ကြံ့ဖွံ့အဖွဲ့တွေလမ်းလျှောက်နေစဉ်
ကြံ့ဖွံ့တွေဟာ စစ်တပ်ထိပ်ပိုင်း စစ်အာဏာရှင်တွေက နေရာပေးလာတာနဲ့ အရာရှိ
စစ်သည်များထက် အခွင့်အရေး ပိုမိုရလာကြပါတယ်။ အရာရှိစစ်သည်များ
ခရီးသွားလာကြတဲ့အခါ သင်တန်းတက်ရင် ဖြစ်ဖြစ်၊ ခွင့်ယူရင်ဖြစ်ဖြစ်၊ တာဝန်နဲ့
သွားလာရင်ဖြစ်ဖြစ်၊ ခရီးသွားလာခွင့်ဝရမ်းကို အသုံးပြုကြရပါတယ်။ ယခင်က
မီးရထားဘူတာရုံ၊ သဘောင်္ဆိပ်ကမ်း၊ လေဆိပ်တို့မှာ လက်မှတ် ကြိုတင်လုပ်တဲ့အခါ
စစ်တပ်ဝရမ်းဆိုရင် ဦးစားပေးအဆင့်တွေထဲမှာ ပါရှိပါတယ်။ ဒါပေမဲ့
ကြံ့ဖွံ့လက်မှတ်ပါရင်ဖြစ်ဖြစ်၊ ကဒ်ပြားပြရင်ဖြစ်ဖြစ်၊ ဖုံးနဲ့ပြောထားရင်
ဖြစ်ဖြစ်၊ စစ်တပ်ဝရမ်းတွေက နောက်ဆုတ်ပေးရပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်
လက်အောက်ခံ ခြေလျင်တပ်ရင်း တစ်ရင်းမှ အရာခံဗိုလ်တစ်ဦးက အခုလို
ရင်ဖွင့်လာပါတယ်။
“ကျွန်တော်တို့ မိသားစု တပ်ပြောင်းဖို့ ဝရမ်းနဲ့ ဘူတာရုံကို သွားတဲ့အခါ
တပ်ကိစ္စစီစဉ်ပေးတဲ့ RTO က ကြံ့ဖွံ့အစည်းအဝေး ခရီးစဉ်ရှိနေလို့ ဝရမ်းတွေ
တစ်ပါတ်ခန့် နောက်ဆုတ်ပေးရမယ်လို့ ပြောတယ်ဗျာ။ ကျွန်တော်တို့က
သတ်မှတ်ရက်နဲ့ ပြောင်းရွှေ့ရတာမို့ ပြောင်းခွင့်ကာလ ၂၁ ရက်ကျော်ရင်
ခွင့်မဲ့ပျက်ကွက်နဲ့ တပ်ပြေးအဖြစ် ကြေညာခံရမယ့်အရေး စိုးရိမ်ရတယ်ဗျာ။
ကြံ့ဖွံ့တွေ ဆိုရင်ဘဲ အခွင့်အရေးတွေ ယူလွန်းအားကြီးနေတယ်”အလားတူဘဲ တချို့စစ်သည်တွေဟာ ရပ်ကွက်ထဲ ခွင့်ပြန်ရင်တောင် သိမ်သိမ်ငယ်ငယ်နဲ့ မိဘအိမ်ကို ပြန်ကြရပြီး ယခင်တုံးက လူမိုက်လို့ သတ်မှတ်ထားပြီး လူရာဝင်စာရင်း မရှိကြတဲ့ သူတွေက ကြံ့ဖွံ့ဖြစ်လာတော့ အရေးပါလာသလို ဖြစ်နေတော့ ပိုပြီးအံ့သြရတယ်လို့ ရင်ဖွင့်သွားပါတယ်။ တချို့စစ်သည်တွေ မိဘဆုံးလို့ နာရေးကိစ္စနဲ့ဖြစ်ဖြစ်၊ ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားရင်ဖြစ်ဖြစ်၊ ဝရမ်းမပါဘဲ မိမိပိုက်ဆံနဲ့ ပြင်ပပုဂ္ဂလိက လိုင်းကားဂိတ်တွေကို ကားလက်မှတ်ဖြတ်ရင် ပိုပြီးတောင် ဆိုးဝါးသေးကြောင်း ကြံ့ဖွံ့က နေရာတကာ ထိန်းချုပ်ထားကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment