by Zay Yar Min on Monday, September 3, 2012 at 4:33pm
ကျွန်တော်တို့ကလေးဘ၀တုန်းကပေါ့။
အခုလိုစက်တင်ဘာလောက်မှာများမိုး တွေတအားရွာရင်၊မိုးသီးမိုးတွေရွာရင် အညာဒေသနေတောင်သူလယ်သမားအခြေခံလူ တန်းစားတို့
စိတ်သိပ်ညစ်ကြရတာ။မကြာခင်ဖော်ရေ တာ့မည့်မြေပဲခင်းတွေအထိနားလွန်း လို့လေ။
ကျွန်တော်တို့ကလေးအရွယ်ဆိုတော့အဲတာတွေနားမလည်ပါဘူး။ခံရဖူးသူတွေ ကတော့သိတာပေါ့။
မိုးတွေရွာလာပြီဆိုတာနဲ့ဘောလုံး လေမပြည့်တပြည့်လေးကုတင်အောက်က ဆွဲထုတ်လာပြီးမိုးရေထဲမှာဆော့ကြ တာပဲ။
သိပ်ပျော်စရာကောင်းတာကိုး။ကျွန် တော်တို့မိုးရေထဲမှာဘောလုံး
ကန်တာကိုအိမ်ပြတင်းတံခါးဝမှာ
ဆေးပေါ့လိပ်ကြီးခဲပြီးငူငူကြီးထိုင်ကြည့်နေတတ်သူက အဖွား။
ကလေးတွေပျော်နေတာကိုလည်းသူ ကျေနပ်ပုံရတယ်။ဒါပေမယ့်တခုခုကို တွေးနေသလိုလို၊စိုးရိမ်နေသလိုလိုပဲ။
တစ်ခါတစ်လေကျတော့ မိုးသီးမိုးတွေရွာတတ်တယ်။အဲလိုရွာတဲ့အခါအဖွားက ကျွန်တော်တို့ ကလေးတွေ ကိုပေးမဆော့ဘူး။
ပြီးတော့လည်းပြောသေးတယ်...
'မိုးသီးမိုးတွေရွာရင် အပြင်ထွက်ပြီးအော်ဟစ်
ဆူညံ့မနေနဲ့ တဲ့။ ကိုယ့်အိမ်ထဲမှာပဲအေးဆေးအိပ်နေ၊
မိုးသီးတွေရဲ့နောက်မှာ မိုးကြိုးကြီးတွေပါတယ်၊မိုးကြိုးပစ်တာခံရရင် တစ်ကိုယ်လုံးမဲမဲကြီးဖြစ် သွားပြီးအားလုံးသေကုန်မယ်ငါ့မြေး' တဲ့။
ကျွန်တော်ရဲ့အဖွား အ သုံးလုံးကျောင်းဆင်းကြီး က အဲလိုဆုံးမဖူးတယ်။
ကျွန်တော်လည်းတွေးမိတယ်။ မိုးသီးတွေရွာတုန်းထွက်ဆော့ရင် အနည်းဆုံးတော့ မိုးသီးရဲ့ဒဏ်ချက် စာမိမယ်။နာမယ်။
အခုတော့ကိုယ့်အလုပ်ကိုယ့်ဝမ်းရေးအတွက်တနယ်အဝေးဆီရောက်နေတော့ ကျွန်တော့် ရွာကလေး ကိုလွမ်းမိတယ်။
ဒီအချိန်ဆို မြေပဲတွေဖော်ဖို့ ပြင်ဆင်နေလောက်ပြီ။
မိုးသီးမိုးတွေကောရွာနေသလား၊ကျွ န်တော့်ညီလေးညီမလေးတွေ မိုးရေထဲထွက်ဆော့နေကြလေ မလား။
မိုးသီးမိုးတွေရွာတုန်းများမစဉ်းစားမဆင်ခြင်ပဲအပြင်ထွက်ဆော့အော်ဟစ်နေရင် မိုးသီးဒဏ်ကြောင့်နာနေလေမလား။
အခုတလော ကျွန်တော့ရွာလေးကိုသတိရလိုက်တာဗျာ။
ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
၃/၀၉ /၂၀၁၂ ။
စိတ်သိပ်ညစ်ကြရတာ။မကြာခင်ဖော်ရေ
ကျွန်တော်တို့ကလေးအရွယ်ဆိုတော့အ
မိုးတွေရွာလာပြီဆိုတာနဲ့ဘောလုံး
သိပ်ပျော်စရာကောင်းတာကိုး။ကျွန်
ကန်တာကိုအိမ်ပြတင်းတံခါးဝမှာ
ဆေးပေါ့လိပ်ကြီးခဲပြီးငူငူကြီးထ
ကလေးတွေပျော်နေတာကိုလည်းသူ ကျေနပ်ပုံရတယ်။ဒါပေမယ့်တခုခုကို
တစ်ခါတစ်လေကျတော့ မိုးသီးမိုးတွေရွာတတ်တယ်။အဲလိုရ
ပြီးတော့လည်းပြောသေးတယ်...
'မိုးသီးမိုးတွေရွာရင် အပြင်ထွက်ပြီးအော်ဟစ်
ဆူညံ့မနေနဲ့ တဲ့။ ကိုယ့်အိမ်ထဲမှာပဲအေးဆေးအိပ်နေ၊
မိုးသီးတွေရဲ့နောက်မှာ မိုးကြိုးကြီးတွေပါတယ်၊မိုးကြို
ကျွန်တော်ရဲ့အဖွား အ သုံးလုံးကျောင်းဆင်းကြီး က အဲလိုဆုံးမဖူးတယ်။
ကျွန်တော်လည်းတွေးမိတယ်။ မိုးသီးတွေရွာတုန်းထွက်ဆော့ရင် အနည်းဆုံးတော့ မိုးသီးရဲ့ဒဏ်ချက် စာမိမယ်။နာမယ်။
အခုတော့ကိုယ့်အလုပ်ကိုယ့်ဝမ်းရေ
ဒီအချိန်ဆို မြေပဲတွေဖော်ဖို့ ပြင်ဆင်နေလောက်ပြီ။
မိုးသီးမိုးတွေကောရွာနေသလား၊ကျွ
မိုးသီးမိုးတွေရွာတုန်းများမစဉ်
အခုတလော ကျွန်တော့ရွာလေးကိုသတိရလိုက်တာဗ
ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
၃/၀၉ /၂၀၁၂ ။
No comments:
Post a Comment