Sunday, May 27, 2012

ဘဏ္ဍာရေးတီထွင်ဆန်းသစ်မှု (သို့မဟုတ်) မီးနဲ့ကစားခြင်း


အခုနေအခါမှာ လူအတော်များ များဟာ ဘဏ္ဍာရေး တီထွင်ဆန်း သစ်မှုတွေကို သိပ်ပြီး ကြောက်နေကြ ပါပြီ။ ကြောက်မယ်ဆိုရင်လဲ ကြောက်စရာပါပဲ။ ဒီဘဏ္ဍာရေး တီ ထွင် ဆန်းသစ်မှုတွေရဲ့ အကျိုးဆက် အဖြစ် ၂ဝဝ၇ ခုနှစ် နှောင်းပိုင်းကာ လမှ စတင်ပြီး တစ်ကမ္ဘာလုံး ပြိုလဲမှု တွေ ဖြစ်ခဲ့တယ်မဟုတ်လား။
          ကမ္ဘာတစ်ဝန်း အက်ကွဲပြိုကျ ပြန့်ကျဲသွားခဲ့တဲ့ ဘဏ္ဍာရေး ကိရိ ယာတွေကို အခုတောင် တစ်စစီ တစ်ခုစီ ကောက်ယူတေ့ဆက်လို့ မပြီး သေးဘူး။ အဲသလို အချိန်မှာ ဘဏ္ဍာ ရေး တီထွင်ဆန်းသစ်မှုတွေ Financial Innovation ဟာ ကောင်း တယ်။ ဘဏ္ဍာရေး နယ်ပယ်အတွက်  အမှန်တကယ်လိုအပ်တဲ့ အရာတွေ  ဖြစ်တယ်လို့ ပြောသံ ဆိုသံ တွေ နောက်တစ်ကျော့ ပြန်လည်ကြားလာ  ကြရပါပြီ။
          တကယ်တော့ လူဆိုတဲ့ သတ္တ ဝါဟာ အခြားသော သတ္တဝါတွေနဲ့  မတူဘဲ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့  ရတိုင်းမှာ အဲဒီ အခက်အခဲကို ကျော် လွှားနိုင်ဖို့အတွက် တီထွင်ဖန်ဆင်း မှုတွေလုပ်တတ်ကြတယ်။ ဒါကြောင့် လဲ လူတွေရဲ့ တိုးတက်တဲ့  သမိုင်း တစ်လျှောက်မှာ တီထွင်ဆန်းသစ်မှု တွေအမျိုးမျိုးနဲ့ ပြည့်နှက်မောက်လျှံ နေခဲ့တာပါ။ ဘဏ္ဍာရေး နယ်ပယ် မှာလဲ အလားတူ တီထွင်မှုတွေ သမိုင်းအဆက်ဆက်ရှိခဲ့ပါတယ်။
ဘဏ္ဍာရေးတီထွင် ဆန်းသစ်မှု
          ဒီကနေ့ ဘဏ္ဍာရေး စကြဝဠာ မှာ အထင်အရှားမြင်တွေ့နေကြရတဲ့  ဘဏ်လုပ်ငန်း - Banking ကို ခရစ် မတိုင်မီ ၃ဝဝဝ ဘီစီလောက်က အရှေ့ အလယ်ပိုင်း တိုင်ဂရိစ် - Tigris နဲ့ ယူးဖရိတ်စ် - Euphrates  မြစ်ဝှမ်း၊  မီဆို ပိုတေးမီးယား- Mesopotamia  ဒေသ မှာ စတင်ခဲ့တယ်လို့ ရှေးဟောင်း သမိုင်းပညာရှင်တွေက ထောက်ပြခဲ့ ကြတယ်။ ငွေအကြွေတွေ သွန်းလုပ်  အသုံးပြုတာကို ခရစ်မတိုင်မီ ၆၄ဝ ဘီစီလောက်က အေးရှားမိုင်းနား - Asia Minor လို့ ခေါ်ကြတဲ့ ဒေသမှ လိုင်ဒီးယား -Lydia မှာ စတင်ခဲ့တယ် လို့ ဆိုတယ်။
          ခရစ်နှစ်ထဲရောက်လာတော့ တိုင်းပြည်က ကျောထောက်နောက်ခံ ပြုထားတဲ့ပထမဆုံး စက္ကူငွေ - -Paper Money အသုံးပြုမှုကို တရုတ် ပြည်မှာ ၁ဝ၂၄ ခုနှစ်မှာ စတင်ခဲ့ တယ်။ အဲဒီနောက်ပိုင်းမှာ တီထွင်မှု တွေက သွက်လက်လာတယ်။ ပထမဆုံး Stock Exchange ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်း - Amsterdam မြို့မှာ ၁၆ဝ၂ ခုနှစ်က ဖွင့်လှစ်ခဲ့တယ်။ ပထမဆုံး အာမခံ- Insurance  ကုမ္ပဏီကိုတော့ လန်ဒန် မြို့မှာ ၁၆၆၇ ခုနှစ်က စတင်ခဲ့ပါ တယ်။
          ပထမဆုံး ဗဟိုဘဏ် - Central Bank ကိုတော့ ၁၆၆၈ ခုနှစ်မှာ ဆွီဒင်နိုင်ငံက စတင်ထူထောင်ခဲ့ တယ်။ ပထမဆုံး Mutual Fund ကို နယ်သာလန်နိုင်ငံမှာ ၁၇၇၄ ခုနှစ်က တီထွင်ဖန်ဆင်းခဲ့ပြီး ပထမဆုံး ငွေ ဖောင်းပွမှုနဲ့ ဆက်နွယ်ပတ်သက်တဲ့ ငွေချေးစာချုပ် ထုတ်ဝေမှုကိုတော့ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်-  Massachusetts မှာ ၁၇၈ဝ ပြည့်နှစ် ကစတင်ခဲ့တယ်။
          ၁၉၄၆ ခုနှစ်မှာ စွန့်စားအရင်း လုပ်ငန်း- Venture Capital Industry မွေးဖွားလာခဲ့တယ်။ ၁၉၄၉ ခုနှစ်မှာ Alfred Winslow Jones က Hedge Fund ကို ပထမဆုံးထူထောင်ခဲ့ တယ်။ ငွေချေးယူပြီး ကုမ္ပဏီကြီး တွေကို ဝယ်ယူသိမ်းပိုက်တဲ့ လုပ် ငန်းမျိုး အမေရိကန်နိုင်ငံမှာ ၁၉၅၅ ခုနှစ်က ပထမဆုံး ထွက်ပေါ်လာခဲ့ တယ်။ ဒါကို Leveraged Buy - out လို့ သူတို့ကခေါ်တယ်။ ပထမဆုံး အလိုအလျောက် ငွေထုတ်ပေးတဲ့ ATM စက်တွေကို လန်ဒန်မြို့မှာ ၁၉၆၇ ခုနှစ်က စတင် တပ်ဆင် အသုံးပြုခဲ့ တယ်။
          ၂ဝဝ၇ နှောင်းပိုင်း ဘဏ္ဍာရေး ပြဿနာကို မီးမွှေးပေးခဲ့တဲ့ ချေးငွေ စာချုပ်တွေကို ထုပ်စည်းပြီး ဘဏ် တွေက သူတို့ထက် အလုံးအထည် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ  Investment Banks မှာ သွားရောက် ထပ်ဆင့်ပေါင်နှံကြတဲ့ လုပ်ငန်းမျိုး က ၁၉၇ဝ ပြည့်နှစ်မှာ စတင်ပေါ် ထွက်လာခဲ့တယ်။ အဲဒီနောက်ပိုင်း  ဆန်းသစ် တီထွင်မှုတွေ တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်ဆိုသလို ထွက် ပေါ်လာခဲ့တယ်။
          ၁၉၈၉ ခုနှစ်မှာ ပထမဆုံး Exchange Traded Fund - ETF, ၁၉၉၄ မှာ ပထမဆုံး Credit -Default Swap -CDS နဲ့ ၁၉၉၇ ခုမှာ ပထမဆုံး Catastrophe -Bond Transaction တွေ ထွက်ပေါ်လာခဲ့ တယ်။ ဒီလို ရှုပ်ထွေးတဲ့ ဘဏ္ဍာရေး ကိရိယာတွေကြားထဲမှာ အသစ်စက် စက် ပထမဆုံးထွက်ပေါ်လာခဲ့တဲ့  ရိုးရှင်းတဲ့ ဘဏ်တစ်ဘဏ်ကတော့  အသေးစားချေးငွေတွေ ထုတ်ချေးတဲ့ Grameen Bank  ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ စတင်ထွက်ပေါ်လာခဲ့တယ်။
          ဘဏ္ဍာရေး ဆန်းသစ်တီထွင်မှု တွေနဲ့ ပတ်သက်ပြီး ပြောဆိုကြမှုတွေ အမျိုးမျိုးရှိတယ်။ အမေရိကန် ဗဟို ဘဏ်- Federal Reserve ဥက္ကဋ္ဌ ဟောင်း Alan Greenspan ရဲ့ ဘဏ္ဍာရေးတီထွင်မှုနဲ့ပတ်သက်တဲ့ အမြင်တွေဟာ တစ်ချိန်က ကမ္ဘာ့ ဘဏ္ဍာရေး လောကကို စိုးမိုးခြယ် လှယ်ထားနိုင်ခဲ့တယ်။ သူက ဆန်း သစ်တဲ့ ဘဏ္ဍာရေးထုတ်ကုန်တွေ -  Financial Products ဟာ ဘဏ္ဍာရေး စနစ်ကို ဒူပေနာပေ ခံနိုင်စေတယ် လို့ရှုမြင်တယ်။
          ပမာအားဖြင့် ငွေချေးအပေါင် စာချုပ်တွေ- Mortgages ကို လုံခြုံ ရေးအာမခံများ- Securities အဖြစ် ထုပ်ပိုးပြီး ရင်းနှီးမြှုပ်နှံမှုသူတွေကို ရောင်းချတဲ့ Securitisation လုပ်ငန်း ဟာ အန္တရာယ်ကို လမ်းလွှဲလမ်း ပြောင်းလုပ်နိုင်တဲ့အပြင် အန္တရာယ်ကို ပျံ့နှံ့လွင့်ပြယ်အောင်လဲ လုပ်နိုင်စွမ်း ရှိတယ်။
          ပြီးတော့ အကာအကွယ် တစ် ခုဝယ်ယူသူ -  Protection Buyer က အကာအကွယ်ရောင်းသူ Protection Seller ကို အရစ်ကျ အတိုးပေးသွင်း ရမှုပါဝင်တဲ့ Credit Default Swap CDS ဆိုရင်လဲ ချေးငွေပြန်လည် မပေး ဆပ်မှုနဲ့ ကြုံကြိုက်ရတဲ့အခါမျိုးမှာ ငွေထုတ်ချေးသူတွေ - Lenders အတွက် ရှော့ခ်ကို သက်သောင့်သက် သာဖြစ်အောင်လုပ်ပေးတယ်။ ဒါတွေ ကြောင့် ဒီဆင့်ပွားဘဏ္ဍာရေး ကိရိယာတွေ- Derivatives ဟာ ဘဏ္ဍာ ရေးလောကအတွက် အကျိုးရှိတယ် လို့ Greenspan က ဆိုခြင်းဖြစ် တယ်။
          ဒါပေမယ့် Greenspan အရင်  အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ Paul Volcker ကတော့ လွန်ခဲ့တဲ့  ၂၅ နှစ်ကာလ ဘဏ္ဍာရေးလောကမှာ  ATM စက်ကလွဲပြီး ဘာတစ်ခုမှ အသုံးဝင်တာ အကျိုးပြုတာ မရှိခဲ့ ဘူးလို့ ပြတ်ပြတ်သားသား ထောက်ပြ ခဲ့တယ်။ Volcker ပြောတာလဲ မှား  တာတော့ မဟုတ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ၂ဝဝ၇ ခုနှစ် အမေရိကန် နိုင်ငံရဲ့ ဘဏ္ဍာရေးပြိုလဲမှုဟာ ဒီဆင့် ပွား ဘဏ္ဍာရေး ထုတ်ကုန်တွေကပဲ အစပျိုးခဲ့တယ်။
          နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် Paul Krugman ကလဲ မကြာသေးသော နှစ်များအတွင်း လူ့အဖွဲ့အစည်းကို အကျိုးပြုစေခဲ့တဲ့ ဘဏ္ဍာရေး ထိုးဖောက်ကျော်လွှားမှုတွေကို သူစဉ်းစားလို့တောင် မရဘူးလို့ ဖွင့် ဟပြောဆိုခဲ့တယ်။ အဲသလိုပဲ နောက်ထပ် နိုဘယ်ဆုရ ဘောဂဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ Joseph Stiglitz ကလဲ ဘဏ္ဍာရေး ပြဿနာ မပေါ် ပေါက်မီ ကာလအထိ ဘဏ္ဍာရေး ကဏ္ဍ အနေနဲ့ လူ့အဖွဲ့အစည်းရဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းရွက်နိုင်ခဲ့ဘူး။ အရည်အသွေးမြင့်မားအောင် မဆောင်ကြဉ်းနိုင်ခဲ့ဘူးလို့ မှတ် ချက်ချခဲ့တယ်။
နောက်ပြန်လှည့်သွားတဲ့ စီးပွားရေး
          ဘဏ္ဍာရေး နယ်ပယ်မှာ တီထွင် ဆန်းသစ်ရတာက လွယ်တယ်။ မခက်ဘူး။ ဒါပေမယ့် အဲဒီနောက် ပိုင်း ပေါ်ထွက်လာတဲ့ ဖြစ်ရပ်တွေက တော့ ပြဿနာပဲလို့ အချို့က မြင် တယ်။ ဆန်းသစ်တီထွင် လိုက်တဲ့ ဘဏ္ဍာရေး ထုတ်ကုန်သစ်တစ်ခုကို အစောပိုင်းကာလမှာ လူတွေက မသုံး စွဲရဲကြဘူး။ မဝံ့မရဲ ဖြစ်နေတတ်ကြ တယ်။ တစ်စ တစ်စ လူအများ အပြား တိုးတက်သုံးစွဲလာကြတဲ့ အခါ တဖြည်းဖြည်းနဲ့ သာမန် လုပ် ရိုးလုပ်စဉ် တစ်ခုလို ဖြစ်လာတယ်။  ဖြစ်ရပ်တွေကို ပုံသေကားကျ တွက် ချက်လာကြတယ်။ လက်ရဲ ဇက်ရဲ  ဖြစ်လာကြတယ်။ လက်လွတ်စပယ်  လုပ်ကိုင်လာကြတယ်။ တချို့ကလဲ  ဘုမသိ ဘမသိနဲ့ အများလုပ်တာ မြင် လို့ ဝင်လုပ်ကြတယ်။ ဒီလိုနဲ့ တစ်နေ့ ကျတော့ ပြဿနာက ပေါက်ကွဲ အန် ထွက်လာတော့တယ်။
          ဘဏ္ဍာရေး ဆန်းသစ်တီထွင်မှု တစ်ခုဖြစ်တဲ့ ဆင့်ပွားကိရိယာတွေ - Derivatives  ကိုလဲ အစကနဦးမှာ  လူတွေက မဝံ့မရဲဖြစ်ခဲ့ကြပေမယ့် သုံး စွဲမှုတွေများလာတော့ လစ်ဟင်းမှုတွေ ဖြစ်လာတယ်။ တချို့ဆိုရင် ဒီ ဆင့်ပွားကိရိယာတွေကို အရောင်း အဝယ်လုပ်နေကြပေမယ့် ဘာကြီး မှန်းလဲ မသိကြဘူး။ ဘာမှန်းမသိကြ  ဘဲနဲ့ ရောင်းသူတွေက ရောင်းပြီး ဝယ် ယူသူတွေကလဲ ဝယ်ခဲ့ကြတယ်။
          ဒီလိုဖြစ်ရတဲ့အကြောင်းရင်း တစ် ခုကတော့ ဆင့်ပွားကိရိယာတွေဟာ နားလည်ရ ခက်တယ်။ ရှုပ်ထွေး တယ်။ သာမန်လူတွေကို မပြောနဲ့ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဟောင်း တစ်ဦးဖြစ်တဲ့ Paul Volcker နဲ့ မနေ့တစ်နေ့ကမှ ဥရောပ ဗဟိုဘဏ်- European Central Bank ECB ဥက္ကဋ္ဌ အဖြစ်မှ အနားယူသွား တဲ့ ယန်းကလောက်ထရီရှေး- Jean Claude Trichet တို့ကတောင် ဒီဆင့် ပွားကိရိယာတွေကို အကုန်အစင်နား မလည်ကြဘူးတဲ့။ ဒါက သူတို့ ကိုယ် တိုင် ပြောပြခဲ့ကြတာပါ။
          ဒီတော့ ဆင့်ပွား ကိရိယာတွေ ကြောင့် ဘဏ္ဍာရေးပြဿနာ ပေါက် ကွဲထွက်လာတဲ့အခါ အတိုင်းအတာ ပမာဏ ဘယ်လောက်ကြီးမားသလဲ ဆိုရင် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး တောင် ချုံးချုံးကျသွားခဲ့တယ်။ အခု ဆို ဒီဖြစ်ရပ်က ငါးနှစ်နီးပါး ကြာ မြင့်ခဲ့ပါပြီ။ အမေရိကန်နိုင်ငံဟာ အခုထိ ဟုတ်တိပတ်တိ  ခေါင်းပြန် မထောင်နိုင်သေးဘူး။ စာရင်းအင်း ပါရဂူတွေရဲ့ အဆိုအရ  အမေရိကန် နိုင်ငံဟာ ၁ဝ နှစ်လောက် နောက် ပြန်ဆုတ်သွားခဲ့တယ်လို့ဆိုကြတယ်။
          ဒီဘဏ္ဍာရေး ပြိုလဲမှုကြောင့်  ဥရောပမှာဆိုရင် အိုင်ယာလန်၊ အီ တလီ၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတွေဟာ စီးပွားရေး အားဖြင့် ခုနစ်နှစ်လောက် စီ နောက်ပြန်ဆုတ်သွားခဲ့ကြတယ်။ ဗြိတိန်ဆိုရင် ရှစ်နှစ်လောက် နောက် ပြန် ဆုတ်သွားတယ်။ ဂရိကိုတော့ မပြောနဲ့တော့။ ၁၂ နှစ်လောက် နောက်ပြန်ဆုတ်သွားခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်က စီးပွားရေးအခြေအနေကို ပြန်ရောက်သွားပါသတဲ့။
          ဘဏ္ဍာရေး ပြိုလဲမှုကြောင့်  အထိခိုက်ဆုံးကတော့ စတော့ဈေးကွက်ဖြစ်တယ်။ အမေရိကန် စတော့ ရှယ်ယာတန်ဖိုးဟာ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလ Lehman Brothers ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး ပြိုလဲသွား ပြီးနောက် တစ်လအတွင်းမှာ အစု ရှယ်ယာတွေဟာ အများအားဖြင့်  အမေရိကန် အိမ်ထောင်စုတွေရဲ့ အငြိမ်းစား ဖန် ဓနဥစ္စာရဲ့ အရေး ပါတဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့  အတွက် အင်မတန်အရေးကြီးတယ်။  အဲဒီတစ်လအတွင်းမှာ ငါးနှစ်ကာလ  မြတ်စွန်းထားသမျှ အမြတ်တွေ  တက်တက်ပြောင်သွားတယ်။ အိုးအိမ် ပိုင်ဆိုင်ထားကြတဲ့ အမေရိကန် အိမ် ထောင်စုတွေ အမေရိကန်ဒေါ်လာကိုး ထရီလီယံလောက် ဆုံးရှုံးနစ်နာသွား တယ်။
          ဘဏ္ဍာရေးပြိုလဲမှုဟာ ငါးနှစ်နီး ပါးကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အနောက် နိုင်ငံတွေမှာ ဂျာမနီနိုင်ငံကလွဲပြီး ဘယ်နိုင်ငံကမှ ပုံမှန်အနေအထား ပြန် မရောက်ကြသေးပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမှာ တချို့က ဘဏ္ဍာ ရေးတီထွင်ဆန်းသစ်မှုတွေကို ပြန် လည် စင်ပေါ်တင်ချင်လာကြတယ်။ ဘဏ္ဍာရေးပြိုလဲမှုမှာ ဆန်းသစ်တီ ထွင်ထားတဲ့ ဘဏ္ဍာရေးထုတ်ကုန် တွေကြောင့်မဟုတ်ဘဲ၊ ကောင်းမွန်တဲ့ ဘဏ္ဍာရေးထုတ်ကုန်တွေကို စီးပွား ရေးသမားအချို့က ဝိသမလောဘနဲ့ တလွဲတချော်အသုံးပြုခဲ့ကြလို့ ဖြစ်ရ တာပါလို့ ဆင်ခြေဆင်လက်ပေးလာ ကြတယ်။ တစ်နည်းပြောရင်တော့ မီး နဲ့ပြန်ကစားချင်လာကြတယ်။
မီးနဲ့ကစားခြင်း
          ဆန်းသစ်တီထွင်ထားကြတဲ့ ဘဏ္ဍာရေးထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး Greenspan ကလဲ သိပ်ပြီး မြှောက်လွန်းတယ်။ Volcker ကလဲ သိပ်ပြီးခြောက်လွန်းတယ် လို့ယူဆ ကြတယ်။ တကယ်တော့ ဘဏ္ဍာ ရေးထုတ်ကုန်တွေဟာ ဘဏ္ဍာရေး စနစ်ကို သိပ်ပြီးအထောက်အကူပြု တယ်။ ဆင့်ပွားကိရိယာတွေဟာ ငွေ ထုတ်ချေးသူတွေ- Lenders ရဲ့ အန္တရာယ်ကို လျှော့ပေါ့ပေးတယ်လို့ ရှုမြင်သုံးသပ်ကြတယ်။
          တီထွင်ဆန်းသစ်ထားတဲ့ ဘဏ္ဍာရေးထုတ်ကုန်တွေထဲမှာ အဓိ ကအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားကြည့် နိုင်တယ်။ လက်လီ(အတွက်) တီထွင်မှု- Retail Innovation နဲ့ လက် ကားအတွက် တီထွင်မှု - Wholesale Innovation. ATM တို့ Credit Card တို့လို လက်လီအတွက် တီထွင်မှု တွေက လူအများကို ငွေကြေးသုံး စွဲမှုနှင့်ပတ်သက်ပြီး လွယ်ကူချော မွေ့စေတယ်။ ငွေကြေးသယ်ဆောင် သွားရမှုကို သက်သာလျော့ပေါ့စေ တယ်။ ပြဿနာကြီးကြီးမားမား မရှိဘူး။
          ဒါပေမယ့် လက်ကားအတွက် တီထွင်ဆန်းသစ်မှုတွေမှာ ပြဿနာရှိ တယ်။ Credit-default Swap- CDS နဲ့ Collateralised-debt Obligation-CDO စတဲ့ ဘဏ္ဍာရေး ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ပြဿနာ အကြီးအကျယ်တက်ခဲ့တယ်။ ဒါပေမယ့် ဒီလိုဘဏ္ဍာရေးတီထွင်မှုတွေ ကောင်းသလား၊ ဆိုးသလားမေးရင်၊ အဖြေအတိအကျ မပေးနိုင်ကြဘူး။ အခြေအနေပေါ် မူတည်တယ်လို့ ပြော တတ်ကြတယ်။ အင်မတန်ကောင်း ပါတယ်ဆိုတဲ့ တီထွင်မှုတစ်ခုကို တလွဲသုံးခဲ့ရင် အဆိုးရွားဆုံးဖြစ်သွား နိုင်တယ်။
          ဘဏ္ဍာရေးပြဿနာကို ဖြစ်ပွား စေခဲ့တဲ့ CDO တွေ ဘာကြောင့် ပေါက်ကွဲခဲ့ရသလဲဆိုရင် အဆင့် အတန်းမရှိတဲ့ ချေးငွေတွေကို ထိုး သွင်းသိပ်ထည့်ထားခဲ့ကြပြီး ဘဏ် တွေ၊ အကဲဖြတ်အေဂျင်စီတွေ Rating Agencies နဲ့ ရင်းနှီးမြှုပ်နှံသူတွေ က သိပ်ပြီးအမွှမ်းတင်ခဲ့ကြလို့ ဖြစ် တယ်။ ဘဏ်တွေက ငွေချေးငှားသူ တွေကို ငွေထုတ်ချေးခဲ့စဉ်က လက်လွတ်စပယ်မလုပ်ဘဲ ဂရုဓမ္မစိုက်ခဲ့ မယ်ဆိုရင် ပြဿနာတက်လာခဲ့မှာ မဟုတ်ဘူးလို့ ဆိုကြတယ်။
          အဲသလိုပဲ Securitisation နဲ့ CDS တွေကလဲ သူဘာသာသူ မှန် မှန်ကန်ကန် လုပ်ခဲ့ကြမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ထောက်ပြကြတယ်။ ဒီဆန်းသစ်တီ ထွင်မှုတွေရဲ့ နောက်ကွယ်က အတွေးအခေါ်တွေဟာ ကြောင်းကျိုးခိုင်လုံမှုရှိတယ်။ ခြေခြေမြစ်မြစ်ရှိ တယ်လို့ ဆိုကြတယ်။ ဒါကြောင့် သမားရိုးကျ ဘဏ္ဍာရေးစနစ်ကို ကျင့် သုံးတဲ့ အိန္ဒိယနိုင်ငံမှာတောင် လွန် ခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဃှီ တွေ အသုံးပြုဖို့ ပြန်လည်ခွင့်ပြုပေးခဲ့ တယ်။ ဒီတီထွင်မှုက ငွေရှင်ကြေး ရှင်တွေကို ဆွဲဆောင်သိမ်းသွင်းနိုင် စွမ်းရှိပြီး၊ အိန္ဒိယပြည်တွင်း ဘွန်း ဈေးကွက် Domestic Bond Market ကို ရှင်သန်တိုးတက်စေနိုင်တယ် လို့ တွက်ချက်ခန့်မှန်းကြတယ်။
          ဆယ်စုနှစ်ပေါင်းများစွာ အလုပ် ဖြစ်ခဲ့တဲ့ Securitisation တွေဟာလဲ ဘဏ်တွေရဲ့ အရင်းအနှီးတွေကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ခွင့်ပေး တယ်။ ဘဏ်တွေအနေနဲ့ အန္တရာယ် အပေါ် အလွန်အမင်း အာရုံစူးစိုက်နေ ရမှုကို လျော့ပေါ့သွားစေတယ်။ ဘဏ်စည်းကမ်းစည်းမျဉ်းတွေကို ရေး ဆွဲထိန်းကျောင်းပေးရတဲ့ အမေရိကန် အရာရှိကြီးတစ်ဦးက'' Securitisation ဟာကောင်းပါတယ်။ တကယ်လို့ အစစ အရာရာသာ ဘဏ်တွေရဲ့ လက်ကျန်ရှင်းတမ်း- Balance-sheet မှာဖော်ပြပါရှိမယ်ဆိုရင် ဘဏ်တွေ အနေနဲ့ ထုတ်ချေးဖို့ ငွေတောင်ရှိမှာ မဟုတ်ဘူး'' လို့ ထောက်ပြခဲ့တယ်။
          ဘဏ္ဍာရေး တီထွင်ဆန်းသစ်မှု တွေဟာ မွေးဖွားလာကတည်းက မကောင်းတာလား။ ဒါမှမဟုတ် ကောင်းမွန်နေတဲ့ တီထွင်ဆန်းသစ် မှုတွေကို ဘယ်ဟာက အချဉ်ပေါက် အောင်လုပ်တာလဲ။ အဖြေကတော့ လူတွေရဲ့ ဝိသမလောဘကြောင့် ဖြစ် ပါတယ်လို့ ထောက်ပြကြတယ်။ ဘဏ္ဍာရေးလောကမှာ ဝိသမလောဘ က အပေါ်စီးရသွားရင် ဘယ်ဘဏ္ဍာ ရေးထုတ်ကုန်မဆို အချဉ်ပေါက် တတ်တယ်လို့ သူတို့က ဖော်ညွှန်း တယ်။
          တချို့ကျပြန်တော့လဲ ဒီအယူ အဆကို သိပ်ပြီး လက်မခံချင်ကြ ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေ ဟာ စလုံးရေစကတည်းက လောဘ သားတွေပဲ။ ဒါကြောင့် လူတွေအပေါ် အပြစ်ပုံချတာ သိပ်ပြီးသဘာဝ မကျ ဘူးလို့ မြင်ကြတယ်။ ဆန်းသစ်တီ ထွင်လိုက်တဲ့ ဘဏ္ဍာရေးထုတ်ကုန် တွေရဲ့ အတွင်းအဇ္ဈတ္တသဏ္ဌာန်မှာ ကိုယ်နှိုက်က ချွတ်ယွင်းမှုရှိနိုင်တယ် လို့ သူတို့ထောက်ပြတယ်။
          ဒီတော့ ချွတ်ယွင်းချက်က ဘာ လဲ။
          အဓိက ပြဿနာတစ်ခုကတော့ ဘဏ္ဍာရေးမှာ အဖွင့်ခလုတ်ပဲရှိပြီး အပိတ်ခလုတ်မပါတာပဲလို့ ဆိုကြ တယ်။ Finance lacks an 'Off" button လို့ဆိုတယ်။ ဘဏ္ဍာရေးလုပ် ငန်းတွေက လက်ရှိအသုံးပြုဆဲ နည်း စနစ်နဲ့ထုတ်ကုန်တွေအပေါ်မှာ မူ တည်ပြီး အမြဲမပြတ် တီထွင်ဆန်း သစ်ဖို့ ကြိုးပမ်းတယ်။ ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းတွေကျတော့ နှစ်ပေါင်းများစွာ ဓာတ်ခွဲခန်းမှာ စမ်း သပ်ပြီးတော့မှ ထုတ်ကုန်တစ်ခုကို ဈေးကွက်တင် ရောင်းတယ်။
          ဘဏ္ဍာရေးလုပ်ငန်းတွေက ဒီလို မဟုတ်ဘူး။ တီထွင်စမ်းသပ်မှုနဲ့ ဈေး ကွက်တင်မှုက တစ်ချိန်တည်း တစ် ပြိုင်တည်းပြုလုပ်တယ်။ ဘဏ္ဍာရေး ထုတ်ကုန်တစ်ခုက မျိုးပွားနှုန်းသိပ် မြန်တယ်။ သန္ဓေပြောင်းမှုကလဲမြန် တယ်။ ဒီလိုမြန်ဆန်လွန်းတဲ့အတွက် ဘဏ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကတောင် နောက်က အမီမလိုက်နိုင်ဘူး။
          ဆန်းသစ်တီထွင်လိုက်တဲ့ ဘဏ္ဍာရေးထုတ်ကုန်တစ်ခုဟာ အပြစ်အနာအဆာ ကင်းလွတ်ရင် တော့ ဘာမှမဖြစ်ဘူး။ ဒီလိုမဟုတ်ဘဲ ထုတ်ကုန်မှာ ချွတ်ယွင်းမှုတွေရှိနေ ခဲ့ရင် နောင်တစ်ချိန်မှာ ပြဿနာ ထောင်တက်လာတော့မှာပဲ။ မျိုးပွားမှု မြန်ဆန်တာရယ်၊ အပိတ်ခလုတ်မရှိ တာရယ်ကြောင့် ဘာကမှ ဟန့်တား ပိတ်ဆို့လို့မရဘူး။
          ဒါကြောင့် ဘဏ္ဍာရေးလောက မှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ကိုင် ကြသူတွေဟာ တစ်နည်းပြောရရင် Playing with fire - မီးနဲ့ကစားနေကြ သူတွေပါပဲ။
မင်းရွှေမောင်
 

No comments: