Sunday, January 1, 2012

နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုရန်စီစဉ်နေ



 ဇန်န၀ါရီ(၃) ရက်နေ့တွင် နိုင်ငံတော်သမ္မတက လွှတ်ငြိမ်းချမ်းသာခွင့်ပေး မည့်
သတင်းများထွက်ပေါ်နေပြီး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူများ ၏မိသားစုများနှင့်မိတ်ဆွေများက ကြိုဆိုကြရန်စီစဉ်လျက်ရှိကြောင်း သိရပါသည်။
“ဇန်န၀ါရီ(၃)နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ထက်ပေး
မယ်ဆိုတဲ့သတင်းကိုအခိုင်အမာရထားတယ်၊ ဘယ်သူတွေစီကရတာလဲဆိုတာတော့ ထုတ်ဖေါ်ပြောဆိုလို့မရဘူးဖြစ်နေတယ်၊ ကျွန်တော်သူငယ်ချင်းတွေကြိုဆိုဖို့စီစဉ်နေပြီ၊ သွားရလာရခက်တဲ့နယ်တွေဆိုရင်တော့ ကြိုပြီးသွားစောင့်ဖို့စီစဉ်သတ်မှတ်ထားပြီးပါပြီး၊ မိသားစုတွေနဲ့အတူကြိုဖို့လူတွေ လွယ်ကူစေရန် ခွဲဝေသတ်မှတ်ထားပါတယ် “ဟု (၈၈)မျိုးဆက်ကျောင်းသားအဖွဲ့ဝင် စမ်းချောင်းကိုကိုကြီးကပြောဆိုသည်။ အကျဉ်းထောင်ဦးစီးဌာနသို့ဆက်သွယ်မေးမြန်းစုံစမ်းရာ အကျဉ်းဦးစီးဌာန(အင်းစိန်)မှတာဝန်ရှိသူတစ်ဦးက”ကျွန်တော်တို့ကိုအကျဉ်းသားစာရင်းပြုစုခိုင်း မကြာခဏဆိုသလိုရှိပါတယ်။အခုလဲစာရင်းပြုစုနေတာပါ၊” ဟုပြန်လည်ဖြေကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၁ မေလ ၁၇ရက်နေ့က မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီ
းသီးတွင် အပြစ်ဒဏ်ကျခံနေရသူများအား အပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး သေဒဏ်ချမှတ်ခံရသူများအား ထောင်ဒဏ်တစ်သက်သို့လျှော့ပေါ့ပေးခဲ့သည်။ ယင်းနောက် အောက်တိုဘာ(၁၁)ရက်နေ့အမိန့် ၄၉/၂၀၁၁ ဖြင့်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိအကျဉ်းသားဦးရေ (၆၃၅၉) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်ဟု true news ဂျာနယ်  မှာဖော်ပြထားပါသည်။

By: သစ်ထူးလွင်

No comments: