ကိုထွန်းအောင်ကျော်၊
ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ဆိုတာ ABSDF ရဲဘော်ဟောင်း၊
ရဲဘော်သစ်တွေအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ကြိုက်တာရှိတယ်၊ မကြိုက်တာတွေလဲ
ရှိနှိုင်တာပဲ။ သို့သော် ဘာဘဲပြောပြော သူတို့ဟာ ကျောင်းသားတပ်မတော်ရဲ့
ခေါင်းဆောင်တွေဆိုတာကိုတော့ သမိုင်းအရ ငြင်းလို့မရတာ အမှန်ပါ။
ဒီမိုကရေစီကိုနားလည်ကျင့်သုံးကြတဲ့လူတိုင်း
လူတဦးချင်းစီရဲ့ အခွင့်အရေး ဆိုတာကို အသိအမှတ်ပြုတယ်ဆိုရင်.. သူတို့
ပြည်တော်ပြန်တယ်လို့ ပြောပြော၊ အစိုးရနဲ့ ဆွေးနွေးမှုသွားလုပ်တာဖြစ်ဖြစ်
အဲဒါ သူတို့အားလုံးရဲ့ အခွင့်အရေးဘဲဖြစ်တယ်။ အဖွဲ့အစည်းကို
ကိုယ်စားပြုသည်ဖြစ်စေ ကိုယ်စားမပြုသည်ဖြစ်စေ ဒီအဖွဲ့အစည်း တစ်ခုမှာ အတူတကွ
ဖြတ်သန်းခဲ့ကြသူတွေဖြစ်တယ်။ အဲဒီတော့ သူတို့ရဲ့ ခရီးစဉ်ကလည်း ABSDF
ကျောင်းသားတပ်မတော်နဲ့ သက်ဆိုင်နေတယ်လို့ပြောရင် မမှားဘူး။
လက်ရှိနိုင်ငံရေးအခြေအနေက.. တစ်ချိန်က လူထောင်ပေါင်းများစွာ
သတ်ဖြတ်နှိပ်စက် ဘ၀ပျက်အောင်လုပ်ခဲ့တဲ့ သူတွေက ကိုယ်းကွယ်စရာ
သူတော်ကောင်းကြီးတွေဖြစ်လာ၊ စွန့်လွှတ်စွန့်စားကြသူတွေကိုကြတော့ ချိန်ကိုက်အိုးမဲသုတ် နာမည်ဖျက်ခံနေ ကြရ။ ခေတ်သစ် မြန်မာ့ဒီမိုကရေစီအခွင့်အရေးကပဲ လူတန်းစားခွဲလာတာလား….။ မြင်မြင်ရာ အိုးမဲလိုက်သုတ်ရတာ ၀ါသနာပါတဲ့လူတွေပဲ များလာတာလား။
အဲဒါဟာ ဘယ်သူမှ မပြောရဲတဲ့အချိန် ပြောခဲ့ကြတဲ့၊ ဘယ်သူမှလမ်းပေါ်ကို
အလံထောင်ပြီး မထွက်ရဲတဲ့အချိန် ရင်ကော့ထွက်ခဲ့ကြတဲ့၊ ဘယ်သူမှ အာဏာရှင်ကို
တုန့်ပြန်ဘို့ မစဉ်းစားခင် မိစွန့်ဖစွန့်၊ ငှက်ဖျားပေါင်းစုံတောထဲမှာ
ထမင်းငတ်ခံပြီး ရရာလက်နက်နဲ့ တုန့်ပြန်ခုခံတိုက်ပွဲဝင်ခဲ့တဲ့ တစ်ခြားတိုက်ပွဲဝင်ကျောင်းသားတွေအတွက် ပြည်တော်ပြန်ရေးမှာ စဉ်းစားစရာ….။
No comments:
Post a Comment