတွန်းလိုက်တော့
ကျွန်တော်အလိုက်တသိပင်ခေါင်းငုံ့ပေး
လိုက်သည်။သင်တုန်းဓါးနှင့်ရိတ်ချလိုက်သောဆံပင်တစ်ထွေး
ပိတ်ဖြူပေါ်သို့ကျလာသည်။ ထိုအခိုက်
ကျွန်တော့်ညာဖက်ကပိတ်ဖြူအစွန်းကိုကိုင်ထားသော
အဖေ့လက်တုတ်တုတ်ကြီးနှစ်ဖက်ကို
ကြည့်မိလိုက်သည်။အဖေ့လက်နှစ်ဖက်ကိုသည်လိုအနီးကပ်မတွေ့ရသည်မှာ
တော်တော်ကြာခဲ့ပြီ။အဖေ့လက်မှာ
အရင်လိုမတင်းတော့ပဲအရေပြားတစ်ချို့ပျော့လာပြီး
အရစ်တွေပေါ်လာနေပြီကော။ထိုလက်နှစ်ဖက်နှင့်ကျွန်တော့် ကိုရိုက်ခဲ့ဖူးသလို
သည်လက်နှစ်ဖက်ကကျွန်တော့်ဦးခေါင်းကိုပွတ်ပြီးကြည့်စယ်ခဲ့ဘူးသည်။သည်လ
က်နှစ်ဖက်က ကျွန်တော့်ကိုမုန့်ဖိုးတွေပေးခဲ့သည်။သည်လက်နှစ်ဖက်သည်
ကျွန်တော့်ကိုလူလားမြောက်စေခဲ့သည်။ နောက်တော့
ကျွန်တော်ဘယ်ဖက်ကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ကျောင်းသားလေးရဲ့ပိတ်ဖြူစ
ကိုကိုင် ထားသောလက်နှစ်ဖက်ကိုတွေ့ရသည်။အမှန်ဒီနေရာမှာ အခြား
လက်တစ်စုံဖြစ်နေသင့်သည်။ကျွန်တော်အရမ်း မြတ်နိုးသောဖြူဝင်းပြီးသွယ်တန်းေ
နသောလက်တစ်စုံ၊ ပိန်လှီသော်လည်း ကျွန်တော့်ကိုအင်အားတွေပေးခဲ့သော
လက်တစ်စုံ၊ ကွန်တော်အိပ်နေစဉ် နဖူးလေးကိုလာလာစမ်းသောလက်၊
ကျွန်တော်နိုးလာလျှင် ပါးကိုဆွဲဆွဲလိမ် တတ်သောလက်၊ ကျွန်တော်ဝမ်းနည်းလျှင်
ကျွန်တော့်ခေါင်းကိုထိုးဖွပြီးနှစ်သိမ့်တတ်သောလက်၊
ယခုတော့ဒီလက်နှစ်ဖက်မရှိတော့။ ခေါင်းမှာဆွတ်ထားသောရေက
နဖူးမှတဆင့်ပိတ်ဖြူပေါ်သို့တစက်စက်ကျနေ၏။ရေစက်တို့ကျထိသည့် နေရာတွင်
အစိုကွက်လေးများဖြစ်သွားသည်။ရိတ်ချလိုက်သောဆံပင်ကလည်းစိုနေတော့
ပိတ်ဖြူစမှာအစိုကွက်
ကစုစုပြီး ရေကွက်ကြီးဖြစ်သွားသည်။ကျွန်တော်သတိထားမိသည့်အချိန်မှာ
ကျနေသောရေစက်များနှင့်အတူကျွန် တော့်မျက်လုံးမှမျက်ရည်စက်များပါနေပြီေ
ကာ။ ပိတ်ဖြူစကိုကိုင်ထားသောအဖေ့လက်အစုံလည်း
တဖြေးဖြေးတုန်လာပါသည်။မမျှော်လင့်ပဲအဖေ့ရှေ့က
ပိတ်ဖြူစမှာရေကွက်လေးနှစ်ခုကို ကျွန်တော်မြင်လိုက်ရသည်။ ` အဖေရယ်
.....သားလိုပဲသတိရနေတာလားနော် ´
ဒီတစ်ခါတော့အဖေပြောနေကျစကားကိုပဲ သားရင်ထဲကပြန်ပြောလိုက်မိသည်။
`` ဖြစ်တတ်ရင် ပျက်တတ်ပါတယ်အဖေရယ် ´´ ထိုအခိုက်လေးမှာပင်
အဖေ့နှုတ်ဖျားမှတိုးညှင်း သော်လည်းပီသသောစကားလုံးအချို့ကိုရင်မှာနင့် နေေ
အာင် ကြားလိုက်ရပါတော့သည်။ “ အမေကြီးရေ..... မင်းသားရဟန်းဘောင်ကို
တက်တော့မည်နော် ရောက်လေရာဘုံဘ၀ကနေပြီး တို့သားအဖပြုတဲ့
ဒါနကုသိုလ်ကို သာဓုခေါ်လိုက်ပါတော့နော်.. အမေကြီးရေ.. အမျှ အမျှ အမျှ
ရပါစေကွယ်..........”
သားယောက်ကျားတိုင်းအမိအဖတို့အတွက်
ရဟန်းတက်ပြီး ကုသိုလ်ဆက်ခွင့်ပေးနိုင်ကြပါစေ။
အစဉ်လေးစားလျှက်
တတိုင်းမွှေး။ ။2-5-2014

No comments:
Post a Comment