မကြာသေးခင်က
ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ
၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင်
ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip
mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။ တချို့နေရာများတွင် တောင်ကုန်းနံရံများကို တူးဆွ ဖေါက်ချပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တုတွင်းကို
ဖဲ့ခြစ် ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ်သဏ္ဍန် မြေပြင်မှာ ကျန်နေခဲ့သည်။ (ဓါတ်ပုံ - ၁)
Wikipedia အင်တာနက် အဘိဌာန်တွင် ဖေါ်ပြထားသည်များအရ မိုလစ်ဒီနမ်ကို ပင်မသတ္တုအဖြစ် တူးဖေါ်နေကြသည့်
နေရာတွင် ကြေးနီ (copper) နှင့် သံဖြူ (tungsten) ကိုလည်း တွဲဖက် တူးဖေါ် ရရှိလေ့ရှိ၏။ သတ္တုရိုင်း မိုလစ်ဒီနမ်ကို
metal သံမာများ ပြုလုပ်ရာ၌ `အရော’
(alloys) အဖြစ် ကြိုသုံးကြသည်။ မိုလစ်ဒီနမ်မှာ အထူးတလည် ပြင်းထန်သော
အပူဒဏ် (heat) ကို ခံနိုင်သည်။ ထို့ကြောင့် သံချပ်ကား၊ လေယာဉ်ပျံသုံး
ပစ္စည်း၊ အီလက်ထရောနစ် (electronic) ပစ္စည်းပြုလုပ်ရာတွင် စေ့ကပ်
(contact) သည့်ပစ္စည်း၊ မော်တာစက် (motor) စသည်တို့တွင်
သုံးကြသည်။ ၂၀၀၅ ခုနှစ်၊ ဇွန်လပိုင်းက ကမ္ဘာ့ သတ္တုဈေးကွက်တွင် မိုလစ်ဒီနမ် တစ်တန်လျှင်
ဒေါ်လာ ၁၀၃,၀၀၀ (တစ်သိန်းကျော်) ဈေးထိ မြင့်တက်ခဲ့ဘူးသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လက မိုလစ်ဒီနမ် ဈေးမှာ တစ်တန်လျှင်
ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) ဈေးရှိခဲ့သည်။ (ဓါတ်ပုံ - ၃)
ဤသတ္တုတွင်း (mine) သည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်များ၏ တရားမ၀င်
စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ တိုင်းပြည်အတွက် စီးပွား၊ ၀င်ငွေ ဖြစ်စေရမည့်အစား
ကိုယ့် စစ်ဘောင်းဘီအိပ် အတွင်း ကိုယ်ကျိုးယူနေကြခြင်း ဖြစ်သည်။
ဒေသခံ ကချင်အမျိုးသားများ
အဆိုအရ အချိန်အားဖြင့် ၂၀၀၅-၂၀၀၆ ခုနှစ် ၀န်းကျင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူး၊ ဗိုလ်ချုပ် (Maj-General) အုန်းမြင့်ကိုယ်တိုင် ဤသတ္တုတွင်းနေရာသို့
လာရောက်၍ ကချင် နယ်ခြားစောင့် တပ်များ၏ ခေါင်းဆောင်ကြီး ဇခုန်တိန့်ယိန်း
(Zahkung Ting Ying) နှင့် အပေးအယူ လုပ်ခဲ့ကြသည်။ ဦးဇခုန်တိန့်ယိန်း ဆိုသည်မှာ ၄င်း
၏ ကချင် မိတ်ဟောင်းကြီးများ အဆိုအ၇ - ယခုအခါ လက်ညိုးညွန်ရာမလွှဲ ဆိုသကဲ့သို့ ဟိုတယ်များ၊
အိမ်များ၊ ကုမ္ပဏီများ၊ စက်ရုံများ၊ ဘိန်းခင်းများ နှင့် ခေတ်မှီ ဘိန်းချက်စက်ရုံများ
ပိုင်ဆိုင်သည်။ ယနေ့အချိန်တွင် ဗိုလ်ချုပ်အုန်းမြင့်၏ မိတ်ဆွေကြီး ဖြစ်သော ဦးဇခုန်တိန့်ယိန်းမှာ
မြန်မာနိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တိုင်းမှူးကြီး ဗိုလ်ချုပ်အုန်းမြင့်
မှာလည်း (ယခင်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာတော်ခံအဖြစ် ရာထူးအရပ်ရပ် တိုးခဲ့ပြီး၊
ယနေ့အခါတွင် လက်ရှိ မြန်မာနိုင်ငံ အစိုးရ၏ သမ၀ါယမ ၀န်ကြီး ဦးအုန်းမြင့် ဖြစ်လာခဲ့ပေသည်။ ဤမိုလစ်ဒီနမ် သတ္တုတွင်းမှာလည်း တရုတ်တို့ တူးယူဆဲပင်။
တခုသာ ထူးခြားစွာ
မြန်မာပြည်သူပြည်သားတို့ မကြာသေးမှီက ကြားနာရသည်မှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေမှာ ခါလီချ၊ ကြွေးဗေလပွဖြင့် -- နိုင်ငံခြား
နိုင်ငံများကို ဒေါ်လာငွေ ၁၁ ဘီလီယံ (11 Billion US$ -- သန်းပေါင်း တစ်သောင်း တစ်ထောင်)
ကျော် ကြွေးတင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနက
ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသူ၊
နိုင်ငံသားများအဖို့ စစ်အစိုးရအဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားကုန်သွယ်မှုများ ပြုခဲ့သည်ကို
တစ်ခါတစ်ရံ အကြမ်းဖျင်းမျှ သိရသည် လည်း ရှိသည်၊ မသိရှိရသည်က များသည်။ အိမ်နီးချင်းနိုင်ငံ
(အထူးသဖြင့် တရုတ်ပြည်) သို့ စီးပွားကုန်သွယ်မှုပြုခြင်း၊ နိုင်ငံ သယံဇာတများကို ဖေါဖေါသီသီဖြင့်
တရားဝင် ရောင်းချကာ၊ တရားမ၀င် လက်သိပ်ထိုး လဒ်ယူနေကြသည် ကိုလည်း နားလည်ကြပါသည်။
ယနေ. NLD နှင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူအများကို ပညာပေး နားလည်နိုင်စေရန် ယခင် စစ်အစိုးရများ
ခေတ်အဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားဆက်သွယ်မှု (trade) လုပ်ခဲ့စဉ်က မည်သည့်နိုင်ငံသို့၊
မည်သည့် သယံဇာတများ၊ ငွေကြေးမည်မျှ တန်ဖိုး ရောင်းချခဲ့သည်များ၊ မည်သည့်နိုင်ငံ လုပ်ငန်းဆောင်တာများ
အတွက်၊ မည်မျှတန်ဖိုးအတွက် ကြွေးအဖြစ် ၀ယ်ယူခဲ့သည်များကို လက်ရှိ
(စစ်အစိုးရ မဟုတ်တော့ ဟုဆိုသော) အစိုးရထံမှ ရယူ၍ ပြည်သူကို တင်ပြကြရမည့်အချိန်
ဖြစ်နေပြီဖြစ်သည်။ အကြောင်းမှာ တနိုင်ငံလုံး မွဲပြာခံနေရသည့်ကြားမှ၊ ‘နိုင်ငံတော်ကြွေး၊ ပြည်သူ.အကြွေး’ (national debt, public
debt) အဖြစ် ပြည်သူတို့က တာဝန်ရှိနေရပြန်ပြီ ဖြစ်သောကြောင့် တည်း။
ယခုတော့ သမ္မတကြီး ဦးသိန်းစိန်နှင့် ခိုးသားငါးရာတို့ နိုင်ငံတကာလှည့်၍ ကြွေးများ ပြန်ဖျက်သိမ်းပေးရန် မျက်နှာချို သွေးနေကြသည်ကို ကြား မြင် သိလျက်၊ ကျဆုံးသွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများမှ ဤတစ်ခုကို သတိရမိရစေသည် -- “ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်ရတဲ့အခါ မျက်နှာချိုသွေးရ။ ဖါသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ…….”
No comments:
Post a Comment