Guest from Phar Kant - The peace from the different side in Kachin state
ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ
မိုးမခထံပေးစာ (ဖားကန့်ဧည့်သည်)၊ ဇွန် ၁၊ ၂၀၁၂
ယခုတလော
ကချင်ပြည်နယ်၌ တိုက်ပွဲတွေ ပိုများလာသည်။ လွန်ခဲ့တဲ့သုံးပတ်လောက်က
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ တာမခန်-စသော
ဒေသများသို့ သွားရောက်ခဲ့စဉ်က ဒီလောက် မဆိုးလှသေးဟုဆိုရပေမည်။
မိုးကောင်းမြို့အနီး ရထားကို မိုင်းခွဲတာတို့၊ ၀ိုင်းမော်ဒေသ၌ အစိုးရအရာရှိ
လေးယောက် ခေါင်းဖြတ်သတ်ခံရတာတို့၊ တာမခန်မှ အင်းတော်ကြီးသို့ သွားရာလမ်း၌
မိုင်းဗုံးများ ထောင်ထား၍ ခရီးသွားများ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ရတာ
"စသည့်တို့ …" လောက်သာရှိခဲ့သည်။
ယခုအခါ၌မူ
ကချင်ပြည်နယ်အတွင်း ခရီးများသွားလို့၊ လာလို့ မကောင်းတော့ပေ။
လူအခွင့်အရေးများ ဆိတ်သုဉ်းနေသော ကချင်ပြည်နယ်ကို လူအခွင့်အရေးများ
ရရှိနိုင်အောင် နိုင်ငံတကာမှ ကြိုးစား ဆောင်ရွက်ပေးသင့်သည်။ ဌာနေပြည်သူများ
လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရ၊
ပြည်သူများနှင့် ကချင်KIAတို့ အမြင်မတူ ဖြစ်နေသည်မှာ အဓိကအကြောင်း
အရင်းဖြစ်နေသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်၌
နေထိုင်သော လူဦးရေ ၄၀% ခိုင်နှုန်းသည် ကချင်တိုင်းရင်သားများဖြစ်ကြပြီး၊
ကျန် ၆၀% ခိုင်နှုန်းသည် ရှမ်း၊ ကဒူး မြန်မာ တရုပ် စသော အခြားတိုင်းရင်းသား
လူမျိုးများဖြစ်ကြသည်။ အနည်းစု ကချင်လူမျိုးများသည် အထူးသဖြင့်
လူမျိုးစုခေါင်းဆောင်တို့သည် နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေး
အမြတ်ထုတ်လိုမှု၊ ဒီအကြောင်းနှစ်ခုကို အကြောင်းပြုí ပြည်သူရွေးကောက်ခံ
နိုင်ငံတော်အစိုးရအား ပြောက်ကျားစံနစ်ဖြင့် တော်လှန်
တိုက်ခိုက်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ ဌာနေ
ကချင်တိုင်းရင်းသား လူငယ်များ ပညာမသင်ကြားရခြင်းကြောင့်ဖြစ်သည်။
ကချင်လူမျိုးအများစုသည် မူလတန်းပညာကိုပင် ဟုတ်တိပတ်တိ မသင်ကြရှာပေ။
ကချင်ပြည်နယ်၌
နေထိုင်ကြသော ဒေသခံပြည်သူ၊ ပြည်သူများ လူနေမှုအဆင့်အတန်းများနှင့်
လူ့အခွင့်အရေးများ ရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ စာသင်ကျောင်းများကို
ဖွင့်လှစ်ပေးသော်လည်း ကချင်ကလေးငယ်အများစုသည် ကျောင်းတက်ခွင့်များကို
မရရှိကြပေ။ စစ်ကြောင်းထောက်လှမ်းပေးခြင်း၊ နိုင်ငံတော်အစိုးရ၏
လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းပေးနေသောသူများမှာ
ကချင်ကလေးသူငယ်များနှင့် ကချင်အမျိုးသမီးများဖြစ်နေသည်ကို အံသြစွာ
တွေ့ရှိနေရသည်။
ပညာမတတ်ရှာကြသဖြင့်
အသွင်ကူးပြောင်းရေး ကာလမှာ သူတို့ခံယူချက်များကို
မပြောင်းနိုင်အောင်ဖြစ်နေကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ
လမ်းပြင်ခြင်း၊ လမ်းဖေါက်ခြင်း၊ တံတားဆောက်ခြင်း စသည်တို့ကို
ဘယ်လောက်ပဲပြုလုပ်ပေးပေး မလိုလားနိုင်ကြပေ။ အကြမ်းဖက်နည်းသည်သာ
သူတို့၏ခံယူချက် အဓိဋ္ဌာန်ဖြစ်နေခဲ့သည်။
စစ်အစိုးရလက်ထက်က
KIA တို့နှင့် ငြိမ်းချမ်းရေးယူကာ ဖားကန့်ဒေသရှိ အချို့နယ်ပယ်ဒေသများ၊
လိုင်ဇာကဲ့သို့သော ဒေသများအား KIA နှင် KIO တို့အား ခွဲဝေပေးလျှက်
သူတို့ရဲ့ အုပ်ချုပ်နယ်မြေအဖြေစ် ညှိနှိုင်းပေးအပ်ခဲ့သည်။ နာမည်ကျော်
နမ္မတီးသကြားစက်ကြီးးကိုပင် KIA နှင့်ကချင်လူမျိုးတို့အား
လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် လက်နက်ဖြင့်သာ လုပ်ကိုင်စားသောက်တတ်သော
ကချင်လူမျိုးတို့ လက်ထက်ဝယ် သကြားစက်ရုံကြီး အလည်ရပ်ခဲ့ရသည်။ ယခုအချိန်အထိ
ထိုနမ္မတီးသကြားစက်ရုံကြီးသည် ကချင် KIA တို့ ပိုင်ဆိုင်ထားဆဲဖြစ်သည်။
ကချင်ပြည်နယ်နေ
KIA တို့သသည် ကချင်ပြည်နယ်ကို သူတို့ပိုင်နယ်မြေဟု သတ်မှတ်ပြောဆို
ယူဆနေဆဲဖြစ်သည်။ ကချင်လူမျိုးမှန်သမျှ KIA စစ်သားများသာ ဖြစ်ရမည်ဟု
ကြွေးကြော်နေဆဲဖြစ်သည်။ ကလေးသူငယ်များ၏ လူ့အခွင့်အရေးများကို သူတို့
နားလည်ဟန်မတူပေ။ ကချင်ပြည်နယ်၌ ထွက်ရှိသမျှ မြေပေါ် မြေအောက် သယံဇာတများသည်
သူတို့သာ ပိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ဆောက်လုပ်ထားသော
မြစ်ကူး၊ ချောင်းကူး၊ မြောင်းကူး အလျားပေ ပေနှစ်ဆယ်အထက်၌ရှိသော
တံတားမှန်သမျှ မိုင်းဗုံးမခွဲခံရသောတံတားကား မရှိသလောက်ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း လမ်းပမ်း ဆက်သွယ်ရေးများ ကောင်းမွန်နေခြင်းသည်
သူတို့အတွက် အန္တရယ်ရှိသည်ဟု အမြင်ရှိနေဆဲဖြစ်သည်။ အမှန်တကယ်မူ
ကချင်ပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်။
ကချင်
KIA တို့သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြသော ပြည်သူများထံမှ
ဆက်ကြေးများကို တောရွာများမှသည် မြို့ပြနေပြည်သူများအထိ ဆက်ကြေးများကို
(ယခင်အခါများက တနှစ်မှာတစ်ခါ ကောက်ခံသော်လည်း ယခုအခါ
ငါးကြိမ်မှဆယ်ချိန်အထိရှိလာသည်) ကောက်ခံနေဆဲဖြစ်သည်။ ဆက်ကြေးမပေးနိုင်လျှင်
သို့မဟုတ် ဆက်ကြေးမဆပ်လိုသော ပြည်သူတို့အတွက် သွားရားလမ်းတစ်လမ်းကိုသာ
ဖွင့်ထားပေးခဲ့သည်။ ထိုလမ်းမှာ သေမင်းတမန်လမ်းဖြစ်သည်။ လူ့အခွင့်အရေးများ
ပျောက်ဆုံးနေသော ကချင်ပြည်နယ်ကို ကမ္ဘာ့ပြည်သူများ သိနိုင်မည်မဟုတ်ပါ။
ကချင်တိုင်းရင်းသားများအပါအ၀င် ရှမ်း၊ ကဒူး၊ ဂဏန်း၊ မြန်မာ၊ တရုပ် စသော
ပြည်သူတို့အား ထိုလက်နက်များဖြင့် ခြိမ်းချောက်နေပြီး၊ လူ့အခွင့်ရေများကို
ဆက်လက်ချိုးဖေါက်နေသမျှကာလ ပတ်လုံး ကချင်ပြည်နယ်
ငြိမ်းချမ်းရေးရောင်ခြည်သည် ပျောက်ဆုံးမြဲ၊ ပျောက်ဆုံးနေဦးမည်သာ ဖြစ်သည်။
No comments:
Post a Comment