ဒီမိုကရေစီကို ရယူဖို့၊ ဖေါ်ဆောင်ဖို့၊ တည်ဆောက်ဖို့ .... ဒီမိုကရေစီ နည်းလမ်းဘောင်ထဲကပဲ ကြိုးစားရမယ်။ ဖြတ်လမ်း မရှိဘူး။
ဒီမိုကရေစီ ဘောင်ထဲက မလုပ်ဘဲ "လူများလို့၊ လက်နက်အင်အားရှိလို့" အဲဒီ
အင်အားတွေ အားကိုးနဲ့ ဒီမိုကရေစီ နည်းမကျဘဲ အင်အားနဲ့ တည်ဆောက်မယ် ကြံရင်
အဆုံးသတ်မှာ ဒီမိုကရေစီ မဟုတ်တဲ့ နည်းတွေ ထွန်းကားလာပြီး ... တိုင်းပြည်ပဲ
ဒုက္ခရောက်လိမ့်မယ်။
ထိုင်းမှာ ဘယ်သူတွေ ဘာပြောပြော ဝန်ကြီးချုပ်
ရင်လတ် ပြောတာကို ထောက်ခံတယ်။ ဥပဒေအရ ဖြစ်ရမယ်။ အခြေခံ ဥပဒေအရသာ သူက ရာထူးက
ဆင်းတာ လုပ်နိုင်မယ်။ ဥပဒေထဲမှာ မရှိတဲ့ နည်းလမ်းနဲ့ လုပ်တာကို
လက်မခံဘူးလို့ ဆိုတယ်။
ထိုင်းရဲ့ အခြေခံ ဥပဒေဆိုတာ နာဂစ် အလောင်းပုံထဲကနေ အတင်းအဓမ္မ မဲတွေယူပြီး
၉၀ % ကျော်တဲ့ ထောက်ခံမဲတွေနဲ့ အတည်ပြုခဲ့တာ မဟုတ်ဘူး။ ပြည်သူတွေရော၊
နိုင်ငံရေး သမားတွေရော၊ အာဏာသိမ်း စစ်တပ်ရော အကုန်က ကျေနပ်ပြီး ရေးထားတဲ့
အခြေခံ ဥပဒေ ဖြစ်တယ်။ ဒီအခြေခံ ဥပဒေကို ကျော်ပြီး လုပ်တာဟာ ဘယ်လိုမှ
မသင့်တော်သလို ဒီမိုကရေစီစနစ်ကို "အင်အားရှိသူတွေက" ခြိမ်းခြောက်နေတာ
ဖြစ်တယ်။
ဒီမိုကရေစီ နိုင်ငံမှာ ဒီမိုကရေစီအရ ကိုယ်သဘော မကျတဲ့
အစိုးရကို ဖယ်ထုတ်ဖို့ နောက်တကြိမ် ရွေးကောက်ပွဲမှာ လုပ်နိုင်တယ်။ ဒါကို
ပြည်သူတွေရော .. အထူးသဖြင့် နိုင်ငံရေး သမားတွေက စဉ်းစား လုပ်ကိုင်သင့်တယ်။
ဒီမိုကရေစီအရ (စစ်စစ်မှန်မှန် နဲ့) အစိုးရ ဖြစ်လာတဲ့ အစိုးရကို
ဖြုတ်ချတာဟာ ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းကို အထင်သေး၊ သိက္ခာ ကျစေတာ
ဖြစ်လို့ ... ဒီမိုကရေစီကို တန်ဖိုးမထားဘဲ "အင်အား" ကို အားကိုးတဲ့
အလေ့အထတွေ ဖြစ်လာရင် တိုင်းပြည်မှာ ဆိုးကျိုး သံသရာ လည်လိမ့်မယ်။
အခုလက်ရှိ ရင်လတ်ရဲ့ အစ်ကို သက်ဆင် ကို ဖြုတ်ချတဲ့ အခါ ထိုင်းမှာ အဆိုး သံသရာ လည်တော့တယ်။ အီဂျစ်မှာ သွေးချောင်းစီးတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းလာခဲ့ရင် မြန်မာနိုင်ငံသားတွေလည်း
ဒီမိုကရေစီကို "အင်အား" နဲ့ ဖယ်ရှားတဲ့ လုပ်ရပ်တွေ မလုပ်ဖို့ သင်ခန်းစာ
ယူနိုင်ကြဖို့ပါ။
ဆွေးနွေး၊ ညှိနှိုင်း အဖြေရှာ၊ တရားဥပဒေကို လေးစာတယ်ဆိုတာ ဒီမိုကရေစီ ကျင့်စဉ်တွေ ဖြစ်ပါကြောင်း ..
လူအုပ်များလို့ လုပ်ချင်ရာ လုပ်တာဟာ .. ဘယ်အခြေအနေ ဖြစ်ဖြစ် ဒီမိုကရေစီကို
ဆန့်ကျင်တာ ဖြစ်ပြီး .. လူများစုက ရမ်းကား အုပ်ချုပ်တဲ့ ပုံစံ (Mob Rule)
သာ ဖြစ်ပြီး ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်ဆိုတာ သတိထားမိဖို့ပါ။
ဒီမိုကရေစီနဲ့ လူများစုက ရမ်ကား အုပ်ချုပ်တာ (Mob Rule)ဟာ တူသလိုလို နဲ့
ကွဲပြားပါတယ်။ ဒါပေမယ့် သူတို့ ၂ ခုကြားမှာ ပါးလှပ်တဲ့ မျဉ်းသေးသေးလေး
တစ်ကြောင်းသာ ရှိတာကြောင့် ဒီနှစ်ကို ရောမသွားဖို့ အင်မတန်
အရေးကြီးပါကြောင်း
(ကိုထိုက်)
No comments:
Post a Comment