Saturday, September 1, 2012

သူများတွေပြည်တော်ဝင်ချိန် အမေရိကားမှာရွှေရည်စိမ်နေတဲ့ချိုတူးဇော်


အမေရိကားမှာနေသာသလိုနေပါဒါရိုက်တာရယ်လို့ ပြောရင် လွန်များသွား မလား။ဒါရိုက်တာချိုတူးဇော်ရဲ့ ဆောင်းပါးလေးပါဗျာ။ အားပေးလိုက်ကြပါဦး။
---------------------------------------------------------------------------------------------------------
ရွှေရည်စိမ် . . .


ABSDF တွင်း မြောက်ပိုင်းတောင်ပိုင်း လူသတ်မှုတွေကို အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ခဲ့ပြီး၊ လုံလောက်လောက်တဲ့အချိန်မှာ အဲဒီကာလ ABSDF ခေါင်းဆောင်များဖြစ်ကြတဲ့၊ ကိုထွန်းအောင်ကျော်ကြီး၊ ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင် တို့ကို ပြည်ဝင်ခွင့် တပြိုင်နက်ပေးလိုက်သလို၊ ဖမ်းဆီးထိန်းသိမ်းခံပုဂ္ဂိုလ် တို့ကိုလည်း တချိန်တည်း ချိန်ကိုက်ပြည်တွင်းကို ရောက်နေစေတာ၊ 

တရားစွဲဆိုမှုတွေ ပြုလုပ်လာတာ တွေဟာ တိုက်ဆိုက်မှု သက်သက် လို့ ထင်ရင်တော့ မှားလိမ့်မယ်။


ဒါတွေဟာ မြန်မာ့နိုင်ငံရေး ကို ရှုပ်ထွေးအောင် တမင်ဖန်တီးနေတဲ့ အာဏာရှင်ရဲ့ အကွက်ကျလှတဲ့ ကစားကွက်တွေပါ။ 
ကိုယ့်အချင်းချင်း တိုက်ကြစေဖို့အတွက် ABSDF အကွဲအပြဲ ရဲ့ အဓိက ဇာတ်ကောင် ၂ ဦးကို တချိန်တည်း၊ တပြိုင်နက် ပြည်ဝင်ခွင့်ပေးခဲ့တာက အစ၊ပြည်တွင်းမှာ အင်အားကောင်းနေတဲ့ ၈၈ မျိုးဆက်အဖွဲ့ကိုပါ ရှုပ်ထွေးစေဖို့
ရည်ရွယ်ဟန်တူပါတယ်။ 

ပုဂ္ဂိုလ်စွဲတွေ မကုန်သေးတဲ့ ၈၈ မျိုးဆက် ဆိုင်းဘုတ်အောက်က လူတချို့ဟာသူတို့ ရဲ့ ခေါင်းဆောင်ဟောင်းတွေ နဲ့ သွားရောက်ပူးပေါင်းရင်း၊၈၈ အင်အားတွေရဲ့ အကွဲ အပြဲ ကိုလည်း ရည်ရွယ်ဟန်တူတယ်။


နောက် ဒီ လူတွေမှာ ပြဿနာ တွေ ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သူတို့ဇာတ်သူတို့သိမ်းသွားမှာလိ
ု့ ပါးပါးနပ်နပ်ကလေး ကို လွှတ်ပေးထားမယ့် ပုံလည်းရတယ်။

ဒီ ABSDF တွင်းက ပြဿနာတွေကို ရှင်းတော့ ရှင်းရမှာပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ မအောင့်နိုင်မအဉ်းနိုင် အလုအယက်ပြည်တော်ဝင်ချင်လှတဲ့သူတွေကိုပဲ စိတ်ပျက်လက်ပျက် ကြည့်နေမိပါတယ်။
 

ပြောင်းလဲပါတယ် လို့ တွင်တွင်အော် နေတဲ့
လက်ရှိ ဦးသိန်းစိန်အစိုးရ ဟာ ကလိန်ကကျစ်နိုင်ငံရေး ကစားပုံကတော့၊ 
ဟိုး အစဉ်အဆက် ဦးနေ၀င်းလက်ထက် က လက်ရာတွေ၊ ဗိုလ်ခင်ညွန့် လုပ်ခဲ့တဲ့ လက်စ လက်န တွေ အတိုင်းပဲ ရှိနေပါသေးတယ်။

ဒါ့ထက်ကြောက်စရာကောင်းတာကို သတိထားမိတာက ကိုယ့်လူ လို့ ထင်ရတဲ့ သူတို့လူတွေပါ ကိုယ့်ထဲမှာ ၀င်ရောနှောနေတာ ပါပဲ။ 

ဒီလိုလူတွေကို ဒီလို တစုတဝေး တည်း ဖြစ်အောင် စီစဉ်ခဲ့ကြတဲ့သူတွေကိုမျက်ခြေမပြတ်ဖို့ပဲ သတိပေးချင်ပါတယ်။


စစ်တပ်က ပြောင်းလဲချင်တယ် ဆိုတာအမှန်ပဲ ဖြစ်မယ် ဆိုရင်တောင်သူတို့စိတ်တိုင်းကျ ပုံစံ၊ စိတ်တိုင်းကျ ချုပ်ကိုင်မှုတွေနဲ့ စိတ်တိုင်းကျ ပြောင်းလဲပါလိမ့်မယ်။
 

လက်ရှိတိုင်းပြည် တပြည်လုံးရဲ့ မြေပုံအနှံ စီးပွားရေး လုပ်ကွက်တွေ၊ ဓါတ်သတ္တုတူးဖေါ်မှု၊ ရွှေငွေကျောက်သံပတ္တမြား တူးဖေါ်မှုတွေ မှန်သမျှ၊ဘယ်သူတွေ က ချုပ်ကိုင်လုပ်ဆောင်နေပါသလဲ။
 
ဒါတွေကို စနစ်တကျ လုပ်ပိုင်ခွင့်ရဖို့ ဘယ်လို ဥပဒေတွေနဲ့ ဘယ်လို ပြဋ္ဌာန်း ဘယ်လို ချုပ်ကိုင်ပြီးမှ ပြည်သူကို ပြောင်းလဲပါပြီလို့ လွတ်လပ်ခွင့်အနည်းအကျဉ်းကို ပေးပါသလဲ။

လက်ရှိ ကချင်ပြည်က ကေအိုင်အေ တပ်ဖွဲ့တွေကို ဘာကြောင့် တလကြမ်း ထိုးစစ်တွေ ဆင်နေပါသလဲ။
 
အဲဒါဟာ နိုင်ငံရေး အရ ညှိနှိုင်းခြင်း မရှိဘဲ၊ စစ်ရေးနဲ့ နယ်မြေစိုးမိုးရေး ကို အဓိက ထားနေတာ စီးပွားရေး အကျိုးအမြတ်များအတွက် ဆိုတာ က အစ မြင်အောင်ကြည့်ရင်တွေ့လာပါလိမ့်
မယ်။ 

တိုင်းပြည်တပြည်ဟာ အမည်ခံအားဖြင့် လွတ်လပ်တယ် ဆိုပေမယ့်၊
စီးပွားရေးအရ၊ ချုပ်ကိုင်ထားခံရဆဲဆိုရင် အမှန်တကယ် လွတ်လပ်တာ မဟုတ်ဘူး လို့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့ဖူး တာကို သတိရမိပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေး အပါအ၀င် လယ်ယာကဏ္ဍ က အစ နယ်ပယ် အသီးသီးကို ချုပ်ကိုင်ထားတာတွေကို စာရင်းပြုစုပါ။
 
အံ့သြစရာ လူတစုထဲရဲ့ လက်ထဲမှာဆိုတာကို တွေ့ရပါလိမ့်မယ်။ 

ဒါဆိုရင် ကျနော်တို့ကို ပြောင်းလဲပါပြီ လို့ ပြသနေတဲ့ အပြောင်းအလဲတွေဟာရွှေရည်စိမ်အပြောင်းအလဲတွေနဲ့၊
 
ရွှေရည်စိမ် ဒီမိုကရေစီ တွေ ဆိုတာကို မြင်အောင်ကြည့် မြင်သိ လာပါလိမ့်မယ်။ရခိုင်အရေးမှာလည်း ပက်ပက်စက်စက် လုပ်ပြီးပြီ။ 
ခုလည်း ဘာတွေ လုပ်ဦးမယ် မသိဘူး။
၂၀၁၅ မတိုင်မီ တခုပြီးတခု လာပါလိမ့်ဦးမယ်။

ချိုတူးဇော်

https://www.facebook.com/chotuzaw/posts/393027284096819

No comments: