ဆီးတယ်လ်တိုင်းမ်
မြိတ်ကျွန်းစုကို ပျောက်ဆုံးနေသောကမ္ဘာဟု ခေါ်ကြသည်။ ယခုတော့ ထိုပျောက်ဆုံးနေသောကမ္ဘာကို တွေ့ထားကြပြီဖြစ်သည်။ ပျောက်ဆုံးနေသောကမ္ဘာကို ပထမဦးစွာ တွေ့ရှိသူများက တံငါသည်များ၊ ငါး ခိုးဖမ်းကြသူများ၊ သစ်ခုတ်သူများနှင့် ပြင်ပကလာရောက်သူများဖြစ်သည်။ ယခုတော့ ကုမ္ပဏီများနှင့် ငွေ ကုန်ကြေးကျခံ ခရီးသွားလာနိုင်ကြသည့် ခရီးသွားဧည့်သည်များကပါ ထိုပျောက်ဆုံးနေသောကမ္ဘာကို တွေ့ခဲ့ကြပြီဖြစ်သည်။ သို့ရာတွင် ဤကမ္ဘာကို ပျောက်ဆုံးသွားသူများကတော့ ရာစုနှစ်ပေါင်းများစွာ ကုန်း မြေမကြီးနှင့်ဝေးရာ ပင်လယ်ထဲမှာနေလာခဲ့ကြသော မော်ကင်း (ဆလုံ) လူမျိုးများ ဖြစ်သည်။
ဤကျွန်းများသည် ကမ္ဘာတွင် အရှားပါးဆုံး အဏ္ဏ၀ါဇီဝ မျိုးကွဲအချို့တို့ ခိုအောင်းရာ နေရာများအဖြစ်လည်း ကောင်း၊ မပျက်စီးသေးသည့် ပင်လယ်ရှုခင်းများကို ကြည့်ရှုနိုင်သော အာရှ၏ ဆွဲဆောင်မှုအရှိဆုံး ပင် လယ်ကမ်းခြေများတည်ရှိရာ နေရာတစ်ခုအဖြစ်လည်းကောင်း၊ နယ်မြေသစ်များ၏ အတွေ့အကြုံကို ရရှိ ခံစားလိုသူများအား သံလိုက်ဓာတ်ပမာ ဆွဲငင်အားကောင်းလှသည့် နေရာအဖြစ်လည်းကောင်း ယူဆ ထားကြသောနေရာဖြစ်သည်။
ကမ္ဘာကြီးက ကျဉ်းမြောင်းလာသည်နှင့်အမျှ မော်ကင်းလူမျိုး၏ အရေအတွက်မှာလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
မော်ကင်းတို့ ဘိုးဘေးအစဉ်အဆက် လုပ်ကိုင်စားသောက်လာခဲ့သော အလုပ်အကိုင်များလည်း ဆုံးရှုံး လာခဲ့သည်။ သူတို့ကို ပင်လယ်ဂျစ်ပစီများဟု လူသိများခဲ့ကြသော်လည်း ယခုအခါ လှည့်လည်ကျက်စား နေထိုင်ကြသည့်အရေအတွက်မှာ အလွန်နည်းပါးလာသည်။
သက်ကြီးမော်ကင်းအချို့လောက်သာ မော်ကင်းတို့နေထိုင်သည့် ကာဆန်းခေါ် အိမ်ခြေများကို လုပ်တတ် ကြတော့သည်။ ယခုအခါ မော်ကင်းလူမျိုးများ၏ နေထိုင်ရာအိုးအိမ်တဲများသည် အမှိုက်သရိုက်များအရက် ပုလင်းခွံများဖြင့် ပြည့်နေသည်။ မော်ကင်းလူမျိုးတို့ အရက်ကို စွဲနေကြကြောင်း၊ အရက်ကြောင့် ဆုံးရှုံးရ သော အသက်တို့ကလည်း မနည်းလှကြောင်း ပြသည့် သင်္ကေတလက္ခဏာများပင် ဖြစ်သည်။
၎င်းတို့သည်လည်း နောက်ဆုံးတွင် အိမ်နီးချင်း ထိုင်းနိုင်ငံရောက် မော်ကင်းညီအစ်ကိုဝမ်းကွဲအချို့၏ ကြ- မ္မာဆိုးမျိုးကို ခံကြရခြင်းပင် ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ ၎င်းတို့၏ ညီအစ်ကိုများမှာလည်း အလွန်ဖွံ့ဖြိုးတိုး တက်သော ခရီးသွားများ လာရောက်ရာဒေသအနီးတွင် နေထိုင်ကြရသဖြင့် ထူးခြားဆန်းပြား၍ နှစ်သက် စွဲလမ်းဖွယ်ဖြစ်သော ဓာတ်ပုံရိုက်ခံရသည့် အခွင့်အရေးများကို ရရှိသူများဖြစ်ခဲ့ကြသည်။
“အရင်ကဆိုရင် ပိုက်ဆံရှာရတာ လွယ်တယ်။ ပင်လယ်ထွက်ကုန်တွေကို ရှာရတာ လွယ်တယ်။ ငါးရှာ မယ်ဆိုရင် ပုံးတစ်ပုံးအပြည့်ကို အလွယ်နဲ့ရတယ်။ အခုကျတော့ ဗမာလူမျိုးတွေကလည်း အလားတူ ငါး ဖမ်းလုပ်ငန်းကို လုပ်လာနေကြပါတယ်”ဟု ကျွန်းအမှတ် ၁၁၅ မှ သစ်ပင်များအောက်တွင် မော်ကင်းလူမျိုး ကျားမ ကလေးအယောက် ၂၀ နှင့်ထိုင်ရင်း မော်ကင်းလူမျိုး အောင်ဆန်းက ပြောပြသည်။မော်ကင်းလူမျိုး တွေရဲ့ဘ၀ ခက်သထက် ခက်ခက်လာတယ်။ မော်ကင်းအများအပြားဟာ မူးယစ်ဆေးကြောင့် သေကြရ တော့မယ်”ဟု ၎င်းက ပြောသည်။
ယခင် မြန်မာစစ်အစိုးရသည် ၁၉၉၆ ခုနှစ်အထိ ဤကျွန်းစုများသို့ နိုင်ငံခြားသားများ လာရောက်ခြင်းကို ခွင့်မပြုခဲ့ပေ။ ၂၀၁၁ ခုနှစ်တွင် အမည်ခံအရပ်သားအစိုးရ တက်လာသော်လည်း ခရီးသွားလုပ်ငန်းက တော့ နိမ့်ကျဆဲပင်ဖြစ်သည်။
ဤကျွန်းစုများသို့ တစ်နှစ်လျှင် လူ ၂,၀၀၀ ခန့်သာ လာသည်။ ကျွန်းတစ် ကျွန်းသို့ လူနှစ်ယောက်ခွဲလာသည့် သဘောပင်။
ယနေ့အခါတွင်ကား ဟိုတယ်တစ်ခု ရှိနေပေပြီ။ မက္ကလီယော့ကျွန်းပေါ်ရှိ မြန်မာအန်ဒမန် တည်းခိုရိပ်သာ ဖြစ်သည်။ ဆိပ်ခံဘောတံတားအရှည်တစ်ခုနှင့် ရဟတ်ယာဉ်ဆင်းရန်နေရာနှစ်ခုလည်း တည်ဆောက် ထားသည်။ ခြင်ကိုက်ကျွန်းဟု နာမည်ခပ်ဆိုးဆိုးရှိသော ကျွန်းပေါ်တွင်လည်း ဘန်ဂလိုကိုးလုံး တည် ဆောက်နေသည်။
မြန်မာနိုင်ငံ၏အချမ်းသာဆုံးသူဌေးကြီးဟု ယူဆရသော ဦးတေဇက ထိုကျွန်းကို စာချုပ်နှင့်ငှားထားခြင်း ဖြစ်သည်ဟု သိရသည်။
စင်ကာပူက ဇော့ခ်ျဝဲလ်ဂရု ဆောက်လုပ်ရေးကုမ္ပဏီ၏ ၀က်ဘ်ဆိုဒ်တွင် ထိုကျွန်းကို ထိုင်းနိုင်ငံ၏ ဒုတိယ ဖူးခက်ဖြစ်အောင် လုပ်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကြော်ငြာထားသည်။ ဇော့ခ်ျဝဲလ်က အငှား ချစာချုပ်ဖြင့် လှေငယ်များဆပ်ကပ်နိုင်သော လှေဆိပ်၊ ကာစီနိုကစားဝိုင်း၊ ဟိုတယ်နှင့် ဂေါက်ကွင်းတို့ တည်ဆောက်နိုင်ရေးအတွက် စေ့စပ်ဆွေးနွေးနေသည်ဟု ဆိုသည်။
အပျော်စီးရွက်လှေများဖြင့်လာကြသူ ခရီးသည်အားလုံးနီးပါးသည် မြိတ်ကျွန်းစုကို ရောက်ကြသည်သာ ဖြစ်သည်။
လွန်ခဲ့သောတစ်နှစ်က ရောက်ခဲ့သော တရုတ်စီးပွားရေးမဂ္ဂဇင်းအယ်ဒီတာ ခရစ္စတော့ ရှဝါနစ် ဇ်ကမူ အခြေခံအဆောက်အအုံကလည်း ဘာမျှမရှိပါဘူး။ မြို့လည်းမရှိ၊ လမ်းလည်းမရှိ။ ဘာဆိုဘာမျှမရှိ တဲ့ အဏ္ဏ၀ါပြခန်းရှည်ကြီးပါပဲ။ ကျွန်တော်တို့ထဲက ဘယ်သူမျှ ဒီလိုနေရာမျိုးကို မမြင်ဖူးပါဘူး။ ကျွန်တော် တို့ဟာ တကယ့်ကို နှစ်သက်ကြည်နူးမိပါတယ်ဟု ပြောသည်။
လွန်ခဲ့သော စက်တင်ဘာလက အပျံစားရွက်လှေတစ်စင်းသည် ရုရှလူမျိုး ဇနီးမောင်နှံကို တင်ဆောင်၍ ရောက်လာသည်။ ရော်ဘင်ခရိုးဆိုးပုံစံဖြင့် စောင်းတွေ၊ ပတ္တလားတွေအပြင် ပရိတ်ရွတ် ဗုဒ္ဓဘာသာဘုန်း ကြီးများပါ ပါလာသေးသည်။ လူသူမရောက်ကျွန်းပေါ်တွင် ဆောင်နှင်းမည့် မင်္ဂလာပွဲအတွက် ပင့်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဟိုတယ်ဝန်ကြီး ဦးဌေးအောင်က ဤကျွန်းများကို အဆင့်မြှင့်သွားမည်။ သို့ရာတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသော၊ လူ့ကျင့်ဝတ်နှင့်မကိုက်ညီသောအမှုများ ဖြစ်ပေါ်မှုနည်းသော ဒေသဖြစ် အောင် ကာကွယ်သွားမည်ဟု ပြောသည်။
သို့ရာတွင် ယနေ့အချိန်ထိကား ဤဒေသသည် လူတိုင်း လွတ်လပ်စွာ သွားလာလုပ်ကိုင်နေနိုင်သည့် ဒေ သဖြစ်နေဆဲပင်။ ခရီးသွားလုပ်ငန်းအတွက်ဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက်ဖြစ်စေ ခြုံ ငုံမိမည့် စီမံခန့်ခွဲမှုအစီအမံမျိုး မရှိသေးပေ။ ထို့အတူ ပြင်သစ် မနုဿဗေဒပညာရှင် ဂျက်အီဗန်နော့ဖ်က ကျွန်း စု၏၀ိညာဉ်ဟု ခေါ်ဆိုထားသော မော်ကင်းလူမျိုးတို့ အနာဂတ်အတွက်လည်း မည်သည့်စီမံကိန်းမျှ မရှိ သေးကြောင်း ပြောသည်။
မော်ကင်းတို့သည် ရာစုနှစ်ပေါင်းများစွာ တစ်ကျွန်းမှတစ်ကျွန်းသို့ လှည့်လည် နေထိုင်လာခဲ့ကြသည်။ နတ်ကိုကိုးကွယ်၍ ရှေးဟောင်းဒဏ္ဍာရီလာ ကဗျာရှည်ကြီးများကို ရွတ်ဆိုသည်။ ၎င်းတို့သည် ခရုများ၊ ပုစွန်လုံးများ စသည့် ရေသတ္တ၀ါများကို ကောက်ကြသည်။ ပုလဲထွက်သော မုတ်ကောင်များကို ရေတွင် ငုပ်၍ ရှာဖွေတတ်ကြသည်။
လက်ရှိတွင် မော်ကင်း ၂,၀၀၀ ခန့်သည် မြိတ်ကျွန်းစုတွင် နေထိုင်လျက်ရှိကြကြောင်း သိရသည်။
ယခုအခါ ရွှေ့ပြောင်းနေထိုင်မှုကြောင့်လည်းကောင်း၊ ဗမာများနှင့် အိမ်ထောင်ပြုကြခြင်းကြောင့်လည်း ကောင်း၊ တဖြည်းဖြည်း အရေအတွက်နည်းလာသည်။ ယောက်ျားများသည် အရက်သေစာနှင့် မူးယစ် ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုများလည်း ရှိနေသည်။
No comments:
Post a Comment