ထိုင်းနိုင်ငံရေးတင်းမာမှု (3/12/2013)
ဘန်ကောက်မှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဒီနေ့ မွန်းတည့် 12 နာရီအချိန်မှာ ဝန်ကြီးချုပ်ရုံးခြံစည်းရုံးဝင်းထဲကို ၀င်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ရုံးထဲမှာတော့ စစ်တပ်က လုံခြုံရေးတာဝန်ယူထားပါတယ်။ ဆန္ဒပြသူတွေက ရုံးထဲကို
မ၀င်ပဲ ရုံးအရှေ့  မြက်ခင်းမှာ စုရုံးဟောပြောနေကြပါတယ်။ အလားတူပဲ
ဘန်ကောက်တိုင်းရဲချုပ်ရုံးကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
လုံခြုံရေးရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးနဲ့မပစ်တဲ့အပြင် လမ်းဖယ်ပေးလိုက်တဲ့
အတွက် ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ရဲဘက်ကပြောတာက သွေးထွက်သံယိုဖြစ်မှာ
စိုးလို့ဖယ်ပေးလိုက်တာလို့ပြောပါတယ်။
ဆန္ဒပြခေါင်းဆောင်တစ်ဦး ပြောတာက ဘန်ကောက်တိုင်းရဲချုပ်ရုံးကို ၀င်ရောက်ဖို
့ကြိုးစားတာဟာ ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေဘက်က ရပ်တည်ပေးဖို့
တွန်းအားလာပေးတာဖြစ်တယ်။ တခြားရည်ရွယ်ချက်မရှိဘူး။ အခုရဲချုပ်ရုံးကို
ဝင်လာပေမယ့်လည်း ဆန္ဒပြသူတွေက ဘာမှ မလုပ်ဘူးဆိုတာ မြင်တဲ့အတိုင်းပဲလို့
ပြောပါတယ်။
လုံခြုံရေးရဲတွေနဲ့ဆန္ဒပြသူတွေတချို့ လက်ဆွဲနှုတ်ဆက်တာ ဓါတ်ပုံတွဲရိုက်တာ
တွေလုပ်ခဲ့ ပါတယ်။
မနေ့က (2/12/2013) အထိ ဆန္ဒပြပွဲတလျှောက် သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရသူ
၂၅၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
No comments:
Post a Comment