ဘောလုံးပွဲ
ဘောလုံးပွဲကား
သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်
မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။
နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍
ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို
ဦးညွတ်အလေးပြုပြီးပြီ။
အဖွဲ့ချုပ်က၊ ဥက္ကဌလဲ
ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်
လက်ခုပ်တီးသံ၊ တညံညံနဲ့
နိုင်သူ့ထံသို့ အပ်ရန်သာ။
သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု
မအပ်သေး။
ပရိသတ်ကား၊ မတ်တပ်ရပ်၍
စောင့်ကြဆဲ။
ဒိုင်နှိပ်စက်၍
ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်
စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ
မဖြစ်ဖူးမြဲ ဘောလုံးပွဲ
အံ့ဖွယ်သရဲ စံပါဘဲ။
(တင်မိုး)
၁၉၉၅ နိုဝင်ဘာ ၃၀ တွင်၊ မန္တလေးမြို့ ဆွံ့အနားမကြားကျောင်း ရံပုံငွေအတွက်
ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ရွတ်ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ
စစ်အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းရာမှ လွတ်မြောက်လာပြီး ပထမအကြိမ်
ဟောပြောပွဲတက်ခြင်း ဖြစ်ပါတယ်။
Credit: Maya Magazine
စစ်ဝါဒ မုန်းသူကဗျာဆရာကြီးတင်မိုး ရဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် နဲ့ပါတ်သက်တဲ့
သူ့ခံစားမှုကဗျာလေးပါ။ ဆရာကြီးက ဒီကဗျာလေးကိုသူ ထောင်ကလွတ်လာလာချင်း
လူထုကိုရွတ်ပြခဲ့တယ် လူထုကသိပ်ကြိုက်ကြကြောင်းပြောပြ ဖူးပါတယ်။ အခုတော့ ၉၀ရလဒ် ကနေ ၂၀၁၀ရလဒ် ပြီးတော့တခါ မပြီးဆုံးသေးသောရလဒ် တိုက်ပွဲတွေ တိုက်နေကြရဆဲပါ။
ဘောလုံးပွဲကား
သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်
မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။
နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍
ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို
ဦးညွတ်အလေးပြုပြီးပြီ။
အဖွဲ့ချုပ်က၊ ဥက္ကဌလဲ
ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်
လက်ခုပ်တီးသံ၊ တညံညံနဲ့
နိုင်သူ့ထံသို့ အပ်ရန်သာ။
သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု
မအပ်သေး။
ပရိသတ်ကား၊ မတ်တပ်ရပ်၍
စောင့်ကြဆဲ။
ဒိုင်နှိပ်စက်၍
ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်
စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ
မဖြစ်ဖူးမြဲ ဘောလုံးပွဲ
အံ့ဖွယ်သရဲ စံပါဘဲ။
(တင်မိုး)
၁၉၉၅ နိုဝင်ဘာ ၃၀ တွင်၊ မန္တလေးမြို့ ဆွံ့အနားမကြားကျောင်း ရံပုံငွေအတွက် ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ရွတ်ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စစ်အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းရာမှ လွတ်မြောက်လာပြီး ပထမအကြိမ် ဟောပြောပွဲတက်ခြင်း ဖြစ်ပါတယ်။
Credit: Maya Magazine
စစ်ဝါဒ မုန်းသူကဗျာဆရာကြီးတင်မိုး ရဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် နဲ့ပါတ်သက်တဲ့ သူ့ခံစားမှုကဗျာလေးပါ။ ဆရာကြီးက ဒီကဗျာလေးကိုသူ ထောင်ကလွတ်လာလာချင်း လူထုကိုရွတ်ပြခဲ့တယ် လူထုကသိပ်ကြိုက်ကြကြောင်းပြောပြ
စစ်လူစုနှင့် တို့လူထု
နယ်ချဲ့အရုပ်၊ ဝန်ကြီးချုပ်သည်
စစ်ရုပ်ဆင်ကာ၊ စစ်ခရာဖြင့်
စစ်ဝါဒကို ဖြန့်လေပြီ။
စစ်လက်ဝေခံ၊ လုပ်ကြံကြေညာ
သတင်းစာလည်း
‘စစ်ဝါဒသည်၊ တရားသည်’ဟု
လိမ်လည်ထောက်ခံနေဘိ၏။
စားကုန်သောက်ကုန်၊ လူသုံးကုန်တို့
စုပြုံသိုလှောင်၊ ဂိုဒေါင်သွင်းပြီး
ကုန်သည်ကြီးလည်း
စစ်မီးလျှံတွင်၊ အမြတ်မြင်၍
ပြုံးရွှင်ခေါင်းညိတ် နေဘိ၏။
လက်နက်ရုံမှ
ကုမ္ပဏီရှင်၊ ငွေသခင်လည်း
ကြည်လင်နှုတ်သွက်၊ တအားတက်ပြီး
စစ်မက်ရေးကို ကြိုဘိ၏။
ဈေးကွက်ကစား၊ နယ်ချဲ့များလည်း
စစ်အားကောင်းမှု၊ လုံ့လပြု၍
တပ်စုစည်းရုံး နေဘိ၏။
တဖက်မှာမူ
သတင်းစာဖတ်၊ ပရိသတ်ကား
လှပ်လှပ်ရင်ဖို၊ စိတ်စက်ပြိုတည့်။
ဂိုဒေါင်စောင့်လည်း
မဖြောင့်ပျံ့လွင့်၊ စိတ်ထင့်ထင့်နှင့်
ဗုံးသင့်မည်ကို၊ ရင်ဖိုဖိုတည့်။
လက်နက်ရုံမှ၊ ကုန်ထုတ်သမား
စက်လုပ်သားလည်း
သားမယားရေး၊ စိတ်စက်လေး၍
နှောင့်နှေးစိုးခန့်၊ တလန့်လန့်တည့်။
စားသုံးသူလည်း
ကုန်မူရှားပါး၊ ဈေးကြီးမား၍
စားဝတ်ဒုက္ခ၊ မအေးရအောင်
ကြောင့်ကြမျိုးစုံ၊ ကိုယ်လုံးတုန်တည့်။
စစ်အမြတ်ထုတ်၊ လက်တဆုပ်သာ
မဟုတ်ပါလော ရဲဘော်တို့ -။
လူနည်းစုမှာ
လက်နက်သာရှိ အားမရှိ။
လူများစုမှာ၊ မဟာအင်အား
ကြီးမားပါဘိ ကြီးပါဘိ။
ဆန့်လော့ ဟန့်လော့ -
မလန့်မထိတ်၊ ရဲရင့်စိတ်ဖြင့်
စစ်ပြိတ္တာကို မောင်းထုတ်လော့။ ။
(တင်မိုး)
ကဗျာခေါင်းစဉ်မှာ စစ်အစိုးရ နဲ့ ပြည်သူကို ‘စစ်လူစု’၊ ‘တို့လူထု’ လို့
သုံးထားပါတယ်။ ဒီကဗျာကို ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး နောက် ၁
နှစ်အကြာ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒီကဗျာကို ၁၉၆၇ ခုနှစ်မှာ ပုဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ ဆရာ့ရဲ့
‘ပန်းဈေးခင်း’ ကဗျာစာအုပ်မှာ ထည့်သွင်း ပုံနှိပ်ခဲ့ပါတယ်။ ဒီကဗျာမှာ
လက်တဆုပ်စာပဲ ရှိတဲ့ စစ်အုပ်စုမှာ လက်နက်ရှိပေမယ့် အားမရှိတဲ့အကြောင်း၊
လူများစုဖြစ်တဲ့ ပြည်သူလူထုမှာ အားရှိတဲ့အတွက် မကြောက်မရွံ့
တွန်းလှန်ကြဖို့ တိုက်တွန်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
နယ်ချဲ့အရုပ်၊ ဝန်ကြီးချုပ်သည်
စစ်ရုပ်ဆင်ကာ၊ စစ်ခရာဖြင့်
စစ်ဝါဒကို ဖြန့်လေပြီ။
စစ်လက်ဝေခံ၊ လုပ်ကြံကြေညာ
သတင်းစာလည်း
‘စစ်ဝါဒသည်၊ တရားသည်’ဟု
လိမ်လည်ထောက်ခံနေဘိ၏။
စားကုန်သောက်ကုန်၊ လူသုံးကုန်တို့
စုပြုံသိုလှောင်၊ ဂိုဒေါင်သွင်းပြီး
ကုန်သည်ကြီးလည်း
စစ်မီးလျှံတွင်၊ အမြတ်မြင်၍
ပြုံးရွှင်ခေါင်းညိတ် နေဘိ၏။
လက်နက်ရုံမှ
ကုမ္ပဏီရှင်၊ ငွေသခင်လည်း
ကြည်လင်နှုတ်သွက်၊ တအားတက်ပြီး
စစ်မက်ရေးကို ကြိုဘိ၏။
ဈေးကွက်ကစား၊ နယ်ချဲ့များလည်း
စစ်အားကောင်းမှု၊ လုံ့လပြု၍
တပ်စုစည်းရုံး နေဘိ၏။
တဖက်မှာမူ
သတင်းစာဖတ်၊ ပရိသတ်ကား
လှပ်လှပ်ရင်ဖို၊ စိတ်စက်ပြိုတည့်။
ဂိုဒေါင်စောင့်လည်း
မဖြောင့်ပျံ့လွင့်၊ စိတ်ထင့်ထင့်နှင့်
ဗုံးသင့်မည်ကို၊ ရင်ဖိုဖိုတည့်။
လက်နက်ရုံမှ၊ ကုန်ထုတ်သမား
စက်လုပ်သားလည်း
သားမယားရေး၊ စိတ်စက်လေး၍
နှောင့်နှေးစိုးခန့်၊ တလန့်လန့်တည့်။
စားသုံးသူလည်း
ကုန်မူရှားပါး၊ ဈေးကြီးမား၍
စားဝတ်ဒုက္ခ၊ မအေးရအောင်
ကြောင့်ကြမျိုးစုံ၊ ကိုယ်လုံးတုန်တည့်။
စစ်အမြတ်ထုတ်၊ လက်တဆုပ်သာ
မဟုတ်ပါလော ရဲဘော်တို့ -။
လူနည်းစုမှာ
လက်နက်သာရှိ အားမရှိ။
လူများစုမှာ၊ မဟာအင်အား
ကြီးမားပါဘိ ကြီးပါဘိ။
ဆန့်လော့ ဟန့်လော့ -
မလန့်မထိတ်၊ ရဲရင့်စိတ်ဖြင့်
စစ်ပြိတ္တာကို မောင်းထုတ်လော့။ ။
(တင်မိုး)
ကဗျာခေါင်းစဉ်မှာ စစ်အစိုးရ နဲ့ ပြည်သူကို ‘စစ်လူစု’၊ ‘တို့လူထု’ လို့ သုံးထားပါတယ်။ ဒီကဗျာကို ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး နောက် ၁ နှစ်အကြာ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီကဗျာကို ၁၉၆၇ ခုနှစ်မှာ ပုဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ ဆရာ့ရဲ့ ‘ပန်းဈေးခင်း’ ကဗျာစာအုပ်မှာ ထည့်သွင်း ပုံနှိပ်ခဲ့ပါတယ်။ ဒီကဗျာမှာ လက်တဆုပ်စာပဲ ရှိတဲ့ စစ်အုပ်စုမှာ လက်နက်ရှိပေမယ့် အားမရှိတဲ့အကြောင်း၊ လူများစုဖြစ်တဲ့ ပြည်သူလူထုမှာ အားရှိတဲ့အတွက် မကြောက်မရွံ့ တွန်းလှန်ကြဖို့ တိုက်တွန်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment