ကိုကိုကြီး ( ၈၈ မျိုးဆက်ကျောင်းသား ) ၏ မှတ်ချက်
အဓိကကသေတဲ့လူက သေပြီးသွားပြီ။
သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်ကတော့
အမှန်အတိုင်းပေါ်ပေါက်စေချင်တယ်။ဒါကျနော်တို့ အားလုံးရဲ့ဆန္ဒပါ။
ကျဆုံးသွားတဲ့ လူတွေက မြေပေါ်မှာ ရှိစဉ်ကတည်းက
လက်တွဲခဲ့ဘူးတဲ့သူတွေ၊သူတို့ကကျောင်းသားလှုပ်ရှားမှုမှာ တကယ် ဦးဆောင်
ပါဝင်ခဲ့ သူတွေ၊ အဓိက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ကာလတစ်ခုမှာ
သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့ သံသရတွေနဲ့ အလုပ်တူလုပ်နေချင်းတူတာတောင်
ဘယ်သူကထောက် လှမ်းရေးဖြစ်နိုင် တယ်လို့။ ဘယ်သူ ကသတင်းပေးဖြစ်နိုင်တယ်လို့
ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲ
မှုတွေဖြစ်ခဲ့ကြတယ်။ တောတွင်းမှာ လက်နှက်ကိုင်တဲ့အခြေအနေမှာဆိုတော့
ပိုဆိုးတာပေါ့၊ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေ ဖြစ်သွားတယ် ။
ပိတ်ဆို့ထားတဲ့ စနစ်ဆိုးကြီးတစ်ခု ကြောင့်မို့လို့ စတေးခံ လိုက်ကြရတဲ့
သားကောင်တွေအဖြစ်နဲ့ ကျနော်တို့ မြင်တယ် ။
ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့
ဖြေရှင်းရ မှာအမှန်ဘဲ ။ ဒါသူတို့တာဝန်ယူရမှာ ။ ကျနော်တို့မြင်တာတော့
သူတို့က ကျောင်းသားတွေဘဲလေ။ လူတွေ ပါဒီလောက်
ဆိုးဆိုးဝါးဝါးခံစားခဲ့ရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ ။ နောက်ပိုင်းမှာ
ဖေါက်ပြန်လို့ ထောက်လှမ်းရေး မို့ လို့ ဖြစ်ပါတယ်ဆိုတဲ့
နိုင်ငံရေးအရထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့် ဘူးလို့မြင်တယ် ။ အဓိက
ကတော့ ဒီလောက်အကျယ်တ၀င့်ဖြစ်ဘို့တောင်မလိုဘူး ။ ဒီကိစ္စနဲ့ပတ်သက်ပြီး
နင့်နင့်နဲနဲခံစားခဲ့ကြရတဲ့ လူတွေက ၊ ဒီလူတွေကထောက်လှမ်းရေးမဟုတ်ဘူး ၊
ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့ တယ်။ အဲဒီအတွက် သူတို့တွေဟာ
စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ ရင်တောင်မှ သူနဲ့ ရင်းနှီး တဲ့
