Monday, June 4, 2012
ဆီးရီးယားတွင် လူ ၁၀ဝ ကျော် အစုအပြုံ လိုက် သတ်ဖြတ် ခံရမှုဖြစ်ပွား
04 JUN 2012 | BY ENVOY
ဆီးရီးယား နိုင်ငံ ဟိုလူ (Houla) ကျေးရွာ တစ်ရွာတွင် လူပေါင်း ၁၀ဝ ကျော် အစုအပြုံ လိုက် သတ်ဖြတ်မှု ဖြစ်ပေါ် လာခဲ့ပြီးနောက် ယင်းဖြစ်ရပ်က ကုလ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်၏ ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ် များကို ပြင်း ထန်သော စိန်ခေါ်မှုများ ဖြစ်ပေါ် လာ စေခဲ့သည်။
ယင်းသေဆုံးမှုတွင် အ သက် ၁၀နှစ်အောက် ကလေးငယ် ၄၉ ဦး၊ အမျိုးသမီး ၃၂ ဦး အပါ အဝင် အနည်းဆုံးလူပေါင်း ၁၀၈ ဦးထက်မနည်းပါဝင်ကြောင်းသိရ သည်။ ဆီးရီးယား အစိုးရက ယခုသတ်ဖြတ်မှုကြီးတွင် မိမိတို့တပ်ဖွဲ့ ဝင်များ ပါဝင်ခြင်း မရှိဟု ငြင်းဆိုထား သည်။သို့ရာတွင် အတိုက်အခံလှုပ် ရှားသူများကမူ ဒေသအတွင်းလက် နက်ကိုင် တပ်ဖွဲ့များက အဆိုပါ ရွာအား ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့သည် ဟု ပြန်လည်စွပ်စွဲထားသည်။
၎င်း တပ်ဖွဲ့များသည် ဆီးရီးယားသမ္မတ အာဆတ်ကို လိုလားသောအဖွဲ့ များဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး သမားများအား လက်စားချေသတ် ဖြတ်ခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ဟိုလူအစု အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခြင်းက ဆွန်နီနှင့် အာလာဝတီဘာသာ ဝင်များအကြား တင်းမာမှုပိုရှိလာသ ကဲ့သို့ ဆီးရီးယား အရေးတွင် အယ်လ်ကိုင်ဒါအကြမ်းဖက်သမား များ ပါဝင်ပတ်သက်လာကြောင်း လည်း အကဲခတ်များက ပြောသည်။
ATM
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment