မြန်မာအစ
တကောင်းက ဆိုပြီး တကောင်းခေတ်က ရာဇ၀င်ကို ပြန်လှန်မယ်ဆိုရင်တော့
မောင်ပေါက်ကျိုင်းက ဟီးရိုးစစ်စစ်ကြီးပါပဲ။ စကားကြီးသုံးခွန်းလည်းတတ်ရမယ်။
နန်းတော်ထဲမှာ မင်းဆက်ပြတ်အောင် ရန်သတ္တရုပြုနေတဲ့ နဂါးမင်းကြီးကိုလည်း
အောင်နိုင်ရမယ်။ ရန်ငြိုးဖွဲ့ ကလဲ့စားချေလိုသူ မိဖုရားကြီးက မေးတဲ့
မေးခွန်းပုစ္ဆာတွေကိုလည်း အချိန်မီ ဖြေဆိုနိုင်ရမယ်။ (ဒီနေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးမလဲ လို့ မှ မေးလို့မရတာ) သူလည်း
ပျူစောထီးမင်းလိုပဲ နန်းတော်ထဲ မင်းမူနေသူ တိရိစ္ဆာန်သတ္တ၀ါများကို
အောင်မြင်အောင် နှိမ်နှင်းပြီးမှ မင်းဖြစ်လေတယ်။ အဲ့ဒါကြောင့်
ကိုလိုနီခေတ်တုန်းကတော့ မြန်မာတွေဆီက ထီးနန်းလုယူထားတဲ့ အင်္ဂလိပ်တွေကို
စောင်းကာမြောင်းကာ ဖဲ့ထားတာဆိုပြီး ၀ံသာနုတွေ လွှတ်သဘောကျတဲ့
ရာဇ၀င်ပုံပြင်ကလေးတွေပေါ့။ နဂါးနိုင်မင်းကို ပိုသဘောကျကြတာက
ဘယ်လိုဖြစ်လို့ရယ် မသိပါဘူး။ အင်္ဂလိပ်အစိုးရကို ဗေဒင်ကိန်းခန်းအရ စနေဂြိုလ်
လို့ ယူကြသတဲ့။ ဗြိတိသျှ နဲ့ ယူယူ၊ အင်္ဂလိပ် နဲ့ ယူယူ စနေနံလည်း တစ်လုံးမှ
မပါပဲနဲ့။ ထားပါတော့လေ စနေနံဆိုတော့ နဂါး။ နဂါးကိုနိုင်တဲ့မင်းဟာ
အင်္ဂလိပ်ကိုလည်း နိုင်တာပေါ့။ ဒါကြောင့် ဆရာစံ သူပုန်ထတော့
နဂါးကိုနိုင်အောင် ဂဠုန်ဘွဲ့ခံတာ။
ခင်မောင်ရင်ဆိုတဲ့ စကြာသိုက်သီချင်းကလည်း အဲ့သလိုပဲ စောင်းမြောင်းဆော်တာပါပဲ။ စကြာသိုက်တဘောင်ပေါ်သတဲ့။ “အင်းကို ဟင်္သာဆင်းမည်။” ဆိုတာ အင်းဝနေပြည်တော်ကို ဟံသာဝတီက တက်သိမ်းပိုက်လိမ့်မယ် လို့ ပြောတာ။ “ဆင်းရင် လေးနဲ့ခွင်းမည်။” ဆိုတာကျတော့ အဲသည် ဟံသာဝတီနေပြည်တော်ကိုတော့ မုဆိုးဘိုမင်းဆက်တည်ထောင်သူ အလောင်းမင်းတရားက နှိမ်နှင်းမှာလေ။ “ထိုမုဆိုးကို ထီးရိုးရိုက်လိမ့်မည်။” ဆိုတာကတော့ မုဆိုးဘိုမင်းဆက်ဟာ စနေနံ အင်္ဂလိပ်လက်ချက်နဲ့ မင်းဆက်ပြတ်မှာ လို့ ပြောတာ။ နောက်ဆုံးကျတော့ “ထီးရိုးကို မိုးကြိုးပစ်မည်။” တဲ့။ အင်္ဂလိပ်အစိုးရကို စကြာမင်းသားလေးက နိုင်တော့မှာပေါ့နော်။ သည်လိုပဲ ကြံဖန် မင်းလောင်းမျှော်ပြီး အင်္ဂလိပ်အစိုးရကို မေတ္တာပို့နေကြတာပါပဲ။ “၁၃၀၁ ခုကစ၍ ရတနာဆိုတာ လိုရာ ပြည့်နိုင်မည်။” ဆိုတော့ ကြည့်ရတာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတုန်းက မြန်မာပြည်သူလူထုကို အင်္ဂလိပ်လက်အောက်က လွတ်အောင်ကြိုးစားဖို့ အိပ်မက်ကလေး ပေးတဲ့သဘောလို့ မှတ်တယ်။ တိုက်ဆိုင်တာပဲလား မသိပါဘူး။ တွတ်တော့ ၀င်သွားသား။ အင်္ဂလိပ်ကိုတိုက်ထုတ်တဲ့ ဂျပန်စစ်ဗိုလ်ကြီးဆူဇူကီးက သူ့ကိုယ်သူ ဗမာနံမယ်ပေးတာ “ဗိုလ်မိုးကြိုး” တဲ့။
စကြာသိုက်တဘောင်က ဆုံးအောင်လည်း ဆက်မဆိုကြဘူး။ မိုးကြိုးကို ဘယ်သူက ဘာလုပ်မှာတုန်း။ အဲဒီဘယ်သူ့ကိုရော ဘယ်သူက အ၀ှာပြုပြီး ငါတို့တတွေ ဘယ်တော့များကျမှ ဟိုဒင်းဟိုဟာ ဟိုဥစ္စာပြုကြမယ် မသိပါဘူး။ တို့ဘိုးတို့ဘွားများခေတ်တုန်းက တော့
လွတ်လပ်ရေးဆိုတာ လိုချင်လွန်းလို့ အသက်၊ သွေး၊ ချွေးတွေ စတေးခဲ့ရတယ် လို့
ပြောတာပဲ။ လွတ်လပ်မှ အမျှဝေပါတို့ ဘာတို့ မှာတဲ့သူက မှာသွားကြသေးသတဲ့။
သူ့မြေးများလက်ထက်ကျမှ ကျေးဇူးမတင်တဲ့အပြင် “တို့ဘိုးတို့ဘွားတွေ လွတ်လပ်ရေးယူတာ သိပ်စောတာပဲ။” နာနာကျည်းကျည်း အပြစ်တင်တာခံရမှန်းသိရင် တို့ကိုယ်ထဲက သူတို့သွေးတွေ လာများဖောက်ထုတ် သွားကြဦးမလား။
လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့လေ။ သူတို့ခေတ်တုန်းက လွတ်လပ်ရေးကို မရမနေ အသေအလဲ လိုချင်သလောက် ကိုယ်တို့ခေတ်ကိုရောက်တဲ့အခါ သူတို့မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေးအသီးအပွင့်တွေကို ခံစားရမယ့်အစား ဆုတ်လည်းစူး စားလည်းရူးတဲ့ ပဒိုင်းသီးဖီလင်ကြီး ခံစားနေရတာကိုး။ လွတ်လပ်ရေးဆိုတဲ့ဟာကြီးက တကယ်ဆို မချိုပါဘူး အဘွားရယ်။ ဟောင်ကောင်ကလူတွေဆို လွတ်လပ်ရေးပေးပြီး တရုတ်ပြည်မကြီး လက်အောက်ကို ပြန်ပို့မယ်ဆိုလို့ ငိုကြီးချက်မနဲ့ ကနေဒါ၊ အမေကြီးကား ထွက်ပြေးကြသတဲ့။ အင်္ဂလိပ်ခေတ်တုန်းက စစ်ပြေးဒုက္ခသည်ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်းကာလမှာပဲ ရှိတယ်။ ကိုယ်တို့ခေတ်မှာ တချို့အရပ်က တိုင်းရင်းသားလေးတွေ စစ်ပြေးနေကြရတာ ဘယ်တုန်းကစလို့ ဘယ်တော့မှ ဆုံးမလဲ။ သူ့ကျွန်အဖြစ် နွံနစ်နေတုန်းကမှ ဗမာဆိုတာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးစာရင်းထဲပါတယ်။ အခု ကိုယ့်ကျွန်မခံပြီ လုပ်နေရတော့မှ ကိုယ့်နောက်မှာ အရှေ့တီမောတောင် မကျန်ချင်ဘူး။ ဗမာဆရာဝန်တွေ အင်ဒိုနီးရှား၊ မလေးရှားကို ပညာတော်သင်သွားနေကြရပြီ။ ဖိလစ်ပိုင်က ဖင်လိန်လိန်ကလေးတွေကို ကိုယ်တို့ဟော်တယ်ကြီးတွေပေါ်မှာ ဖတ်စ်ကလပ်စ် အန်တာတိန်းမန့်လုပ်ဖို့ ကန်တော့ပွဲနဲ့ ပင့်ထားရတယ်။ ပက်ပုန်း၊ ခေါက်စံကဟာတွေ အမြတ်တနိုး မဏ္ဍပ်ပေါ်တင်ပြီး “နင်တို့မြန်မာတွေ ဒါမျိုး မြင်ဖူးလို့လား။” လို့ ကြက်ကရာ ကျီးမောခိုင်းတယ်။ မြန်မာ့မြေပေါ်က အစိုးရပိုင်ရုံးကြီးကို ဖျက်ပြီး ဗီယက်နမ်က ကွန်ဒိုလာဆောက်ရင် အခန်းတစ်ခန်း သိန်းပေါင်းတစ်သောင်းပေးလို့ အပြင်မှာ ငွေသွားချေရသတဲ့။ ကိုယ့်မြန်မာပြည်က ဘဏ်တွေကို အယုံအကြည် မရှိတဲ့ပုံ။ လာအို၊ ကမ္ဗောဒီးယား၊ ထိုင်ဝမ်တို့က မြန်မာဆိုရင် “သြော် တတိယကမ္ဘာက လာတာလား။” လို့ သနားကြည့်ကြည့်တာ ခံရတယ်။ ဟောင်ကောင်ကလူတွေ သွားပြောရင်တော့ “သိပြီ သိပြီ။ ငါတို့အိမ်က အိမ်ဖော်တွေ အဲ့ဒီကလာတယ်လေ။” လို့ ပြောကြမှာ။
အဲဒါ လွတ်လပ်ရေး အရယူတာ စောလို့ မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက် ကိုယ့်လူမျိုးတွေ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်တာ ညံ့လို့ လို့ ပြောရင် ဘယ်လိုသဘောရသလဲ။ နဂါးနိုင်မင်းဟာ မင်းအဖြစ်ကိုရဖို့ လက်ရုံးရည် နှလုံးရည်တွေ အများကြီး ကြိုးစားခဲ့ရတယ်။ နောက်ဆုံးတော့ နန်းသိမ်းပွဲသဘင် ကျင်းပလို့ ဇေယျာအောင်ချာ စိုးမိုးသိမ်းမြန်းလုပ်လေသတည်း။
ပုံပြင်မှာတော့ အဲသလို ဇာတ်သိမ်း လို့ရတာပေါ့။ တကယ့် လက်တွေ့ဘ၀မှာတော့
မရဘူး။ ရှင်ဘုရင်ကြီး နန်းတက်လာရင် သူ့နန်းသက်က အဲသည်တော့မှ စတာ
သူ့လက်ထက်မှာ သူကောင်းတာ မကောင်းတာ တိုင်းပြည်ကောင်းတာ မကောင်းတာ အဲဒါကမှ
သူ့သမိုင်း ကိုယ့်သမိုင်း။ ရွေးကောက်ပွဲမှာ ကိုယ့်ပါတီအနိုင်ရဖို့ဆိုတာ
လမ်းဆုံးပန်းတိုင် မဟုတ်ဘူး။ ဇာတ်လမ်းအစပဲ ရှိသေးတယ်။
ကိုယ့်ဟာကိုယ် ဖြစ်တဲ့နည်းနဲ့ အတင်းတက်ယူလာတဲ့သူတွေ စင်ပေါ်ရောက်မှ
ချိုမိုင်မိုင်ကပြီး ရောင်စုံဘောလုံး ကီးကြောင်ကြီးနဲ့ဆိုနေတာ
မှတ်တမ်းဝင်ကုန်တော့ အဲဒါတွေလည်း သမိုင်းဖြစ်ကုန်တာ မြင်တယ် မဟုတ်လား။ ခေတ်ကြီးက အရင်လို မဟုတ်တော့ဘူး။ နိုင်ငံတကာက မျက်လုံးဒေါက်ထောက်ကြည့်နေကြတာ။ ကရော်ကမယ်နဲ့တော့ တက်မလာနဲ့။ တောက်ချပစ်လိုက်မယ်။
ကိုယ်တို့တိုင်းပြည်ကို ကိုယ်တို့ ဘယ်လိုအုပ်ချုပ်ခဲ့သလဲ သိချင်ရင် ၁၉၄၈ က စပြီး ၂၀၁၀ ထိအောင် သတင်းစာတွေ ထိုင်ဖတ်ကြည့်ပါလား။ အကြောင်းအရာကို မသုံးသပ်နဲ့။ အဖြစ်အပျက်ကလေးတွေကိုပဲ ရက်စွဲကလေးနဲ့ အတိုမှတ်လာခဲ့။ ကောက်ကြောင်း အကြမ်းဖျင်းကလေး ထွက်လာလိမ့်မယ်။ ဒါ အမှန်တရား မဟုတ်သေးဘူး။ အစိုးရက သူ့ဘာသာ ပြောတဲ့ ငါ့စကားနွားရပဲ ရှိသေးတာ။ အဲဒါတောင်မှ ဘယ့်ဂလောက် ကသောင်းကနင်း ဖြစ်နေသလဲဆိုတာ ဘွင်းဘွင်းကြီးပေါ်နေတယ်။ ခုစာကလေးကြော် ခုဆီထမင်းကို သုံးခေါက်လောက်ကျော့ပြီးတာလည်း မမှတ်မိချင်ဘူး။ နောက်လူလာတိုင်း တစ်ကပြန် စစကြည့်တယ်။ သင်ခန်းစာလည်း မယူဘူး။ သည်းခြေလည်း မရှိဘူး။ အာရုံကို နန်းသက် နဲ့ စည်းစိမ်မှာပဲ ထားတယ်။
“ဒါတွေဟာ အာဏာရှင် စံနစ်ဆိုးကြောင့်ဖြစ်တာလေ။ သွားလေသူကြီး ယုတ်မာသွားလို့ပေါ့။” လို့ တွေးတာဟာ တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချပြီး ကိုယ်ကိုယ်တိုင်က ကိုယ်တာဝန်ကိုယ် မယူချင်တဲ့ အတွေး လို့ ပြောရမှာပဲ။ ကိုယ်လည်း ကလေးတုန်းကတွေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်သွားတာ ဘာလို့များ ရဲဘော် ၂၉ ယောက်တည်းနဲ့ မသွားသလဲ။ သူ တစ်ယောက်ပိုခေါ်သွားလို့ ငါတို့မှာ ၂၉ နှစ်မက ဒုက္ခရောက်ရတယ်ပေါ့။ တကယ်တော့ ပိုတဲ့တစ်ယောက်က ဒုက္ခပေးတာ မဟုတ်ဘူး။ လိုတဲ့တစ်ယောက်။ အဲဒီအချိန်တုန်းက အဲသလိုလုပ်ဖို့ လူတစ်ယောက်လိုနေလို့ ဦးနုကြီးကိုယ်တိုင်က ကြည်ကြည်ဖြူဖြူ အိမ်စောင့်ခိုင်းလိုက်မိတာလေ။ သူမှ မဟုတ်ဘူး။ ဘယ်သူမဆို အဲသည်နေရာရောက်ရင် အဲသလိုပဲ ဖြစ်မှာ။ လူကိုခဏဘေးဖယ်ပြီး အခြေအနေကို ပြန်သုံးသပ်ကြည့်လိုက်။ မြန်မာပြည် ဘာဖြစ်လို့ အာဏာရှင်လက်အောက်ရောက်သလဲ။ မြန်မာပြည်မှာ ဘာလို့ အာဏာရှင်တွေ သက်တမ်းရှည်သလဲ။ တွေးကြည့်ရင် ကိုယ်နဲ့က အဲ့ဒါပဲ တန်တာကိုး လို့ သဘောပေါက်မိတယ်။ (သည်စာကြောင်းကလေးတင် ဖြတ်တောက်ကူးယူပြီး ကိုယ်လိုရာဆွဲ ဖွလိုသပဆိုလည်း ဖွကြရော့လဟယ်) ဗမာတွေလောက် မညီညွတ်တာ ဗမာတွေပဲ ရှိတယ်။ ဗမာတွေလောက် စည်းကမ်းမရှိတာလည်း ဗမာတွေပဲ ရှိတယ်။ ကိုယ့်အပေါ် ဓါးမိုးပြီး အုပ်ချုပ်လာရင် တွန်းလှန်ဖို့ စိတ်မကူးတတ်ဘူး။ ဓါးကိုင်တဲ့ကောင်နဲ့ ပုလဲနာမ သင့်အောင်ပေါင်းပြီး ကိုယ်အနေအစားချောင်ဖို့ကိုပဲ အရင်စဉ်းစားတယ်။ သူတို့နဲ့လိုက်တာ အာဏာရှင်စံနစ်ပဲ ရှိတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူတို့ကို အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ မော်စီတုံးတို့ လီကွမ်ယုတို့လို အမျှော်အမြင်ရှိတဲ့ သူတွေ ပါမလာလို့ သူတို့လည်း သည်ဘူတာလောက်သာ ဆိုက်နိုင်ခဲ့တယ်။
တိုင်းပြည်ခေါင်းဆောင်တွေကို အာဏာရှင်လို့ ခေါင်းစဉ်တပ်ပြီး စော်ကားတယ်လို့ ထင်ရင် သူတို့ ဘာလုပ်ခဲ့သလဲ ပြန်စဉ်းစားကြည့်လိုက်ပါလေ။ ခေါင်းဆောင်ဆိုတာ ပြည်သူကို သူလိုချင်တဲ့ပန်းတိုင်ရောက်အောင် ဦးဆောင်လမ်းညွှန်ရတာ။ အင်္ဂလိပ်လိုပြောတော့ “Leader” ဆိုတာ Lead လုပ်တဲ့သူပဲ။ အာဏာရှင်ဆိုတာကျတော့ တိုင်းသူပြည်သားတွေအားလုံးက သူ့အမိန့်ကို နာခံရတာ။ သူလိုချင်တာကို အမိန့်ပေးစေခိုင်းတဲ့သူ၊ Dictate လုပ်တဲ့သူကို “Dictator” လို့ခေါ်တာ။ ဒါဆိုရင် ရှင်းရှင်းလေး။ သွားလေသူကြီးတွေ ကိုယ်တို့ကို ဘာလုပ်သွားသလဲ။ သူတို့လုပ်တဲ့အလုပ်အတိုင်း သူတို့ကို ခေါ်ရမှာပေါ့။ (အင်္ဂလိပ်အဘိဓါန်ထဲမှာ “လိုအပ်သည်များကို မှာစားသွားသူ”ဆိုတာကိုတော့ ဘယ်လိုခေါ်မှန်း မသိဘူးဗျ။)
အုပ်ချုပ်သူတွေဟာ သူတို့ကိုယ်သူတို့တော့ အာဏာရှင်လို့ ဘယ်မြင်မလဲ။ ငါတို့ဟာ တိုင်းပြည်အတွက် အသက်သွေးချွေး စတေးရင်းနှီးပြီးတော့ အနစ်နာခံထားတယ်။ ဒါကြောင့်မို့လို့ ထီးနန်းစည်းစိမ်ဟာ ငါတို့နဲ့သာ ထိုက်တန်တယ် ဆိုတဲ့ အမြင်ပဲရှိတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်တာတွေ စွန့်စားတာတွေက အာဇာနည်ယောင်္ကျားကောင်းတွေမှ လုပ်နိုင်တာ။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်စီမံတာကတော့ အသိအလိမ္မာ ပညာဥာဏ်မပါပဲ ဘယ်ဖြစ်ပါ့မလဲ။ ဥပမာဆိုကြပါစို့။ အာဏာရှင်ဖ၀ါးအောက်မှာ ဦးမညွှတ်စတမ်း ကြံ့ကံ့ခံတိုက်ပွဲဝင်သွားတဲ့သူ တွေ
အများကြီး။ သူတို့အသက် ထက်ဝက်လောက်ကို ထောင်ထဲမှာ တောထဲမှာ
အနစ်နာခံပေးဆပ်ကြရတယ်။ အခု အစိုးရအသစ် ပြောင်းသွားပြီ။ သူတို့လည်း
ပါတီတွေထောင်ထားပြီ။ သူတို့ကို နိုင်ငံခြားရေးဝန်ကြီးတို့၊
ကာကွယ်ရေးဝန်ကြီးတို့၊ ဘယ်ဝန်ကြီးဌာနမှာပဲ တာဝန်ပေးပေး ဆေးစက်ကျရာ
အရုပ်ထင်ပြီး နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ
စီမံအုပ်ချုပ်နိုင်ပါ့မလား။ (အကျဉ်းဦးစီးမှာ ညွှန်မှူးလောက်ဆိုတော်ရောပေါ့ နော့။) အရပ်ဘက်ရောက်သွားတဲ့ မိုးကျရွှေကိုယ်ကြီးတွေ
ဝယ်သာနိုင်ငံခြားကမှာတာ ရိုးသွားတော့ နောက်လာမယ့် မောင်ပုလဲ
ဒိုင်းဝန်ထက်ကဲပုံကလေးတွေ ပြက်လုံးအသစ်ထွင်ရတာပ။ အလုပ်ဆိုတာ
ကိုယ်တိုင်လုပ်ကြည့်မှ လက်တွေ့သိတာ။ အလုပ်လုပ်ဖို့နေနေသာသာ လူ့ရှေ့သူ့ရှေ့
ပြောအပ်သောစကား မပြောအပ်သောစကားတောင် ခွဲခြားနားလည်တဲ့ ဦးနှောက်မရှိလို့
အင်တာနက်ပေါ်မှာ စကားကြီးတွေ အဖတ်တင်နေတဲ့ ဘဘကြီးတွေ မမြင်ဖူးလို့လား။
နှစ်နှစ်လောက် နေရင် လာမေးချင်တယ်။ “လွယ်သလား ခက်သလား ရာမ ။ ပြောစမ်းပါ။ လွယ်သလား ခက်သလား။ ဗိုလ်လုပ်ချင်တဲ့လူဆိုတာ…။” လို့။
သိပ်မကြာခင်မှာ အသက်ထက်ဆုံး လည်မြိုကို တက်နင်းထားတဲ့ ဖိနှိပ်သူတွေကို မကျေနပ်တာကြောင့် အုံနဲ့ကျင်းနဲ့ အတိုက်အခံဘက်ကို အားပေးကြတော့မယ်တဲ့။ ဘာမှ လာမမေးနဲ့။ ကိုယ်ကိုယ်တိုင်လည်း သူတို့ကိုပဲ မဲပေးမှာ။ “ဘယ်သူဖြစ်နေနေ။ ဘာကြီးဖြစ်နေနေ။ ခင်ဗျားတို့ မဟုတ်ရင် ပြီးရော။” ဆိုတဲ့ မေတ္တာစိတ်ထားကလေးနဲ့ကို ပေးကြဦးမှာ။ “မှားရင်လည်း မှားပစေတော့။ ခင်ဗျားကြီးတို့ မှားခဲ့တာ များပြီ။ နောက်လူမှားဖို့ အလှည့်ပေးဦးမယ်။” ဆိုပြီးတော့ကို မှားပလိုက်မှာ။ အာဏာရရော အတိုက်အခံရော အားရပါးရစောင်းပေးပြီး နိုင်ဖဲ ၀ှက်ဖဲ ခိုးဖဲ အောက်ဖဲနဲ့ကစားဖို့ စိုင်းပြင်းနေကြတာ အဲသည်နေရာတစ်ခုပဲ ရှိတယ်။ ဘယ်သူက နဂါးနိုင်မင်း ဖြစ်မှာလဲပေါ့။ တကယ့်ပြဿနာက ဘယ်သူနိုင်နိုင် နိုင်တဲ့သူက တိုင်းပြည်အုပ်ချုပ်တဲ့အခါ သူ့ရှေ့ကဆင်းသွားတဲ့သူတွေလိုပဲ အမျှော်အမြင် ဆင်ခြင်တုံတရား ကင်းမဲ့စွာ အရာအားလုံး ထီးဘုရားသဘောကျ တိုင်းပြည်မျက်နှာမကြည့်ပဲ ဆက်အုပ်ချုပ်ခဲ့ရင် အရင်ဇာတ်လမ်းဟောင်းကြီး လူလဲကသလို ဖြစ်ဦးမှာပဲ။
စစ်အစိုးရလက်ထက်မှာ ဘီဘီစီနားထောင်ရင် အဖမ်းခံရတယ်။ ကဗျာရေးရင် ထောင်ကျတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက သူ့မကောင်းကြောင်း ပြောရင်မကြိုက်ဘူး။ နောင်ကို မပြောရဲအောင် အသံမထွက်ရဲအောင်ကို နှိပ်ကွပ်ပလိုက်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ဒီဖိနှိပ်မှုတွေအောက်က ရုန်းကြွလာတဲ့ အတိုက်အခံကရော။ သူအာဏာရလာတဲ့အခါ သူ့အပေါ် ဝေဖန်လာရင် ပြုံးပြီး နားထောင်နေနိုင်ပါ့မလား။ ဖေ့စ်ဘုတ်ပေါ်မှာတော့ ဒီမိုပါတဲ့စာမျက်နှာတွေ သွားဖတ်ကြည့်လိုက်လေ။ သူတို့လည်း မအေတွေနှမတွေ မိုးမွှန်အောင် ကိုင်တုပ်ပြီးမှ နားရင်းပါးရင်းတီးတတ်အောင် လေ့ကျင့်နေကြတယ်။ သူတို့လက်ထက်ရောက်ရင်လည်း နိုင်ငံရေးအကျဉ်းသားအသစ်တွေ ပေါ်လာဦးမှာလား။ ခရိုနီအသစ်တွေ ပေါ်လာဦးမှာလား။ အခုကတည်းကတောင် တချို့လူတွေက “ဂန်ဒွင်မေမေ၊ ဂျုနာမေမေ၊ ကောင်းဂင်မေမေ၊ မြင်းမိုရ်မေမေ” အင်ထရိုလေးပျိုးထားပြီ။ သည်လှေနစ်တာနဲ့ ဟိုလှေကို ကူးလိုက်ရုံပဲ။ ဆောက်ဖြစ်မှ ကျောင်းဒကာပေမယ့်လည်း ဘယ်သူဆောက်ဆောက် သည်ကျောင်းကြီးပဲ ထွက်မယ့်ပုံပါလေ။
ဖြစ်မဖြစ်ရသေးဘူး။ အပြစ်က မြင်နေပြီ။ ဒင်းလုပ်တာနဲ့ တို့ပါတီ ထောက်ခံမှုတွေ လျော့ကုန်လိမ့်မယ် လို့ မထင်ပါနဲ့။ ဘယ်သူမထောက်ခံထောက်ခံ ကိုယ်ထောက်ခံမှာပါ။ ဒါပေသိ နောင်ကျရင် ရိုးရာမပျက် အစိုးရမကောင်းကြောင်းတွေ ဆက်ရေးနေရမှာစိုးလို့ ဒါကြီးတွေတော့ မလုပ်နဲ့နော် လို့ ကြိုကြိုတင်တင် သတိပေးထားရတာ။ နောက်ဘုန်းကြီးမို့ ပိုခေါက်ချင်တယ်ဆိုလည်း သဘောပေါ့။
ချေဂွေဗားရားကြီး အကြောင်း ရုပ်ရှင်ထဲ ကြည့်ရတော့ ကိုယ်တွေးမိတာက တစ်မျိုး။ အဲ့ဒီဆရာဝန်ဟာလေ အသက်ထက်ဆုံး တော်လှန်ရေးကိုပဲ လုပ်တတ်လေတယ်။ သည်နိုင်ငံက တော်လှန်ရေးအောင်မြင်ရင် ဟိုနိုင်ငံမှာ ဆက်တော်လှန်တယ်။ တော်ပြီ။ တော်လှန်ရေးပြီးပြီ။ ဆရာဝန် ပြန်လုပ်မယ်ဆိုတဲ့ စိတ်လည်း မရှိဘူး။ တို့ဆီက ဘဘတွေဖြင့် ပင်စင်ယူရင်မွေးဖို့ နွားဝယ်ထားပြီးပြီ။ အန်တီဆို မုန့်ဟင်းခါးရောင်းဖို့ စကားစထားပြီ။ လူဆိုတာ လိုချင်တဲ့ ပန်းတိုင်တစ်ခုရောက်အောင် ကြိုးစားပြီးရင် လက်စကလေး သတ်နိုင်မှဖြစ်တာ။ တစ်ခုပြီးတစ်ခု ဆက်လိုက်နေရင် မဆုံးတော့ဘူး။ သည်လိုနဲ့ အာဇာနည်တွေဟာ သူတို့ကိုယ်တိုင် အာဏာရှင်အဖြစ်နဲ့ ဇာတ်သိမ်းမလှကုန်တာတွေ ရှိလာတယ်။ အဲ့သလို တွေးခဲ့မိတာ။
အခုတော့ ချေ့ကို ကိုယ်ချင်းစာတတ်သွားပြီ။ ကိုယ်လည်းပဲ မတော်မတည့် ကမောက်ကမတွေ့ရင် အရင်အစိုးရမို့လို့ ကန့်လန့််တိုက်ရေးခဲ့တာ။ အခုအစိုးရမို့လို့ ကဏ္ဍကောစ ရေးနေတာ မဟုတ်ဘူး။ နောက်အစိုးရတက်လာလည်း မနေနိုင်မထိုင်နိုင် အငေါ်တူးပြီး ရေးနေမိဦးမလား မပြောတတ်ဘူး။ အသက်ထက်ဆုံး အစိုးရမကောင်းကြောင်းရေးသူကြီး ဖြစ်တော့မှာပဲ။ ကိုယ်တင်တဲ့အစိုးရ ကိုယ်ပြန်ဖွရတာလောက် အသည်းနာစရာ ကောင်းတာလည်း မရှိ။ ဖြူဖြူကလေး ကြားရင်တော့ “ရန်သူကြီးတစ်ယောက်လို ထင်နေပြီလား…။” လို့ နှုတ်ခမ်းလေးစူပြီး “ဒါဟာ အချစ်တဲ့လား။ အဲ့ဒါ အချစ်တဲ့လား။ ဒါများ အချစ်တဲ့လား။” အမေးခံရလိမ့်မယ်။ မနေနိုင်လို့ ရေးမိတာပါကွယ်။ “မုန်းလို့ ဟုတ်ဘူး။ မုန်းလို့ဟုတ်ဘူး။” လို့ ရွှေမန်းတင်မောင်ကို ရှေ့နေလိုက်ခိုင်းရတော့မှာ။ ဖြစ်ကာမှ ဖြစ်ရော့လေ။ ကိုယ့်အမေကိုယ် ထော်လော်ကန့်လန့်ရေးနိုင်ဖို့ မယ်ဖျားကြီး ရွှေတောင်တက်ဖို့သာ အဓိက။ တက်သာတက် မယ်မယ်။ နောက်တော့မှ ကိုယ်တို့သားအမိ ဆက်ရန်ဖြစ်ကြတာပေါ့နော့။
ခင်မောင်ရင်ဆိုတဲ့ စကြာသိုက်သီချင်းကလည်း အဲ့သလိုပဲ စောင်းမြောင်းဆော်တာပါပဲ။ စကြာသိုက်တဘောင်ပေါ်သတဲ့။ “အင်းကို ဟင်္သာဆင်းမည်။” ဆိုတာ အင်းဝနေပြည်တော်ကို ဟံသာဝတီက တက်သိမ်းပိုက်လိမ့်မယ် လို့ ပြောတာ။ “ဆင်းရင် လေးနဲ့ခွင်းမည်။” ဆိုတာကျတော့ အဲသည် ဟံသာဝတီနေပြည်တော်ကိုတော့ မုဆိုးဘိုမင်းဆက်တည်ထောင်သူ အလောင်းမင်းတရားက နှိမ်နှင်းမှာလေ။ “ထိုမုဆိုးကို ထီးရိုးရိုက်လိမ့်မည်။” ဆိုတာကတော့ မုဆိုးဘိုမင်းဆက်ဟာ စနေနံ အင်္ဂလိပ်လက်ချက်နဲ့ မင်းဆက်ပြတ်မှာ လို့ ပြောတာ။ နောက်ဆုံးကျတော့ “ထီးရိုးကို မိုးကြိုးပစ်မည်။” တဲ့။ အင်္ဂလိပ်အစိုးရကို စကြာမင်းသားလေးက နိုင်တော့မှာပေါ့နော်။ သည်လိုပဲ ကြံဖန် မင်းလောင်းမျှော်ပြီး အင်္ဂလိပ်အစိုးရကို မေတ္တာပို့နေကြတာပါပဲ။ “၁၃၀၁ ခုကစ၍ ရတနာဆိုတာ လိုရာ ပြည့်နိုင်မည်။” ဆိုတော့ ကြည့်ရတာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတုန်းက မြန်မာပြည်သူလူထုကို အင်္ဂလိပ်လက်အောက်က လွတ်အောင်ကြိုးစားဖို့ အိပ်မက်ကလေး ပေးတဲ့သဘောလို့ မှတ်တယ်။ တိုက်ဆိုင်တာပဲလား မသိပါဘူး။ တွတ်တော့ ၀င်သွားသား။ အင်္ဂလိပ်ကိုတိုက်ထုတ်တဲ့ ဂျပန်စစ်ဗိုလ်ကြီးဆူဇူကီးက သူ့ကိုယ်သူ ဗမာနံမယ်ပေးတာ “ဗိုလ်မိုးကြိုး” တဲ့။
စကြာသိုက်တဘောင်က ဆုံးအောင်လည်း ဆက်မဆိုကြဘူး။ မိုးကြိုးကို ဘယ်သူက ဘာလုပ်မှာတုန်း။ အဲဒီဘယ်သူ့ကိုရော ဘယ်သူက အ၀ှာပြုပြီး ငါတို့တတွေ ဘယ်တော့များကျမှ ဟိုဒင်းဟိုဟာ ဟိုဥစ္စာပြုကြမယ် မသိပါဘူး။ တို့ဘိုးတို့ဘွားများခေတ်တုန်းက
လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့လေ။ သူတို့ခေတ်တုန်းက လွတ်လပ်ရေးကို မရမနေ အသေအလဲ လိုချင်သလောက် ကိုယ်တို့ခေတ်ကိုရောက်တဲ့အခါ သူတို့မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေးအသီးအပွင့်တွေကို ခံစားရမယ့်အစား ဆုတ်လည်းစူး စားလည်းရူးတဲ့ ပဒိုင်းသီးဖီလင်ကြီး ခံစားနေရတာကိုး။ လွတ်လပ်ရေးဆိုတဲ့ဟာကြီးက တကယ်ဆို မချိုပါဘူး အဘွားရယ်။ ဟောင်ကောင်ကလူတွေဆို လွတ်လပ်ရေးပေးပြီး တရုတ်ပြည်မကြီး လက်အောက်ကို ပြန်ပို့မယ်ဆိုလို့ ငိုကြီးချက်မနဲ့ ကနေဒါ၊ အမေကြီးကား ထွက်ပြေးကြသတဲ့။ အင်္ဂလိပ်ခေတ်တုန်းက စစ်ပြေးဒုက္ခသည်ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်းကာလမှာပဲ ရှိတယ်။ ကိုယ်တို့ခေတ်မှာ တချို့အရပ်က တိုင်းရင်းသားလေးတွေ စစ်ပြေးနေကြရတာ ဘယ်တုန်းကစလို့ ဘယ်တော့မှ ဆုံးမလဲ။ သူ့ကျွန်အဖြစ် နွံနစ်နေတုန်းကမှ ဗမာဆိုတာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးစာရင်းထဲပါတယ်။ အခု ကိုယ့်ကျွန်မခံပြီ လုပ်နေရတော့မှ ကိုယ့်နောက်မှာ အရှေ့တီမောတောင် မကျန်ချင်ဘူး။ ဗမာဆရာဝန်တွေ အင်ဒိုနီးရှား၊ မလေးရှားကို ပညာတော်သင်သွားနေကြရပြီ။ ဖိလစ်ပိုင်က ဖင်လိန်လိန်ကလေးတွေကို ကိုယ်တို့ဟော်တယ်ကြီးတွေပေါ်မှာ ဖတ်စ်ကလပ်စ် အန်တာတိန်းမန့်လုပ်ဖို့ ကန်တော့ပွဲနဲ့ ပင့်ထားရတယ်။ ပက်ပုန်း၊ ခေါက်စံကဟာတွေ အမြတ်တနိုး မဏ္ဍပ်ပေါ်တင်ပြီး “နင်တို့မြန်မာတွေ ဒါမျိုး မြင်ဖူးလို့လား။” လို့ ကြက်ကရာ ကျီးမောခိုင်းတယ်။ မြန်မာ့မြေပေါ်က အစိုးရပိုင်ရုံးကြီးကို ဖျက်ပြီး ဗီယက်နမ်က ကွန်ဒိုလာဆောက်ရင် အခန်းတစ်ခန်း သိန်းပေါင်းတစ်သောင်းပေးလို့ အပြင်မှာ ငွေသွားချေရသတဲ့။ ကိုယ့်မြန်မာပြည်က ဘဏ်တွေကို အယုံအကြည် မရှိတဲ့ပုံ။ လာအို၊ ကမ္ဗောဒီးယား၊ ထိုင်ဝမ်တို့က မြန်မာဆိုရင် “သြော် တတိယကမ္ဘာက လာတာလား။” လို့ သနားကြည့်ကြည့်တာ ခံရတယ်။ ဟောင်ကောင်ကလူတွေ သွားပြောရင်တော့ “သိပြီ သိပြီ။ ငါတို့အိမ်က အိမ်ဖော်တွေ အဲ့ဒီကလာတယ်လေ။” လို့ ပြောကြမှာ။
အဲဒါ လွတ်လပ်ရေး အရယူတာ စောလို့ မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက် ကိုယ့်လူမျိုးတွေ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်တာ ညံ့လို့ လို့ ပြောရင် ဘယ်လိုသဘောရသလဲ။ နဂါးနိုင်မင်းဟာ မင်းအဖြစ်ကိုရဖို့ လက်ရုံးရည် နှလုံးရည်တွေ အများကြီး ကြိုးစားခဲ့ရတယ်။ နောက်ဆုံးတော့ နန်းသိမ်းပွဲသဘင် ကျင်းပလို့ ဇေယျာအောင်ချာ စိုးမိုးသိမ်းမြန်းလုပ်လေသတည်း။
ကိုယ်တို့တိုင်းပြည်ကို ကိုယ်တို့ ဘယ်လိုအုပ်ချုပ်ခဲ့သလဲ သိချင်ရင် ၁၉၄၈ က စပြီး ၂၀၁၀ ထိအောင် သတင်းစာတွေ ထိုင်ဖတ်ကြည့်ပါလား။ အကြောင်းအရာကို မသုံးသပ်နဲ့။ အဖြစ်အပျက်ကလေးတွေကိုပဲ ရက်စွဲကလေးနဲ့ အတိုမှတ်လာခဲ့။ ကောက်ကြောင်း အကြမ်းဖျင်းကလေး ထွက်လာလိမ့်မယ်။ ဒါ အမှန်တရား မဟုတ်သေးဘူး။ အစိုးရက သူ့ဘာသာ ပြောတဲ့ ငါ့စကားနွားရပဲ ရှိသေးတာ။ အဲဒါတောင်မှ ဘယ့်ဂလောက် ကသောင်းကနင်း ဖြစ်နေသလဲဆိုတာ ဘွင်းဘွင်းကြီးပေါ်နေတယ်။ ခုစာကလေးကြော် ခုဆီထမင်းကို သုံးခေါက်လောက်ကျော့ပြီးတာလည်း မမှတ်မိချင်ဘူး။ နောက်လူလာတိုင်း တစ်ကပြန် စစကြည့်တယ်။ သင်ခန်းစာလည်း မယူဘူး။ သည်းခြေလည်း မရှိဘူး။ အာရုံကို နန်းသက် နဲ့ စည်းစိမ်မှာပဲ ထားတယ်။
“ဒါတွေဟာ အာဏာရှင် စံနစ်ဆိုးကြောင့်ဖြစ်တာလေ။ သွားလေသူကြီး ယုတ်မာသွားလို့ပေါ့။” လို့ တွေးတာဟာ တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချပြီး ကိုယ်ကိုယ်တိုင်က ကိုယ်တာဝန်ကိုယ် မယူချင်တဲ့ အတွေး လို့ ပြောရမှာပဲ။ ကိုယ်လည်း ကလေးတုန်းကတွေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်သွားတာ ဘာလို့များ ရဲဘော် ၂၉ ယောက်တည်းနဲ့ မသွားသလဲ။ သူ တစ်ယောက်ပိုခေါ်သွားလို့ ငါတို့မှာ ၂၉ နှစ်မက ဒုက္ခရောက်ရတယ်ပေါ့။ တကယ်တော့ ပိုတဲ့တစ်ယောက်က ဒုက္ခပေးတာ မဟုတ်ဘူး။ လိုတဲ့တစ်ယောက်။ အဲဒီအချိန်တုန်းက အဲသလိုလုပ်ဖို့ လူတစ်ယောက်လိုနေလို့ ဦးနုကြီးကိုယ်တိုင်က ကြည်ကြည်ဖြူဖြူ အိမ်စောင့်ခိုင်းလိုက်မိတာလေ။ သူမှ မဟုတ်ဘူး။ ဘယ်သူမဆို အဲသည်နေရာရောက်ရင် အဲသလိုပဲ ဖြစ်မှာ။ လူကိုခဏဘေးဖယ်ပြီး အခြေအနေကို ပြန်သုံးသပ်ကြည့်လိုက်။ မြန်မာပြည် ဘာဖြစ်လို့ အာဏာရှင်လက်အောက်ရောက်သလဲ။ မြန်မာပြည်မှာ ဘာလို့ အာဏာရှင်တွေ သက်တမ်းရှည်သလဲ။ တွေးကြည့်ရင် ကိုယ်နဲ့က အဲ့ဒါပဲ တန်တာကိုး လို့ သဘောပေါက်မိတယ်။ (သည်စာကြောင်းကလေးတင် ဖြတ်တောက်ကူးယူပြီး ကိုယ်လိုရာဆွဲ ဖွလိုသပဆိုလည်း ဖွကြရော့လဟယ်) ဗမာတွေလောက် မညီညွတ်တာ ဗမာတွေပဲ ရှိတယ်။ ဗမာတွေလောက် စည်းကမ်းမရှိတာလည်း ဗမာတွေပဲ ရှိတယ်။ ကိုယ့်အပေါ် ဓါးမိုးပြီး အုပ်ချုပ်လာရင် တွန်းလှန်ဖို့ စိတ်မကူးတတ်ဘူး။ ဓါးကိုင်တဲ့ကောင်နဲ့ ပုလဲနာမ သင့်အောင်ပေါင်းပြီး ကိုယ်အနေအစားချောင်ဖို့ကိုပဲ အရင်စဉ်းစားတယ်။ သူတို့နဲ့လိုက်တာ အာဏာရှင်စံနစ်ပဲ ရှိတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူတို့ကို အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ မော်စီတုံးတို့ လီကွမ်ယုတို့လို အမျှော်အမြင်ရှိတဲ့ သူတွေ ပါမလာလို့ သူတို့လည်း သည်ဘူတာလောက်သာ ဆိုက်နိုင်ခဲ့တယ်။
တိုင်းပြည်ခေါင်းဆောင်တွေကို အာဏာရှင်လို့ ခေါင်းစဉ်တပ်ပြီး စော်ကားတယ်လို့ ထင်ရင် သူတို့ ဘာလုပ်ခဲ့သလဲ ပြန်စဉ်းစားကြည့်လိုက်ပါလေ။ ခေါင်းဆောင်ဆိုတာ ပြည်သူကို သူလိုချင်တဲ့ပန်းတိုင်ရောက်အောင
အုပ်ချုပ်သူတွေဟာ သူတို့ကိုယ်သူတို့တော့ အာဏာရှင်လို့ ဘယ်မြင်မလဲ။ ငါတို့ဟာ တိုင်းပြည်အတွက် အသက်သွေးချွေး စတေးရင်းနှီးပြီးတော့ အနစ်နာခံထားတယ်။ ဒါကြောင့်မို့လို့ ထီးနန်းစည်းစိမ်ဟာ ငါတို့နဲ့သာ ထိုက်တန်တယ် ဆိုတဲ့ အမြင်ပဲရှိတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်တာတွေ စွန့်စားတာတွေက အာဇာနည်ယောင်္ကျားကောင်းတွေမှ လုပ်နိုင်တာ။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်စီမံတာကတော့
သိပ်မကြာခင်မှာ အသက်ထက်ဆုံး လည်မြိုကို တက်နင်းထားတဲ့ ဖိနှိပ်သူတွေကို မကျေနပ်တာကြောင့် အုံနဲ့ကျင်းနဲ့ အတိုက်အခံဘက်ကို အားပေးကြတော့မယ်တဲ့။ ဘာမှ လာမမေးနဲ့။ ကိုယ်ကိုယ်တိုင်လည်း သူတို့ကိုပဲ မဲပေးမှာ။ “ဘယ်သူဖြစ်နေနေ။ ဘာကြီးဖြစ်နေနေ။ ခင်ဗျားတို့ မဟုတ်ရင် ပြီးရော။” ဆိုတဲ့ မေတ္တာစိတ်ထားကလေးနဲ့ကို ပေးကြဦးမှာ။ “မှားရင်လည်း မှားပစေတော့။ ခင်ဗျားကြီးတို့ မှားခဲ့တာ များပြီ။ နောက်လူမှားဖို့ အလှည့်ပေးဦးမယ်။” ဆိုပြီးတော့ကို မှားပလိုက်မှာ။ အာဏာရရော အတိုက်အခံရော အားရပါးရစောင်းပေးပြီး နိုင်ဖဲ ၀ှက်ဖဲ ခိုးဖဲ အောက်ဖဲနဲ့ကစားဖို့ စိုင်းပြင်းနေကြတာ အဲသည်နေရာတစ်ခုပဲ ရှိတယ်။ ဘယ်သူက နဂါးနိုင်မင်း ဖြစ်မှာလဲပေါ့။ တကယ့်ပြဿနာက ဘယ်သူနိုင်နိုင် နိုင်တဲ့သူက တိုင်းပြည်အုပ်ချုပ်တဲ့အခါ သူ့ရှေ့ကဆင်းသွားတဲ့သူတွေလိုပဲ အမျှော်အမြင် ဆင်ခြင်တုံတရား ကင်းမဲ့စွာ အရာအားလုံး ထီးဘုရားသဘောကျ တိုင်းပြည်မျက်နှာမကြည့်ပဲ ဆက်အုပ်ချုပ်ခဲ့ရင် အရင်ဇာတ်လမ်းဟောင်းကြီး လူလဲကသလို ဖြစ်ဦးမှာပဲ။
စစ်အစိုးရလက်ထက်မှာ ဘီဘီစီနားထောင်ရင် အဖမ်းခံရတယ်။ ကဗျာရေးရင် ထောင်ကျတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက သူ့မကောင်းကြောင်း ပြောရင်မကြိုက်ဘူး။ နောင်ကို မပြောရဲအောင် အသံမထွက်ရဲအောင်ကို နှိပ်ကွပ်ပလိုက်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ဒီဖိနှိပ်မှုတွေအောက်က ရုန်းကြွလာတဲ့ အတိုက်အခံကရော။ သူအာဏာရလာတဲ့အခါ သူ့အပေါ် ဝေဖန်လာရင် ပြုံးပြီး နားထောင်နေနိုင်ပါ့မလား။ ဖေ့စ်ဘုတ်ပေါ်မှာတော့ ဒီမိုပါတဲ့စာမျက်နှာတွေ သွားဖတ်ကြည့်လိုက်လေ။ သူတို့လည်း မအေတွေနှမတွေ မိုးမွှန်အောင် ကိုင်တုပ်ပြီးမှ နားရင်းပါးရင်းတီးတတ်အောင် လေ့ကျင့်နေကြတယ်။ သူတို့လက်ထက်ရောက်ရင်လည်း နိုင်ငံရေးအကျဉ်းသားအသစ်တွေ ပေါ်လာဦးမှာလား။ ခရိုနီအသစ်တွေ ပေါ်လာဦးမှာလား။ အခုကတည်းကတောင် တချို့လူတွေက “ဂန်ဒွင်မေမေ၊ ဂျုနာမေမေ၊ ကောင်းဂင်မေမေ၊ မြင်းမိုရ်မေမေ” အင်ထရိုလေးပျိုးထားပြီ။ သည်လှေနစ်တာနဲ့ ဟိုလှေကို ကူးလိုက်ရုံပဲ။ ဆောက်ဖြစ်မှ ကျောင်းဒကာပေမယ့်လည်း ဘယ်သူဆောက်ဆောက် သည်ကျောင်းကြီးပဲ ထွက်မယ့်ပုံပါလေ။
ဖြစ်မဖြစ်ရသေးဘူး။ အပြစ်က မြင်နေပြီ။ ဒင်းလုပ်တာနဲ့ တို့ပါတီ ထောက်ခံမှုတွေ လျော့ကုန်လိမ့်မယ် လို့ မထင်ပါနဲ့။ ဘယ်သူမထောက်ခံထောက်ခံ ကိုယ်ထောက်ခံမှာပါ။ ဒါပေသိ နောင်ကျရင် ရိုးရာမပျက် အစိုးရမကောင်းကြောင်းတွေ ဆက်ရေးနေရမှာစိုးလို့ ဒါကြီးတွေတော့ မလုပ်နဲ့နော် လို့ ကြိုကြိုတင်တင် သတိပေးထားရတာ။ နောက်ဘုန်းကြီးမို့ ပိုခေါက်ချင်တယ်ဆိုလည်း သဘောပေါ့။
ချေဂွေဗားရားကြီး အကြောင်း ရုပ်ရှင်ထဲ ကြည့်ရတော့ ကိုယ်တွေးမိတာက တစ်မျိုး။ အဲ့ဒီဆရာဝန်ဟာလေ အသက်ထက်ဆုံး တော်လှန်ရေးကိုပဲ လုပ်တတ်လေတယ်။ သည်နိုင်ငံက တော်လှန်ရေးအောင်မြင်ရင် ဟိုနိုင်ငံမှာ ဆက်တော်လှန်တယ်။ တော်ပြီ။ တော်လှန်ရေးပြီးပြီ။ ဆရာဝန် ပြန်လုပ်မယ်ဆိုတဲ့ စိတ်လည်း မရှိဘူး။ တို့ဆီက ဘဘတွေဖြင့် ပင်စင်ယူရင်မွေးဖို့ နွားဝယ်ထားပြီးပြီ။ အန်တီဆို မုန့်ဟင်းခါးရောင်းဖို့ စကားစထားပြီ။ လူဆိုတာ လိုချင်တဲ့ ပန်းတိုင်တစ်ခုရောက်အောင် ကြိုးစားပြီးရင် လက်စကလေး သတ်နိုင်မှဖြစ်တာ။ တစ်ခုပြီးတစ်ခု ဆက်လိုက်နေရင် မဆုံးတော့ဘူး။ သည်လိုနဲ့ အာဇာနည်တွေဟာ သူတို့ကိုယ်တိုင် အာဏာရှင်အဖြစ်နဲ့ ဇာတ်သိမ်းမလှကုန်တာတွေ ရှိလာတယ်။ အဲ့သလို တွေးခဲ့မိတာ။
အခုတော့ ချေ့ကို ကိုယ်ချင်းစာတတ်သွားပြီ။ ကိုယ်လည်းပဲ မတော်မတည့် ကမောက်ကမတွေ့ရင် အရင်အစိုးရမို့လို့ ကန့်လန့််တိုက်ရေးခဲ့တာ။ အခုအစိုးရမို့လို့ ကဏ္ဍကောစ ရေးနေတာ မဟုတ်ဘူး။ နောက်အစိုးရတက်လာလည်း မနေနိုင်မထိုင်နိုင် အငေါ်တူးပြီး ရေးနေမိဦးမလား မပြောတတ်ဘူး။ အသက်ထက်ဆုံး အစိုးရမကောင်းကြောင်းရေးသူကြီး ဖြစ်တော့မှာပဲ။ ကိုယ်တင်တဲ့အစိုးရ ကိုယ်ပြန်ဖွရတာလောက် အသည်းနာစရာ ကောင်းတာလည်း မရှိ။ ဖြူဖြူကလေး ကြားရင်တော့ “ရန်သူကြီးတစ်ယောက်လို ထင်နေပြီလား…။” လို့ နှုတ်ခမ်းလေးစူပြီး “ဒါဟာ အချစ်တဲ့လား။ အဲ့ဒါ အချစ်တဲ့လား။ ဒါများ အချစ်တဲ့လား။” အမေးခံရလိမ့်မယ်။ မနေနိုင်လို့ ရေးမိတာပါကွယ်။ “မုန်းလို့ ဟုတ်ဘူး။ မုန်းလို့ဟုတ်ဘူး။” လို့ ရွှေမန်းတင်မောင်ကို ရှေ့နေလိုက်ခိုင်းရတော့မှာ။ ဖြစ်ကာမှ ဖြစ်ရော့လေ။ ကိုယ့်အမေကိုယ် ထော်လော်ကန့်လန့်ရေးနိုင်ဖို့ မယ်ဖျားကြီး ရွှေတောင်တက်ဖို့သာ အဓိက။ တက်သာတက် မယ်မယ်။ နောက်တော့မှ ကိုယ်တို့သားအမိ ဆက်ရန်ဖြစ်ကြတာပေါ့နော့။
No comments:
Post a Comment