သူတွေအားလုံးက နည်းနည်းသက်သာမဲ့ ၊ စိတ်ခံစားမှု ဖြေလျှော့ မယ့်သဘော ရှိတယ် ။
ဒီအပေါ်မှာ
ကျနော်တို့ဟာဘယ်သူ့ဘက်ကဘဲဖြစ်ဖြစ်ဒီကိစ္စဟာမှန်မှန်ကန်ကန်တော့ဖေါ်ထုတ်ဘို့လိုတယ်။
ဒီလူတွေဟာခတ်ဆိုးစံနစ်ဆိုးတစ်ခုတည်းမှာသူတို့ဓါးစာခံဖြစ်ခဲ့ကြရတယ်။အဲဒါကိုပေါ်လွင်ဘို့လိုတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင် ငံရေး
လည်းအသတ်ခံ ရတဲ့ဟာမျိုးက အသတ် ခံရ တာထက်ပိုဆိုးတယ် ။
အဲဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်တယ် ။
ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို
မလိုလားဘူး ။ အဓိက ကအဖြစ်မှန်ပေါ်ပေါက်ဘို့ဘဲ။ ပေါ်ပေါက်ဖို့က
လူ့အဖွဲ့အစည်းမှာ ကျနော်တို့က တစ်ချို့ကျူးလွန်ခဲ့ တဲ့ အပြစ်တွေနဲ့
ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်ဒါတွေက
မေ့ပစ်ဖို့တော့မဟုတ်ဘူး ဆိုတဲ့ Forgive လုပ်နိုင်တယ် ၊ Forget
လုပ်လို့မရဘူး၊ ဒါတွေက သမိုင်းမှာ ဒါတွေဖြစ်ခဲ့တယ်ဆိုတာတော့
မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဘို့ ကြိုးစားနေတယ်။ အားလုံးကဆန္ဒရှိတယ်။
ကိုယ့်ဘက်မှာဖြစ်နေတဲ့ ဟာ ကျမှဒါကြီးကိုဖုံးကွယ်ပစ်လိုက်ဘို့
မဖြစ်သင့်ဘူး။ကိုယ်တွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးရဲရဲရင့်ရင့် ဖေါ်ထုတ်တာ မျိုး ၊
တာဝန်ယူတာမျိုးတော့ ကိုယ်ကနမူနာ ဖြစ်သင့်တယ်လို့မြင်တယ် ။ ။
The Messenger ဂျာနယ် Volume 2 , No. 43 ( 12.03.2012 ) မှ ကူးယူဖေါ်ပြပါသည်။
ကိုကိုကြီး (၈၈ ) မျိုးဆက်ခင်ဗျာ....ခင်ဗျာ messenger ဂျာနယ်ထဲမှာပြောသွားတဲ့စကားလုံး
တွေကိုဆွေးနွေးချင်လို.ပါ။အဲဒီစ
ကားလုံးတွေကအခြားသူတွေသုံးရင်ပြ သ၁နာမရှိပေမဲ့
၈၈ မျိုးဆက်ထဲကပြောသွားတာကတော့ လက်မခံနိုင်ပါ။ ကိုကိုကြီးက " ဒီကိစ္စကြီးက
သံသယရဲ. ဓါးစာခံတွေ သားကောင်တွေ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုတွေ လို."
ပြောသွားပါတယ်။ဒီကိစ္စက အဲဒီလို လုံးဝမဟုတ်ပါဘူး၊ကြိုတင်ကြံစီပြီးမှဖြစ်ခဲ့တဲ့ကိစ္စပါ။ကျနော်
ရေးတဲ့အခန်းဆက်တွေကိုစောင့်ဖတ် ကြည့်ပါ။အစအဆုံးပြီးသွားရင် ဒါမှမဟုတ် မပြီးခင်မှာတောင်ဇာတ်ရည်လည်သွား ပါမယ်။ အောင်နိုင်က အထက်ဗမာပြည်မှာ ထွန်းအောင်ကျော်ကထောက်လှမ်းရေးတာဝန်ခံ၊အောက်ဗမာပြည်မှာ
ကိုကိုကြီးက ထောက်လှမ်းရေးတာဝန်ခံ ၊နိုင်အောင်ကလည်း မိုးသီးဇွန်
လဲထောက်လှမ်းရေး မဟုတ်လားဆိုပြီး စွတ်စွဲတာ ကျနော်တို.အဖမ်းခံရသူတွေအားလုံး အသိပါ။ခင်ဗျာ မတော်လို.များ မြောက်ပိုင်းမှာတောခိုခဲ့ရင် ခင်ဗျာ ၊မောင်မောင်ကြွယ် နဲ. ထွန်းအောင်ကျော်တို.အမှုတွဲဖြစ်ပြီး ၁၅ ယောက်စာရင်းမှာ ခင်ဗျားပါ ပါသွားခဲ့မှာ။ အခု ၁၅ ယောက်ထဲပါတဲ့ကိုချိုကြီးဆိုရင်လဲ ကျနော်ရယ် သူရယ် GOSDA အမတ် ကိုမောင်မောင်အောင်ရယ် ၃ ယောက် မန္တလေး သံဃသမ္မဂ္ဂီ ဥက္ကဌ ဆရာတော် ဦးရေဝတ လွှတ်လို.မဲပေးပြီးနောက်ရက်ကစပြီး နိုင်ငံရေးလမ်းကြောင်းပုံစံသစ်ေ ဖ်ာဖို. အနိုင်ရမဲ့ ပါတီနဲ.ညှီနှိုင်းဖို. ဆွေးနွေးရန်အတွက်ခင်ဗျာနဲ.တောင် ဥက္ကလာပမှာ တွေ.ဆုံဆွေးနွေးခဲ့သူပါ။
ဒီလူတွေကမတော်တဆဆိုပြီးသေသွားခဲ့ တဲ့သူတွေမဟုတ်ပါဘူး။ကျေးဇူးပြု ပြီးစကားလုံးတိုင်းကိုအလေးအနက်ထားပြောဆိုပေးပါ။နောက်ပြီးခွင့်လွတ်တယ်ဆိုတဲ့စကားလုံး
၊နေရာတကာမှာ လူတကာက ကိုယ်မခံရတဲ့ကိစ္စတွေကို ကြားထဲကနေ
ဝင်ဝင်ပြီးခွင့်လွတ်နေကြတာ မြန်မာနိုင်ငံသမိုင်းမှာ
အစဉ်အလာဆိုးကြီးချန်ထားကြမလို.လား ။ လုပ်ချင်ရာလုပ်ကြ နောက်ကြခွင့်လွတ်ကြမှာပဲဆိုတဲ့အ သိတရားကိုနောင်မျိုးဆက်အတွက်ချ န်ထားခဲ့ချင်ကြသလားး မမှားကြပါနဲ. သတိထားပြီးလုပ်ကြပါ။ကိုယ်မှားရင်ကိုယ်ပြန်ခံရမယ် ဆိုတဲ့အသိတရားမျိုးထားခဲ့ဖို.ကြီုးစားပါ။ ခွင့်လွတ် တယ်ဆိုတဲ့စကားကပြောဖို.လွယ်ပါတယ်။ အထူးသဖြင့်သူများတွေခံရတဲ့ကိစ္စမျိုးပေါ.။ကျနော်တို.က ကိုယ်တိုင်ခံစားရတဲ့ကိစ္စတွေကိုလဲ ခွင့်လွတ်ပါတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးတွေရဲ.အမြော်အမြင်နည်းပါးမှုကိုရှုတ်ချပြီးမေတ္တာ ဓါတ်ကြီးမားမှုကိုတော့ဂုဏ်ပြုပါ တယ်။တဆက်ထဲမှာပဲ
၁၂ ရက်နေ.အမှတ်တရပွဲ ဦးဆောင်ကျင်းပခဲ့တဲ့ ကျနော်တို.နဲ.အတူ
အချုပ်ခံရပြီးလွတ်မြောက်ခဲ့တဲ့ ရန်ကုန်က ပုဂ္ဂိုလ်များကို
တခုမေတ္တာရပ်ခံလိုပါတယ်။နောင်ကို ကိုချိုကြီးနာမည်ကိုအသုံးပြုရင် လူသစ်ဆိုတဲ့စကားလုံးကိုမသုံးကြပါနဲ.။ ကိုချိုကြီးတို. ကျနော်တို.တတွေ UG လုပ်ခဲ့ကြတာဟာ မန္တလေးကျောင်းသားအုပ်စုတွေရဲ.အားပေး ကူညီပူးပေါင်းပါဝင်မှုနဲ.အတူ ABSDF ကိုမိခင်အဖွဲ.ဆိုပြီးလုပ်ခဲ့ကြတာပါ။ ၁၉၉၀ နှစ်ဆန်းပိုင်းမှာ မခင်ချိုဦးနဲ. နန်းအောင်ထွေးကြည် ကိုထောက်လှမ်း ရေးဖြစ်ကြောင်းစုံစမ်းထောက်ခံပေးပါဆိုတဲ့ စာကျနော်တို. ဆီကို မြောက်ပိုင်း ဗဟိုကနေရောက်လာပါတယ်။ကျနော်တို.တတွေက ဆရာတော် ဦးရေဝတ နဲ.တိုင် ပင်ပြီး ထောက်လှမ်းရေးလို.မသင်္ကာံ ဘူးဆိုရင် မြို.ပေါ်ပြန်ပို.လိုက်ပါ။ဆက်ပြီးသတ်ဖြတ်မှုတွေ လုပ်နေမယ်တိုရင် မန္တလေးအုပ်စုက NB နဲ.အဆက်အသွယ်ဖြတ်မယ်လို.စာပြန်ခဲ့ပါတယ်။ဒါ ကိုချိုကြီးလုပ်ခဲ့တဲ့ အများကြီးထဲကတခုပါ။ခင်ဗျားတို.တ တွေလဲသိသင့်သလောက်သိခဲ့ကြမှာပါ။ အဲဒီတော့ပြောချင်တာကနောက်နောင်ကို ကိုချိုကြီးနာမည် ကိုအသုံးပြု( ဖို.များကြုံကောင်းကြုံလာခဲ့ရင် ) ကိုချိုကြီးကိုလူသစ်လို.မသုံးကြ ပါနဲ.လို.မေတ္တာရပ်ခံပါတယ်။
Ko Lin Wai Aung facebook မှကူးယူဖော်ပြသည်။
ko lin wai aung facebook မှကူးယူဖော်ပြသည်
ကိုကိုကြီး(၈၈) မျိုးဆက် သို့ .....
ကိုကိုကြီး(၈၈) မျိုးဆက် သို. ABSDF မြောက်ပိုင်းရဲဘော်ဟောင်း ညီညီ မှ တုန်.ပြန် စာ
ကိုကိုကြီး (၈၈ ) မျိုးဆက်ခင်ဗျာ....ခင်ဗျာ messenger ဂျာနယ်ထဲမှာပြောသွားတဲ့စကားလုံး
ရေးတဲ့အခန်းဆက်တွေကိုစောင့်ဖတ်
ဒီလူတွေကမတော်တဆဆိုပြီးသေသွားခဲ
Ko Lin Wai Aung facebook မှကူးယူဖော်ပြသည်။
ဘိုဘိုသို့ ..(ညီညီ)
ဘိုဘိုကမြောက်ပိုင်းကျောင်း သားထုကိုယ်စား ကိုကိုကြီး ၈၈ ကိုမြောက်ပိုင်းကိစ္စမှာသူ. ရဲ.မှတ်ချက် နဲ. ပတ် သက်ပြီးကျေးဇူးတင်ကြောင်းပြောခဲ့တယ်။ သူ.သဘောနဲ.သူပြောတာဆိုရင်တော့ကျနော် ဘာမှ မပြော လိုပါဘူး။ ဘာဖြစ်လို.လဲဆိုတော့ ကျနော်ညီညီကလည်း ကိုကိုကြီးကို သူ.အရင်ကန့် ကွက် ခဲ့တာရှိခဲ့ တာ ကိုး။
ဒါပေမဲ့အဲဒီကန်. ကွက်မှုက ညီညီ မြောက်ပိုင်းရဲဘော်ဟောင်းတေ ယာက်ထဲအနေနဲ့ ကန့် ကွက်ခဲ့တာ
ပါ။ မြောက်ပိုင်းရဲဘော်ဟောင်းများကိုယ်စားဆိုပြီးကန်.ကွက်ခဲ့တာမဟုတ်ပါဘူး။အခု ဘိုဘို က မြောက်ပိုင်း ရဲဘော်ဟောင်းများကိုယ်စားဆိုတော့ဖတ်ရတဲ့သူ တွေအနေနဲ.တမျိုးထင်သွားနိုင်ပါ တယ်။
။မြောက် ပိုင်းကျောင်း သားထုကိုယ်စားဆိုတဲ့စကားကို သုံးဖို.သူ.ကိုရန်ကုန်တော့မ သိ၊ကျန်တဲ့ ဘယ်ဒေသက မှသူ.ကို ကိုယ်စားလှယ်ပေးမထားပါ။ဘိုဘိုရေ ကိုကိုကြီးပြောတဲ့စကားကို သဘော မတူလို. ကန်.ကွက် ထား တဲ့ ညီညီ ရဲ.စာကိုဖတ်ကြည့်ပါအုံး။ဒါဆိုရင်ကျနော်က ကိုယ်စားဆိုတဲ့ စကားရဲ. အပေါ်မှာ သာကန်.ကွက် တာ ဆို တာ ရှင်းလောက်ပါတယ်။
စိတ်မကောင်း စွာနဲ.ပြောရမယ် ဆိုရင် ကျနော် က ကျနော် သိတဲ့(တခြားသူတွေမသိ တဲ့)အကြောင်းတွေ ကိုဖွင့်ချ လိုက်တော့တော်တော်များများက သဘောမတူပါ ဘူး။သိပ်ကြမ်းလွန်းတယ်။ မပြောသင့်ဘူးဆိုပြီး တားတဲ့သုတွေကတားကြပါတယ်။ကျေ န်ာရေးတာမကြမ်းပါ ဘူး၊အဖြစ်အ ပျက်ကြီးကို ကကြမ်းတမ်းတာပါ။ ဒါတွေကိုသိရဖို.အဲဒီပါဂျောင်ဒေသမှာအဖမ်းအဆီးခံတွေအားလုံးပြန်ခဲ့ကြပြီး နောက် ကျနော်နောက်ထပ် ၃ နှစ်၊ ၃ နှစ်ခွဲလောက်ဆက်နေခဲ့ရပါတယ် ။စုံစမ်းခဲ့ရပါတယ်။ အဖြေမရတဲ့ကိစ္စတွေကိုလူယုံမွေးပြီးမေးမြန်း ခဲ့ရပါတယ်။အန္တရာယ်ရှိတဲ့နေရာမှာအချိန်ပေး ပြီးနေခဲ့တာဟာ တချိန်မှာဒီကိစ္စကြီးကိုဖွင့် ချမယ်ဆိုတဲ့ ရည် ရွယ်ချက်ရှိ ခဲ့လို.ပါ။နောက်တခုပြောရရင်ဒီမြောက်ပိုင်း လူသတ် မှုကြီး မှာအရင်ကပက်သက်ခဲ့ဘူးတဲ့မြို.ပေါ် ကလူတွေကလဲနှုတ်ပိတ်နေ ခဲ့ကြပြီးတာဝန်မဲ့ခဲ့ကြပါတယ်။ အခွင့်အရေးလေးရလို.အချင်း ချင်းထုတ်ပြော လာကြတော့မှမကောင်းတက်တဲ့ ပုံနဲ.အားနာပါးနာဝင် ပါခဲ့ကြတာပါ။မန္တလေးအပိုင်းအနေနဲ.ဆို ရင်မန္တလေး မှာကျန်ခဲ့တဲ့ကျော င်းသားများဟာလည်း မြောက်ပိုင်း AB ရဲ.စစ်ချက်ထဲမှာထောက်လှမ်းေ ရးများအနေ နဲ.ထွက်ဆိုခြင်းခံ ရမဲ့သူတွေဖြစ်ပါတယ်။ဒါကြောင်သူတို.အနေနဲ.ရလဒ်ကောင်းထွက်လာအောင်ဘာမှလုပ်ပေး နိုင်မှာမဟုတ်ပါဘူး။သူတို.များတစ်စုံတခုပြောခဲ့ရင် ဆေးအတွက်နဲ.လေးဆိုတာလိုဖြစ် သွားပါမယ်။
အဲဒီအချိန်ကအဖမ်းခံခဲ့ရသူတွေဟာထောက်လှမ်းရေး မဟုတ်ပါဘူး တာဝန်ခံပါတယ်ဆိုပြီးဆရာတော် ဦးရေဝတ အပါအဝင်သံဃာတော်တွေရာချီပြီးလက်မှတ် ထိုးပြီးစာပေးပို.ြ ပီးဒီကိစ္စကြီးကိုဟန်.တားဖို .ကြိုးစား ခဲ့ကြပါသေးတယ်။ကျနော်တို.မန္တလေးမှာတော့ AB နဲ.မန္တလေးကျောင်းသားထုနဲ.ကခွဲမြင်လို.မရပါဘူး၊ အတူ တူအလုပ်လုပ်ခဲ့ကြတာပါ။နောင်လဲအနာဂတ်နိုင်ငံရေးမှာလက်တြွဲ ပီးဆက်လုပ်သွားကြမှာပါ။ မန္တလေးကျောင်း သားထုရဲ.ခံယူချက်ကညီညွတ်မှုအဓိ ကပါ။သီခြား ထိုးထွက်နေတဲ့ခေါင်းဆောင်မလိုပါ ဘူး။ ဒါကြောင့်လည်း ပထမဆုံး ဗကသ ညီလာခံ ၂ ခုကိုမန္တလေးသံဃာထုနဲ.ကျောင်းသားတွေ ပူးပေါင်း ပြီးအောင် မြင်စွာကျင်းပနိုင်ခဲ့ တာပဲဖြစ်ပါတယ်။မပြောပလောက်တဲ့ပြဿနာအနဲငယ်ကလွဲပြီးတခြားဘာမှကြီးကြီးကျယ် ကျယ်မြ ဖစ်ခဲ့ပါဘူး။တဆက်ထဲမှာပဲမြောက်ပိုင်းကိစ္စကိုဝင်ရောက်ဆိုနေကြ သူတွေအနေနဲ. အသက်ပေးသွား ခဲ့ကြသူတွေ၊အနှိ ပ်စက်ခံခဲ့ရသူတွေကို ထိခိုက်သွားစေနိုင်တဲ့၊ရာဇဝ တ်သားတွေဘက်ကိုပြေလျှော့သွားစေနိုင် နဲ.ပြောဆိုမှုများမ ပြုလုပ်ကြပါရန်မေတ္တာရပ်ခံပါတယ်။
ဒီစ ကားကိုမန္တလးကျောင်းသားထုနဲ.ရဲဘော်ဟောင်းတွေ အနေနဲ.လက်ခံနိုင် မယ်လို.မျှော်လင့် ပါတယ်။
ဒီစ
ကျနော်ရဲ.ရည်ရွယ်ချက်ကအမှုမှန်ပေါ်ပေါက်ရေးနဲ.ထိုက်သင့်တဲ့အပြစ်ဒဏ်တွေကျခံရေးပဲဖြစ်ပါတယ်။ ရာဇဝတ်မှုတခုကိုကျေအေးခြင်း ကိုကရာဇဝတ်မှု ဖြစ်ပါတယ်။ ဒီအတွက်နောက်ထပ်ရာဇဝတ် မှုတွေ ထပ်ဖြစ်အောင်ဇော င်းပေးရေးသားပြောဆိုနေမှုတွေ ကို တရားဥပဒေကိုလေးစားလိုက်နာတန်ဖိုး ထား တတ်သောနိုင်ငံသားများအနေနှင့်မပြုလုပ်ကြပါရန်အလေးအနက်တောင်းဆိုပါတယ်။ မန္တလေးကျောင်းသားထုနှင့်အတူစိတ်သဘောထားတိုက်ဆိုင်သူများနဲ. အတူရှေ.ခရီးကို
ဆက်လျှော က်ပါ.မယ်။
ညီညီ(မြောက်ပိုင်းရဲဘော်ဟော င်း)
ညီညီ(မြောက်ပိုင်းရဲဘော်ဟော
No comments:
Post a Comment