မြန်မာနိုင်ငံမှ
သစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီ တရားမ၀င်
ခိုးထုတ်မှုများကို တရုတ်အစိုးရ အနေဖြင့် တားဆီးပေးပါရန် တရုတ်နိုင်ငံတွင်
ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပနေသည့် (၁၃) ကြိမ်မြောက်
တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့်
တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင်
မြန်မာအစိုးရ တာဝန်ရှိသူများက တရားဝင် တောင်းဆိုခဲ့ကြောင်း သိရသည်။
"အခု လက်ရှိကို ကန်ပိုက်တီး တောင်ဘက်နယ်မြေမှာ သစ်လုံးတွေကို ခုတ်ပြီးသား
တန်တစ်သောင်း နှစ်သောင်းခန့် လက်ရှိရှိနေပါတယ်။ အဲဒီဟာတွေက
မြန်မာနိုင်ငံဘက်ကို ထုတ်တာမဟုတ်ဘူး။ တရုတ်ပြည်ဘက်ကို ထုတ်တာ။ သစ်လုံးတွေက
တန်သောင်းနဲ့ချီ ထုတ်လိုက်တော့ ကချင်ပြည်နယ်က တောင်တွေက တောင်ကတုံးတွေ
ဖြစ်ကုန်တယ်။ သစ်ပင်မရှိတဲ့တောင်တွေ ဖြစ်ကုန်တာပေါ့။ တကယ်ဆို
သစ်လုပ်ငန်းရဲ့ ထုံးစံအရဆိုရင် သစ်လုံးကို ခုတ်ပြီးရင် ပြန်စိုက်ရတာ။
သူတို့ကျတော့ ခုတ်သာခုတ်တာ။ ပြန်မစိုက်ဘူး။ အဲဒီတော့ ကြာလာရင်
သစ်ပင်မရှိတဲ့ အတွက်ကြောင့်မို့ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တယ်။
အဲဒီ အကျိုးဆက်တွေက မြန်မာနိုင်ငံကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။
အဲဒီဟာတွေကို တားဆီးပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့
ရာသီဥတုတွေ ထိန်းသိမ်းတာရော၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတာရော
အားလုံးကောင်းသွားမှာ ဖြစ်ပါတယ်" ဟု ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးက (၁၃)
ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ
ကျင်းပနေစဉ်အတွင်း ယူနန်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်
ပြောကြားသည်။
"ဒီနေ့ မနက်မှာပဲ ရှမ်းပြည်နယ်က ၀န်ကြီးပြောတာ
ရှိတယ်။ ခုနက ပြောသလို ကချင်ပြည်နယ်ဘက်မှာ သစ်တွေခုတ်တယ်။ အဲဒီ ပိုက်ဆံကို
တရုတ်တွေက မပေးတာ မဟုတ်ဘူး။ ပေးတယ်။ ဒါပေမဲ့ ပိုက်ဆံက မြန်မာပိုက်ဆံ အတုတွေ
ပေးသွားတယ်။ ယွမ်ငွေအတုတွေ ပေးသွားတာ။ အဲဒီတော့ သစ်တောသာ ပေးလိုက်ရတယ်။
ရတဲ့ ပိုက်ဆံကကျတော့ ဘာမှသုံးမရဘူး ဖြစ်နေတယ်။ အဲဒီတော့ သစ်ပင်ကို
ဒီအတိုင်း ယူသွားတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပိုက်ဆံက အတုတွေ
ဖြစ်နေပေမယ့် ဘာမှလုပ်လို့ မရဘူး။ အစိုးရကိုလည်း တိုင်လို့မရဘူး ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ သစ်ပင်က ခိုးရောင်းထားတာကိုး" ဟုလည်း ကောင်စစ်ဝန်ချုပ်
ဦးအောင်ကျော်ဦးက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ တရားမ၀င်
သစ်ခိုးထုတ်မှုများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင်
ဖြစ်ပွားလျက်ရှိပြီး ယွမ်ငွေအတုများနှင့် ငွေပေးချေမှုများမှာ ရှမ်းပြည်နယ်
နမ့်ခမ်းနယ်စပ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အလားတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ တရုတ်နိုင်ငံသို့ တရားမ၀င်
သစ်ထုတ်ယူနေမှုများကို တရုတ်အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့်
ပူးပေါင်းတားဆီး ပေးရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ရွှေလီမြို့ရှိ ကျင်းချင်-ဒီဟိုင်း
ဟိုတယ်တွင် ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"ကချင်နဲ့ ရှမ်းက တရားမ၀င်သစ်တွေ ခိုးထုတ်နေတာတွေ ရှိတယ်။
နောင်တောင်းဘက်မှာ တရားမ၀င် သွားတာရှိတယ်။ ဒါတွေကို နှစ်ဖက်စလုံးက
ဝိုင်းဝန်းတားဆီးဖို့ လိုပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက
ပြောကြားသည်။
ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပြည်ပသို့ တရားဝင် တင်ပို့ရန် ပြင်ဆင်နေသည့် သစ်လုံးတင်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Source: Eleven Media Group
မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီ တရားမ၀င် ခိုးထုတ်မှုများကို တရုတ်အစိုးရ အနေဖြင့် တားဆီးပေးပါရန် တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပနေသည့် (၁၃) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင် မြန်မာအစိုးရ တာဝန်ရှိသူများက တရားဝင် တောင်းဆိုခဲ့ကြောင်း သိရသည်။
"အခု လက်ရှိကို ကန်ပိုက်တီး တောင်ဘက်နယ်မြေမှာ သစ်လုံးတွေကို ခုတ်ပြီးသား တန်တစ်သောင်း နှစ်သောင်းခန့် လက်ရှိရှိနေပါတယ်။ အဲဒီဟာတွေက မြန်မာနိုင်ငံဘက်ကို ထုတ်တာမဟုတ်ဘူး။ တရုတ်ပြည်ဘက်ကို ထုတ်တာ။ သစ်လုံးတွေက တန်သောင်းနဲ့ချီ ထုတ်လိုက်တော့ ကချင်ပြည်နယ်က တောင်တွေက တောင်ကတုံးတွေ ဖြစ်ကုန်တယ်။ သစ်ပင်မရှိတဲ့တောင်တွေ ဖြစ်ကုန်တာပေါ့။ တကယ်ဆို သစ်လုပ်ငန်းရဲ့ ထုံးစံအရဆိုရင် သစ်လုံးကို ခုတ်ပြီးရင် ပြန်စိုက်ရတာ။ သူတို့ကျတော့ ခုတ်သာခုတ်တာ။ ပြန်မစိုက်ဘူး။ အဲဒီတော့ ကြာလာရင် သစ်ပင်မရှိတဲ့ အတွက်ကြောင့်မို့ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တယ်။ အဲဒီ အကျိုးဆက်တွေက မြန်မာနိုင်ငံကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ အဲဒီဟာတွေကို တားဆီးပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ရာသီဥတုတွေ ထိန်းသိမ်းတာရော၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတာရော အားလုံးကောင်းသွားမှာ ဖြစ်ပါတယ်" ဟု ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးက (၁၃) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပနေစဉ်အတွင်း ယူနန်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"ဒီနေ့ မနက်မှာပဲ ရှမ်းပြည်နယ်က ၀န်ကြီးပြောတာ ရှိတယ်။ ခုနက ပြောသလို ကချင်ပြည်နယ်ဘက်မှာ သစ်တွေခုတ်တယ်။ အဲဒီ ပိုက်ဆံကို တရုတ်တွေက မပေးတာ မဟုတ်ဘူး။ ပေးတယ်။ ဒါပေမဲ့ ပိုက်ဆံက မြန်မာပိုက်ဆံ အတုတွေ ပေးသွားတယ်။ ယွမ်ငွေအတုတွေ ပေးသွားတာ။ အဲဒီတော့ သစ်တောသာ ပေးလိုက်ရတယ်။ ရတဲ့ ပိုက်ဆံကကျတော့ ဘာမှသုံးမရဘူး ဖြစ်နေတယ်။ အဲဒီတော့ သစ်ပင်ကို ဒီအတိုင်း ယူသွားတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပိုက်ဆံက အတုတွေ ဖြစ်နေပေမယ့် ဘာမှလုပ်လို့ မရဘူး။ အစိုးရကိုလည်း တိုင်လို့မရဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သစ်ပင်က ခိုးရောင်းထားတာကိုး" ဟုလည်း ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ တရားမ၀င် သစ်ခိုးထုတ်မှုများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိပြီး ယွမ်ငွေအတုများနှင့် ငွေပေးချေမှုများမှာ ရှမ်းပြည်နယ် နမ့်ခမ်းနယ်စပ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အလားတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ တရုတ်နိုင်ငံသို့ တရားမ၀င် သစ်ထုတ်ယူနေမှုများကို တရုတ်အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းတားဆီး ပေးရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ရွှေလီမြို့ရှိ ကျင်းချင်-ဒီဟိုင်း ဟိုတယ်တွင် ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"ကချင်နဲ့ ရှမ်းက တရားမ၀င်သစ်တွေ ခိုးထုတ်နေတာတွေ ရှိတယ်။ နောင်တောင်းဘက်မှာ တရားမ၀င် သွားတာရှိတယ်။ ဒါတွေကို နှစ်ဖက်စလုံးက ၀ိုင်းဝန်းတားဆီးဖို့ လိုပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ပြောကြားသည်။

![█ မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီ တရားမ၀င် ခိုးထုတ်နေပြီး ယွမ်ငွေအတုများဖြင့် ငွေပေးချေနေမှုကို တရုတ်အစိုးရ အနေဖြင့် တားဆီးပေးရန် မြန်မာဘက်က တောင်းဆို

Source: @[114803668557265:274:Eleven Media Group]](https://scontent-b-lga.xx.fbcdn.net/hphotos-prn2/s403x403/1452228_584557901615507_1254861950_n.jpg)
No comments:
Post a Comment