မေစန္ဒီ
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
Dr. Babatunde Osotimehin
ဓါတ်ပုံ၊-၊ သီရိမာလာလူ
သန်းခေါင်စာရင်း ကောက်ယူရေး တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ စံချိန်ကို လိုက်နာရန် အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ပြီး လူမျိုးစုအားလုံး၏ လူဦးရေကို ထည့်တွက်ရန်အရေးကြီးကြောင်း သမ္မတဦးသိန်းစိန်အား ဆွေးနွေးပြောကြားခဲ့သည်ဟု ဆိုသည်။
"နိုင်ငံတကာ စံချိန်အောက်မှာရှိတဲ့ မြေပုံထုတ်ခြင်းအပိုင်း၊ ပညာရေး ပိုင်း ဆိုင်ရာနဲ့ အသိပညာမြှင့်တင်ပေးခြင်း အပိုင်း၊ နောက်ပြီး လူ အားလုံးပါဝင်နိုင်မယ့် လုံလောက်တဲ့အချိန်အတိုင်းအတာ တစ်ခု ပေးတဲ့အပိုင်း စတဲ့ စံသတ်မှတ်ချက် အကျဉ်းချုပ်ကို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဗီးယား ကလည်း မြန်မာ အစိုးရနဲ့ လက်မှတ်ရေး ထိုးခဲ့ပါတယ်။
စာရင်းတွေကောက်ပြီးတဲ့ အခါမှာလည်း တိကျမှန်ကန်မှုရှိအောင် ပြန်လည်စစ်ဆေးပြီး အထောက်အထား ပြုမှာ ဖြစ်ပါတယ်" ဟု ၎င်းက မြန်မာ တိုင်း(မ်)ကို ဩဂုတ်လ ၂၉ ရက်နေ့က ပြောကြားသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသန်းခေါင် စာရင်း ကောက်ယူရေးတွင် မြန်မာနိုင်ငံ နှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်ရေး နှင့် မျိုးဆက်ပွား နှင့် သားဆက်ခြား ပညာပေးလုပ်ငန်းများကို ပိုမိုအောင်မြင်လာစေရန်နှင့် လူငယ်များအတွက် ပြည့်စုံသော နည်းလမ်းများတွင် လိုအပ် ချက် များကို အကောင်အထည်ဖော်ရန် Dr. Babatunde Osotimehin သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတကလည်း ငြိမ်းချမ်း ရေးနှင့် လုံခြုံမှုနှင့်ပတ်သက်ပြီး အငြင်း ပွားမှု ဖြစ်ပေါ်လျက်ရှိသော ဒေသပေါင်း ၁၁ ခု၌ ဒေသ ၁၀ ခုကို ပြေလည် အောင် ဖြေရှင်းနိုင်ခဲ့ပြီး လက်ရှိဆက်လက်၍ အငြင်းပွားနေလျက်ရှိသော ကချင်ဒေသ တစ်ခုသာ ကျန်နေသေးရာ ၎င်းဒေသ တွင်လည်း သန်းခေါင်စာရင်းကောက်ယူ မည့်အစီအစဉ် အမြန်ဆုံး စတင်သွားနိုင် မည်ဟု မျှော်လင့်ကြောင်း ပြောကြား သည်ဟု Dr. Babatunde Osotimehin က ပြောသည်။
လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်ကို အမြန်ဆုံး စတင် ရန် ဥပဒေပြုမည်ဖြစ် ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် ရှေ့ပြေး စမ်းသပ်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး စာရင်းအပြီးအစီး ပြုစု ကောက်ယူသွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် မျိုးဆက်ပွား သားဆက်ခြား ပညာပေးလုပ်ငန်းများ အောင်မြင်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့က INGO/ NGO တို့နှင့်ပူးပေါင်း၍ ပြည်သူလူထုအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့် မျိုးဆက်ပွား သားဆက်ခြားလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျွမ်း ကျင်ဆရာဝန်နှင့် သူနာပြုများအား လေ့ကျင့်ပေး ခြင်း ကိစ္စများကို ဆောင်ရွက်ခြင်းဖြင့် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များကို အကောင်အထည် ဖော်သွားနိုင်မည်ဟုလည်း ၎င်းကပြော ကြားသည်။
Dr. Babatunde Osotimehin သည် ၎င်း၏ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံ၍ မြန်မာလူငယ်များ အကျိုး စီးပွား နှင့် အမျိုးသမီး များ၏ သားဆက်ခြားနှင့် မျိုးဆက်ပြန့် ပွားရေးပညာနှင့် ပတ်သက်သည့် ကိစ္စ ရပ်များကို တိုင်ပင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment