ခရစ်စမတ်ရောက်တော့မည် ဆိုတော့ မဲဆိုင်မြို့လေးဆီက အဖြစ်အပျက်ကို မဆီမဆိုင်သွားသတိယနေမိသည်။
မဲဆိုင်ဆိုတာ တာချီလိပ် တဘက်ကမ်းက ထိုင်းနယ်စပ်မြို့လေး။
လွန်ခဲ့သော (၉) နှစ်ကျော်လောက်က မှုံရီအေးစက်နေသည့် ညနေရီရီထဲမှာ
ဗမာပြည်ထဲက လာမည့် သူငယ်ချင်းတယောက်ကို အဲ့ဒီမြို့ကလေးဆီမှာ
သွားစောင့်နေဖြစ်ခဲ့သည်။ တကယ်တော့ မြို့ကလေးက မြဝတီ တဘက်ကမ်းမှာရှိသည့်
မဲဆောက်မြို့လောက်မစည်ကား၊ လူစိမ်းဝင်လာတာကိုလည်း သိသည်။
စောင့်ရမည့်သူကလည်း ပြောထားတာထက် တရက်နောက်ကျနေသည်။ ကိုယ့်တည်းခိုခန်းလေးက
ကုန်းမြင့်လေးပေါ်မှာ၊ ထိုင်ခုံလေးပေါ်မှာ တယောက်တည်း ငြိမ်ငြိမ်လေးထိုင်ပြီး
စဉ်းစားနေမိသည်။ မလှမ်းမကမ်း၊ စားသောက်ဆိုင်လေးပေါ်က
လှမ်းကြည့်လိုက်မယ်ဆိုရင် ဗမာဘက်ကမ်းကို မြင်နေရသည်။ ..တကယ်တော့
နိုင်ငံနှစ်ခုကို ခြားထားတာက တံတားငယ်တခုသာ ဖြစ်နေတော့ မဲဆိုင်မြို့
တဘက်မှာရှိသည့်၊ မြန်မာဘက်အခြမ်းက မြင်ကွင်းအားလုံးကို မြင်နေရသည်။
ဟိုဘက်ကမ်း ကူးသွာရရင် ဘယ်လောက် ကောင်းမလဲ လို့ တွေးနေမိသည်။ သို့သော်
မျက်စိတလှမ်းလောက်သာ ရှိသည့် ကိုယ့်နိုင်ငံကို ခြေချလို့မရသည့်အဖြစ်။
တယောက်တည်း အရက်သောက်ရတာ ပျင်းလာသည်။ စားသောက်ဆိုင် တခုခုကို
သွားထိုင်ပြီး သီချင်းနားထောင်ရင် ကောင်းမယ် ဆိုသည့် အတွေးဖြင့်
တည်းခိုခန်း ရဲ့ လမ်းတဘက်မှာရှိသည့် ဆိုင်လေးရှိရာကို ကူးသွားမိသည်။
ထိုဆိုင်လေးက နည်းနည်းလေး ကဗျာဆန်သည်။ ဆိုင်တခုလုံးကို
ကျေးလက်ပုံစံတည်ဆောက်ထားပြီး၊ အေးချမ်းငြိမ့်ငြောင်းသည့် သီချင်းလေးတွေ
ဖွင့်ထားသည်။ သို့သော် အထဲမှာတော့ ထိုသို့မဟုတ်။ ထိုင်း နိုင်ငံရဲ့
ကာရာအိုကေ စားသောက်ဆိုင်တို့ ထုံးစံအတိုင်း၊ ၁၉-၂၀
ကောင်မလေးတွေအများကြီးရှိသည်။ တချို့က သီချင်းဆိုကခုန်နေကြသလို၊
တချို့ကတော့ လာရောက်စားသုံးသည့် အကိုများရဲ့ ထိုင်ခုံဘေးမှာ ။ ၁၀
မိနစ်လောက်ကြာတော့၊ သီချင်းဆိုနေသည့် ကောင်မလေးတယောက်က သူမလုပ်နေသည့်
အလုပ်ကို ငြီးငွေ့သွားပုံရသည်။
တီဗွီ ခလုပ် ကွန်ထရိုး ကို ဟိုနှိပ် ဒီနှိပ်လုပ်နေသည်။ ထိုင်း တီဗွီ သတင်းကနေ မြဝတီ သတင်းကို ပြောင်းလိုက်တော့
ဟယ်-- ရန်အောင်လေးက လှတုံးပဲနော်--- တဲ့ ။
သူမရဲ့ အသံကို ကြားလိုက်ရမှ -- အော်- ဗမာတွေပါလား လို့ တွေးလိုက်မိသည်။
ဒါဖြင့် ဒီ စားသောက်ဆိုင်လေးမှာ ဗမာမလေး ဘယ်နှစ်ယောက်ရှိနိုင်သလဲ။
သိလိုစိတ်က ပြင်းပြလာသည်။
အဲ့ဒီကောင်မလေးကို စကားပြောကြည့်လို့ရမလား လို့ မန်နေဂျာကို မေးကြည့်မိတော့။
ခေါ်ပေါ့၊ ခင်ဗျားတယောက်တည်း ပျင်းနေမှာပေါ့ တဲ့။
ကောင်မလေးတယောက်ကို အဖေါ်အဖြစ်ခေါ်မယ် ဆိုရင် တနာရီကို ဘတ်ခြောက်ဆယ်ပေးရတယ် ။ ခေါ်မလား တဲ့။
( တနာရီ ဘတ်ခြောက်ဆယ် ပြီးရင် ခင်ဗျား လိုချင်တာကို ညှိယူလို့ရပါ သတဲ့။ )
ဒီလိုနှင့် ကျနော်သိချင်သည့် မေးခွန်းတခုကို အဲ့ဒီကောင်မလေးထံမေးကြည့်မိသည်။
ဒီစားသောက်ဆိုင်မှာ နင် လို အလုပ်လာလုပ်တဲ့ ဗမာကောင်မလေး ဘယ်နှစ်ယောက်ရှိသလဲ
ကောင်မလေးက ပြုံးသည်။
ဟာ- အကိုကလည်း နောက်နေတာလား။ ဒီ ဆိုင်ထဲက လူတွေက အကုန်ဗမာမတွေချည်းပဲလေ တဲ့။
ဖြတ်ကနဲ- သူငယ်ချင်းတယောက် ရဲ့ ကြိတ်မနိုင်ခဲမရ၊ ရင်ဖွင့်တာကို သွားသတိယမိသည်။
ထိုင်းနိုင်ငံမှာ နေရတဲ့ မြန်မာကျောင်းသားတွေဆိုတာ တရားဝင်နေထိုင်သူတွေမဟုတ်တော့၊ ထိုင်းရဲက ခဏခဏဖမ်းပြီး ငွေညှစ်သည်။
အလုပ်လာလုပ်သည့် တချို့ကောင်မလေးတွေ ဆို မတရားပြုကျင့်ခံရသည်။
သူငယ်ချင်းက ထိုင်းတွေကို လက်စားချေချင်လို့ဆိုပြီး တရက်မှာ ကာရာအိုကေ ဆိုင်က ထိုင်းမလေးကို ခေါ်အိပ်သတဲ့။
အခန်းထဲရောက်တော့ သူ့သူငယ်ချင်းဆီက ဖုံးဝင်လာသည်။ ဖုံးပေါ်မှာ
စကားပြောနေသည့် သူ့ကို သူခေါ်လာသည့် ကောင်မလေးက အားကိုးတကြီးကြည့်နေရှာသည်။
သူလည်း ဖုံးချပြီးရော၊ ကောင်မလေးက သူ့လက်မောင်းကို ကိုင်ပြီး ပြောရှာသည်။
ဟယ် အကို - ဗမာပြည်ကနော်၊ ဝမ်းသာလိုက်တာ။ ကျမလည်း ရန်ကုန်ဘက်ကပါ။ ကျမကို ရောင်းစားသွားကြတာ။ ဘယ်ရောက်လို့ရောက်နေမှန်းလဲမသိဘူး တဲ့။
ထိုင်းတွေကို လက်စားချေချင်သည့် ကျနော့်သူငယ်ချင်းတယောက်ကတော့ အဲ့ဒီညမှာ လက်စားချေခွင့်မရလိုက်၊
ကောင်မလေး ရဲ့ ရင်ဖွင့်သံကို စိတ်မကောင်းကြီးစွာနားထောင်လိုက်၊ အပြင်က
ထိုင်းလူမိုက်ရဲ့ တံခါးလာခေါက်သံကို နားစွင့်လိုက်နဲ့
အချိန်ကုန်သွားခဲ့ပါသတဲ့။
တကယ်တော့
ထိုင်းနိုင်ငံမှာရှိသည့် စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေက
ထိုင်းလူမျိုးချည်း ပိုင်တာမဟုတ်။ ဗမာပြည်ဘွား ဘိန်းဘုရင်တွေပိုင်သည့်
တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေက တခြားနိုင်ငံရဲ့ နယ်စပ်မြို့တွေမှာ
ရှိနေသည်။ သူတို့ကလည်း ထိုင်းနိုင်ငံရဲ့ နိုင်ငံသားမှတ်ပုံတင်တွေကို
ကိုင်ဆောင်ထားနေကြပြီ။ စားသောက်ဆိုင်လေးမှာ လာအလုပ်လုပ်ကြသည့် ဗမာဘက်ကမ်းက
ကောင်မလေးတွေကတော့ ညနေစောင်းရင် ထိုင်း- မြန်မာ နယ်စပ် တံတားကို
ဖြတ်ကျော်ပြီး လာရောက် အလုပ်လုပ်ကြသည်။
မနက်လင်းရင်တော့
မြန်မာဘက်ခြမ်းကို ပြန်သွားကြပြန်သည်။ ဒီလိုနှင့်-- ညနေမှောင်ရီစ
ပျိုးပြီဆိုလျင် တံတားကို ဖြတ်ပြီး အလုပ်လာလုပ်ကြပြန်သည်။
ကိုယ်ကလည်း မဆီမဆိုင်တွေ လျှောက်မေးကြည့်နေမိသည်။
ဒီလို လုပ်နေတာတွေကို နင့်အိမ်က သိလား၊ နင့်ရည်းစားကရော မသိဘူး လား --- စသည့်မေးခွန်းတွေ----
ကောင်မလေးကလည်း ပေါ့ပေါ့ပါးပါးလေး ပြန်ဖြေရှာသည်။
အိုး-- အကိုကလဲ-- တဘက်ကမ်း အလုပ်လာလုပ်တယ်ပေါ့။ဘယ်သူသိတာမှတ်လို့။
ရည်းစားလား-- အင်း-- ဟို သီချင်း ကြားဘူးတယ် မို့လား။
မင်းပေးတဲ့ ခရစ်စမတ် ကဒ်လှလှလေးတွေ ဟောင်းသွားပြီဆိုတော့-- မင်းပေးတဲ့ အချစ်အစအနလေးတွေ မင်းမေ့သွားမှာပါ ဆိုတာလေ။
သူ့သီချင်းကို နားထောင်မိပြီးမှ၊
အော်-- ခရစ်စမတ်တောင် ရောက်တော့မှာပါလား လို့ တွေးလိုက်မိတယ်။
ခုတလော- မဲဆောက်မြို့ကြီးဆီကို လာလည်တဲ့သူတွေ၊ မဲဆောက်မြို့ကြီးဆီကနေ
မြန်မာပြည်ကို ပြန်သွားသူတွေ နဲ့ ရှုပ်ရှက်ခပ်နေတာပဲ၊ ဘာတွေမှန်းကို
မသိပါဘူး ကွာ တဲ့။ မိတ်ဆွေတယောက်က ရင်ဖွင့်ရှာတယ်။ ကျနော့်အာရုံထဲမှာတော့
တာချီလိပ်- မဲဆိုင် တံတားပေါ်ကနေ - မနက်လင်းရင် အိမ်ပြန်သွားလိုက်၊
ညနေမှောင်ရီစ ပျိုးပြီဆိုရင် ထိုင်းဘက်ခြမ်းဆီကို လာအလုပ်လုပ် လေ့ရှိကြတဲ့
ကောင်မလေးတွေကို မဆီမဆိုင်သွားသတိယနေမိတယ်။ အားလုံးကံကောင်းကြပါစေ။
မဲဆိုင်ဆိုတာ တာချီလိပ် တဘက်ကမ်းက ထိုင်းနယ်စပ်မြို့လေး။
လွန်ခဲ့သော (၉) နှစ်ကျော်လောက်က မှုံရီအေးစက်နေသည့် ညနေရီရီထဲမှာ ဗမာပြည်ထဲက လာမည့် သူငယ်ချင်းတယောက်ကို အဲ့ဒီမြို့ကလေးဆီမှာ သွားစောင့်နေဖြစ်ခဲ့သည်။ တကယ်တော့ မြို့ကလေးက မြဝတီ တဘက်ကမ်းမှာရှိသည့် မဲဆောက်မြို့လောက်မစည်ကား၊ လူစိမ်းဝင်လာတာကိုလည်း သိသည်။
စောင့်ရမည့်သူကလည်း ပြောထားတာထက် တရက်နောက်ကျနေသည်။ ကိုယ့်တည်းခိုခန်းလေးက ကုန်းမြင့်လေးပေါ်မှာ၊ ထိုင်ခုံလေးပေါ်မှာ တယောက်တည်း ငြိမ်ငြိမ်လေးထိုင်ပြီး စဉ်းစားနေမိသည်။ မလှမ်းမကမ်း၊ စားသောက်ဆိုင်လေးပေါ်က လှမ်းကြည့်လိုက်မယ်ဆိုရင် ဗမာဘက်ကမ်းကို မြင်နေရသည်။ ..တကယ်တော့ နိုင်ငံနှစ်ခုကို ခြားထားတာက တံတားငယ်တခုသာ ဖြစ်နေတော့ မဲဆိုင်မြို့ တဘက်မှာရှိသည့်၊ မြန်မာဘက်အခြမ်းက မြင်ကွင်းအားလုံးကို မြင်နေရသည်။ ဟိုဘက်ကမ်း ကူးသွာရရင် ဘယ်လောက် ကောင်းမလဲ လို့ တွေးနေမိသည်။ သို့သော် မျက်စိတလှမ်းလောက်သာ ရှိသည့် ကိုယ့်နိုင်ငံကို ခြေချလို့မရသည့်အဖြစ်။
တယောက်တည်း အရက်သောက်ရတာ ပျင်းလာသည်။ စားသောက်ဆိုင် တခုခုကို သွားထိုင်ပြီး သီချင်းနားထောင်ရင် ကောင်းမယ် ဆိုသည့် အတွေးဖြင့် တည်းခိုခန်း ရဲ့ လမ်းတဘက်မှာရှိသည့် ဆိုင်လေးရှိရာကို ကူးသွားမိသည်။ ထိုဆိုင်လေးက နည်းနည်းလေး ကဗျာဆန်သည်။ ဆိုင်တခုလုံးကို ကျေးလက်ပုံစံတည်ဆောက်ထားပြီး၊ အေးချမ်းငြိမ့်ငြောင်းသည့် သီချင်းလေးတွေ ဖွင့်ထားသည်။ သို့သော် အထဲမှာတော့ ထိုသို့မဟုတ်။ ထိုင်း နိုင်ငံရဲ့ ကာရာအိုကေ စားသောက်ဆိုင်တို့ ထုံးစံအတိုင်း၊ ၁၉-၂၀ ကောင်မလေးတွေအများကြီးရှိသည်။ တချို့က သီချင်းဆိုကခုန်နေကြသလို၊ တချို့ကတော့ လာရောက်စားသုံးသည့် အကိုများရဲ့ ထိုင်ခုံဘေးမှာ ။ ၁၀ မိနစ်လောက်ကြာတော့၊ သီချင်းဆိုနေသည့် ကောင်မလေးတယောက်က သူမလုပ်နေသည့် အလုပ်ကို ငြီးငွေ့သွားပုံရသည်။
တီဗွီ ခလုပ် ကွန်ထရိုး ကို ဟိုနှိပ် ဒီနှိပ်လုပ်နေသည်။ ထိုင်း တီဗွီ သတင်းကနေ မြဝတီ သတင်းကို ပြောင်းလိုက်တော့
ဟယ်-- ရန်အောင်လေးက လှတုံးပဲနော်--- တဲ့ ။
သူမရဲ့ အသံကို ကြားလိုက်ရမှ -- အော်- ဗမာတွေပါလား လို့ တွေးလိုက်မိသည်။
ဒါဖြင့် ဒီ စားသောက်ဆိုင်လေးမှာ ဗမာမလေး ဘယ်နှစ်ယောက်ရှိနိုင်သလဲ။
သိလိုစိတ်က ပြင်းပြလာသည်။
အဲ့ဒီကောင်မလေးကို စကားပြောကြည့်လို့ရမလား လို့ မန်နေဂျာကို မေးကြည့်မိတော့။
ခေါ်ပေါ့၊ ခင်ဗျားတယောက်တည်း ပျင်းနေမှာပေါ့ တဲ့။
ကောင်မလေးတယောက်ကို အဖေါ်အဖြစ်ခေါ်မယ် ဆိုရင် တနာရီကို ဘတ်ခြောက်ဆယ်ပေးရတယ် ။ ခေါ်မလား တဲ့။
( တနာရီ ဘတ်ခြောက်ဆယ် ပြီးရင် ခင်ဗျား လိုချင်တာကို ညှိယူလို့ရပါ သတဲ့။ )
ဒီလိုနှင့် ကျနော်သိချင်သည့် မေးခွန်းတခုကို အဲ့ဒီကောင်မလေးထံမေးကြည့်မိသည်။
ဒီစားသောက်ဆိုင်မှာ နင် လို အလုပ်လာလုပ်တဲ့ ဗမာကောင်မလေး ဘယ်နှစ်ယောက်ရှိသလဲ
ကောင်မလေးက ပြုံးသည်။
ဟာ- အကိုကလည်း နောက်နေတာလား။ ဒီ ဆိုင်ထဲက လူတွေက အကုန်ဗမာမတွေချည်းပဲလေ တဲ့။
ဖြတ်ကနဲ- သူငယ်ချင်းတယောက် ရဲ့ ကြိတ်မနိုင်ခဲမရ၊ ရင်ဖွင့်တာကို သွားသတိယမိသည်။
ထိုင်းနိုင်ငံမှာ နေရတဲ့ မြန်မာကျောင်းသားတွေဆိုတာ တရားဝင်နေထိုင်သူတွေမဟုတ်တော့၊ ထိုင်းရဲက ခဏခဏဖမ်းပြီး ငွေညှစ်သည်။
အလုပ်လာလုပ်သည့် တချို့ကောင်မလေးတွေ ဆို မတရားပြုကျင့်ခံရသည်။
သူငယ်ချင်းက ထိုင်းတွေကို လက်စားချေချင်လို့ဆိုပြီး တရက်မှာ ကာရာအိုကေ ဆိုင်က ထိုင်းမလေးကို ခေါ်အိပ်သတဲ့။
အခန်းထဲရောက်တော့ သူ့သူငယ်ချင်းဆီက ဖုံးဝင်လာသည်။ ဖုံးပေါ်မှာ စကားပြောနေသည့် သူ့ကို သူခေါ်လာသည့် ကောင်မလေးက အားကိုးတကြီးကြည့်နေရှာသည်။
သူလည်း ဖုံးချပြီးရော၊ ကောင်မလေးက သူ့လက်မောင်းကို ကိုင်ပြီး ပြောရှာသည်။
ဟယ် အကို - ဗမာပြည်ကနော်၊ ဝမ်းသာလိုက်တာ။ ကျမလည်း ရန်ကုန်ဘက်ကပါ။ ကျမကို ရောင်းစားသွားကြတာ။ ဘယ်ရောက်လို့ရောက်နေမှန်းလဲမသိဘူး တဲ့။
ထိုင်းတွေကို လက်စားချေချင်သည့် ကျနော့်သူငယ်ချင်းတယောက်ကတော့ အဲ့ဒီညမှာ လက်စားချေခွင့်မရလိုက်၊
ကောင်မလေး ရဲ့ ရင်ဖွင့်သံကို စိတ်မကောင်းကြီးစွာနားထောင်လိုက်၊ အပြင်က ထိုင်းလူမိုက်ရဲ့ တံခါးလာခေါက်သံကို နားစွင့်လိုက်နဲ့ အချိန်ကုန်သွားခဲ့ပါသတဲ့။
တကယ်တော့ ထိုင်းနိုင်ငံမှာရှိသည့် စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေက ထိုင်းလူမျိုးချည်း ပိုင်တာမဟုတ်။ ဗမာပြည်ဘွား ဘိန်းဘုရင်တွေပိုင်သည့် တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေက တခြားနိုင်ငံရဲ့ နယ်စပ်မြို့တွေမှာ ရှိနေသည်။ သူတို့ကလည်း ထိုင်းနိုင်ငံရဲ့ နိုင်ငံသားမှတ်ပုံတင်တွေကို ကိုင်ဆောင်ထားနေကြပြီ။ စားသောက်ဆိုင်လေးမှာ လာအလုပ်လုပ်ကြသည့် ဗမာဘက်ကမ်းက ကောင်မလေးတွေကတော့ ညနေစောင်းရင် ထိုင်း- မြန်မာ နယ်စပ် တံတားကို ဖြတ်ကျော်ပြီး လာရောက် အလုပ်လုပ်ကြသည်။
မနက်လင်းရင်တော့ မြန်မာဘက်ခြမ်းကို ပြန်သွားကြပြန်သည်။ ဒီလိုနှင့်-- ညနေမှောင်ရီစ ပျိုးပြီဆိုလျင် တံတားကို ဖြတ်ပြီး အလုပ်လာလုပ်ကြပြန်သည်။
ကိုယ်ကလည်း မဆီမဆိုင်တွေ လျှောက်မေးကြည့်နေမိသည်။
ဒီလို လုပ်နေတာတွေကို နင့်အိမ်က သိလား၊ နင့်ရည်းစားကရော မသိဘူး လား --- စသည့်မေးခွန်းတွေ----
ကောင်မလေးကလည်း ပေါ့ပေါ့ပါးပါးလေး ပြန်ဖြေရှာသည်။
အိုး-- အကိုကလဲ-- တဘက်ကမ်း အလုပ်လာလုပ်တယ်ပေါ့။ဘယ်သူသိတာမှတ်လို့။
ရည်းစားလား-- အင်း-- ဟို သီချင်း ကြားဘူးတယ် မို့လား။
မင်းပေးတဲ့ ခရစ်စမတ် ကဒ်လှလှလေးတွေ ဟောင်းသွားပြီဆိုတော့-- မင်းပေးတဲ့ အချစ်အစအနလေးတွေ မင်းမေ့သွားမှာပါ ဆိုတာလေ။
သူ့သီချင်းကို နားထောင်မိပြီးမှ၊
အော်-- ခရစ်စမတ်တောင် ရောက်တော့မှာပါလား လို့ တွေးလိုက်မိတယ်။
ခုတလော- မဲဆောက်မြို့ကြီးဆီကို လာလည်တဲ့သူတွေ၊ မဲဆောက်မြို့ကြီးဆီကနေ မြန်မာပြည်ကို ပြန်သွားသူတွေ နဲ့ ရှုပ်ရှက်ခပ်နေတာပဲ၊ ဘာတွေမှန်းကို မသိပါဘူး ကွာ တဲ့။ မိတ်ဆွေတယောက်က ရင်ဖွင့်ရှာတယ်။ ကျနော့်အာရုံထဲမှာတော့ တာချီလိပ်- မဲဆိုင် တံတားပေါ်ကနေ - မနက်လင်းရင် အိမ်ပြန်သွားလိုက်၊ ညနေမှောင်ရီစ ပျိုးပြီဆိုရင် ထိုင်းဘက်ခြမ်းဆီကို လာအလုပ်လုပ် လေ့ရှိကြတဲ့ ကောင်မလေးတွေကို မဆီမဆိုင်သွားသတိယနေမိတယ်။ အားလုံးကံကောင်းကြပါစေ။
No comments:
Post a Comment