Tuesday, December 3, 2013
အသေနှင့်အရှင်
ဘဝတကွေ့ ဆုံလာတွေ့  သည်
အစဉ်အမြဲ မခွဲချင်လည်း
လမ်းခွဲကတော့ရှိနှင့်ပြီ။
နေစဉ်ကာလ ထိုခဏမှာ
လူ့ ရွာအကျိုး တို့ သယ်ပိုးလျှက်
ရှောင်ကာအကျိုးမဲ့
ကာကွယ်သာသနာ
စောင့်လေတို့ အမျိုး
တို့ အမျိုးဘာသာ
တို့ သာသနာအတွက်မို့ 
သေသော်လည်းဘဲ့ရှင်နေသည်။
မဆောင် အကျိုး
အဘိုး မများ
အနှစ်တရာနေရပါလည်း
ဗလာ နထ္တိ အချည်းနည်းမို့ 
နေလည်းနေသည်မမည်ပါ။
သေသော်မတည်း...သြော် ကောင်း၏။
တို့ နိုင်ငံအကျိုး
အစဉ်ပိုးဘို့ 
တို့ အမျိုးဘာသာ
တို့ သာသနာကို
ရှင်လျှက်စောင့်ထိမ်းကြပါစို့ ။
အောင်မိုး(ကနေဒါ)
ဆရာတော်တပါး၏ကဗျာကိုပြန်လှယ်ခံစားရေးထားခြင်းပါ။
Labels:အတိတ်က မြိတ်သမိုင်း
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment