Saturday, September 1, 2012

Protest for the truth

တိုရွန်တိုစတား သတင်းစာတိုက်ရှေ့ မြန်မာနိုင်ငံသားများ ရိုဟင်ဂျာအရေး ဆန္ဒပြ

ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တို
စတား သတင်းစာတိုက်ရှေ့မှာ ကနေဒါရောက်
 မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။


 ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာ ရိုဟင်ဂျာတွေ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီးတိုရွန်တိုစတားသတင်းစာမှာမှားယွင်းတဲ့အချက်အလက်တွေထည့်သွင်း ဖော်ပြခဲ့တဲ့
အတွက် မြန်မာနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

သတင်း အချက်အလက်တွေ မှားယွင်း ဖော်ပြမှုတွေဟာ မြန်မာနဲ့  မူဆလင်တွေကြား ပြဿနာကို ပိုမိုကြီးထွားစေတဲ့အတွက် ကန့် ကွက်ဆန္ဒပြကြတာ ဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုစိုးမိုးသူက ပြောပါတယ်။

"လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်တို့ စတား သတင်းတိုက်က ၂ ခါဆက်တိုက်ပေါ့နော်၊ သတင်းတွေကို မှားယွင်းပြီး လွှင့်ခဲ့တဲ့ အချက်တွေပေါ်မှာ မူတည်ပြီးတော့မှ နောက်နောင်ဆိုရင် ဒီလိုသတင်းမျိုးတွေကို ကွန်မြူနတီ နှစ်ဘက်ကြားထဲမှာ ပြဿနာ ပိုပြီးမဖြစ်စေဖို့  အတွက် ကွန်မြူနတီ နှစ်ဘက်စလုံးကို နားထောင်ပြီးတော့မှ သတင်းတွေကို ကြားထဲက မျှတစွာ ရေးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြပါတယ်။

 ပြဿနာ ပိုမိုပြီးတော့ ကြီးထွားလာမယ့်အစား သေးသွားဖို့အတွက်ကို ကျွန်တော်တို့ 
အဖြေရှာဖို့ ဖြစ်တယ်။ 

ဟိုဘက်ကော ဒီဘက်ကော မှားယွင်းတဲ့ သတင်းတွေကို နောက်နောင်မှာ မှားပြီးတော့ မထုတ်လွှင့်စေဖို့ အတွက်ကို ဒါကို ကျွန်တော်တို့ အဓိက တားဆီးဖို့အတွက် ဖြစ်ပါတယ်"

ဒီဆန္ဒပြပွဲမှာ မြန်မာ ဗုဒ္ဓဘာသာအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့  မြန်မာမိသားစုတွေ
အင်အား စုစုပေါင်း ၇၀ လောက် ပါဝင်ခဲ့ကြတယ်လို့  သိရပါတယ်။

မနေ့ က နေ့ လည် ၁ နာရီမှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တို သတင်းစာတိုက်ရှေ့မှာ
ဆန္ဒပြခဲ့ကြပြီး သတင်းစာတိုက်ကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ ခဲ့တယ်လို့ 
 ပြောပါတယ်။

အဲဒီနောက် ပြည်နယ်အစိုးရ ပါလီမန် ရုံးချုပ်ရှေ့ကို သွားရောက် ဆန္ဒပြကြပါတယ်။
အဲဒီမှာ အထက်လွှတ်တော်အမတ် ဂျင်ကယ်ရီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက
ဆန္ဒပြပွဲမှာ မိန့် ခွန်းပြောကြားခဲ့ ကြတယ်လို့ သိရပါတယ်။

RFA (မြန်မာပိုင်း)
 
ရခိုင်ပြည်နယ်ရဲ့အရင်ကရောနောက်ဆက်ရှိနေမယ့်အခြေအနေတွေမှာရဲ့ရင့်ငယ်တို့လိုပြည်ပရောက်နေတဲ့မြန်မာတွေအနီးကပ်ထိတွေ့ခွင့်မရပေမဲ့ပြည်ပကဘင်္ဂလီတွေနဲ့ကတော့ထိတွေ့နေရပါတယ်။တချိန်ထဲမှာပြည်ပမီဒီယာဟာ(One side)တဖက်သပ်ဖြစ်လာပါတယ်။ဘင်္ဂလီတွေတင်ပြတာတွေပဲလွှင့်ထုတ်ဖေါ်ပြနေခဲ့တယ်။တချိန်ထဲမှာဆန္ဒထုတ်ဖေါ်ပွဲတွေအချိန်ကိုက်လုပ်လာတယ်။မိမိတို့နစ်နာချက်တွေဖေါ်ပြရာမှာဘာသာတွေအချင်းချင်းမတဲ့အောင်လုပ်လာတဲ့မရိုးသားမှုတွေပါရှိလာတဲ့အချိန်မှာတ
ုန့်ပြန်ဖို့သဘောတူခဲ့ပါတယ်။Protest for the truth ဆိုတဲ့ခေါင်းစဉ်နဲ့ဘင်္ဂလီသတင်းတွေကိုရက်ဆက်ဖေါ်ပြခဲ့တဲ့တိုရန်တိုစတားသတင်းစာတိုက်ရှေ့မှာမြန်မာ၈၀ခန့်စုဝေးဆန္ဒပြခဲ့ပါတယ်။တာဝန်ရှိသူတဦးကထွက်လာပြီးတွေ့ဆုံပါတယ်။အသင့်ပါတဲ့ကန့်ကွက်စာလည်းပေးနိုင်ခဲ့ပါတယ်။မျှမျှတတရေးဖို့ပြောတော့သတင်းကတဖက်ကပဲရနေလို့ပါဆိုလို့အချိန်မရွေးကျွန်တော်တို့ကိုဆက်သွယ်နိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။အလိမ်အညာဓါတ်ပုံတွေလည်းပေးခဲ့ပါတယ်။မှားတင်နေမှာစိုးလို့ပါ။၄၅မိနစ်ခန့်မြို့တွင်းမှာပါတ်ပြီးလမ်းလျောက်ဆန္ဒဖေါ်ထုတ်ပြီးနောက်Queen parkကိုရောက်ပါတယ်။အသင့်ရောက်နေတဲ့ပါလီမန်အမတ်နဲ့တွေ့ပြီးကနေဒါရောက်ဘင်္ဂလီအဖွဲ့ကဘာသာရေးအရစော်ကားတာအထောက်အထားနဲ့ပြသပါတယ်။ကနေဒါမှာလွတ်လပ်စွာပြောဆိုခွင့်ရှိပေမဲ့တဖက်နဲ့တဖက်မပြေမလည်ဖြစ်တာမလိုလားပါဖူး၊ထိုင်ခုံမှာထိုင်ပြီးဆွေးနွေးနိုင်အောင်စီစဉ်ပေးမယ်ပြောသွားပါတယ်။ဒေသတွင်းအသံလွှင့်ဌာနတခုကလာရောက်ရိုက်ကူးပြီးညဖက်မှာထုတ်လွှင့်ပေးတာကြောင့်ရဲရင့်ငယ်တို့ရဲ့တရားသောခုခံမှုဟာအောင်မြင်မှုအထိုက်အလျောက်ရတယ်ပြောလို့ရပါတယ်။ပြည်နယ်ပါလီမန်ကိုလည်းသဘောထားစတိတ်မန့်တွေဝင်ပေးနိုင်ခဲ့ပါတယ်။ကိုယ့်အရေးနဲ့ကိုယ်ဖြစ်နေလို့ကိုမိုးသီးကားခေါင်မိုးပေါ်တက်သွားတာအခုမှတွေ့လိုက်ရတယ်(ပြုတ်မကျပါစေနဲ့ဗျာ)

No comments: