Wednesday, December 26, 2012

အနီ၊ အ၀ါ ရောင်စုံတိုက်ပွဲတွေကြားမှ ထိုင်းနိုင်ငံ

 
   ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej ရဲ့ သက် တော် ၈၅ နှစ်ပြည့် မွေးနေ့ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက် နေ့က ထိုင်းနိုင်ငံတစ်ဝန်းမှာ တိုင်းပြည်သူပြည်သားတွေက ဝမ်းပန်းတသာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပြီးဘုရင်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းခဲ့ကြတယ်။
   လာမယ့်နှစ်မှာ သက် တော် ၉၉ နှစ်ပြည့်တော့မယ့် ထိုင်း ဗုဒ္ဓဘာသာရဲ့ အခေါင်အထွတ် သာသနာပိုင် ဆရာတော်ကြီး Samdej Phar Yanasangvara Somdej Phra Sangharaj Sakol Maha Sanghaparinayok က လည်း ဘုရင်ကြီး ကျန်းမာစေရန် ဆုတောင်းပေးခဲ့တယ်။
   အစိုးရအဖွဲ့ကိုယ်စား ထိုင်းဝန်ကြီးချုပ် Yingluck Shin-awatra ကလည်း ဘုရင်မွေးနေ့ မှာ ဆုမွန်ကောင်း တောင်းခဲ့တဲ့ အပြင် ဒီကနေ့ ထိုင်းနိုင်ငံအဘက်ဘက်မှ တိုးတက်နေခြင်းဟာ ဘုရင်မင်းမြတ်ရဲ့နှစ်ပေါင်းများစွာ မနားမနေကြိုးပမ်းခဲ့မှုရဲ့ ရလဒ်ဖြစ်ကြောင်းကျေးဇူးစကား ဆိုခဲ့ပါ သေးတယ်။
    ထိုင်းပါလီမန်အမတ် အားလုံးရဲ့ ကိုယ်စား ထိုင်းပါလီမန် ဥက္ကဋ္ဌ Somsak Kiatsuranont ကလည်း ထိုင်းဘုရင်မင်းမြတ်ဟာ ထိုင်းနိုင်ငံရဲ့ လမ်းပြကြယ်တစ်ပွင့် ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီး သူ့အနေနဲ့ ထိုင်းဘုရင့်ထီးနန်းနဲ့ ထိုင်းဒီမိုကရေစီ ကို စောင့်ရှောက် မြှင့်တင်ပေးသွားမယ်လို့ ကတိပေး ခဲ့တယ်။
   တရားရေးဆိုင်ရာ ပုဂ္ဂိုလ် များကိုယ်စား တရားလွှတ်တော် ချုပ် အကြီးအကဲ Pairoj Wayu-pabကလည်း ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်း ရင်းနဲ့ ဘုရင်မင်းမြတ်ရဲ့ လမ်းညွှန် ပေးခဲ့တဲ့ အကြံÓဏ်တွေ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ တယ်။
    ထိုင်းဘုရင့်တပ်မတော် ရဲ့ကိုယ်စား ဗိုလ်ချုပ်ကြီး Thana-sak Patimaprakorn ကလည်း ဘုရင်ကြီးရဲ့ရှေ့မှောက်မှာ ဘုရင့် သစ္စာ ခံယူခဲ့တယ်။ တကယ်တော့ ထိုင်းဘု ရင်ဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတစ်ရုံမှာ အနားယူနေရာက တကူးတက နန်းတော်ဆီ ပြန်ကြွလာခဲ့ပြီး အခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်တယ်။ တိုင်းပြည်တာဝန်အသီးသီးထမ်းဆောင်နေ ကြတဲ့ ပုဂ္ဂိုလ်တွေက ဆု မွန်ကောင်း တောင်းပေးခဲ့ကြလို့ အားတက်မိကြောင်း ဘုရင်ကြီးက ပြန်လည်ကျေးဇူးတင်စကား ဆိုခဲ့ တယ်။
     ပြီးတော့ ဘုရင်မင်းမြတ် က တိုင်းသူပြည်သားတွေကို တိုတိုတုတ်တုတ် မိန့်ခွန်ြး>ွမက်ကြားခဲ့ သေးတယ်။ မိန့်ခွန်းက တိုတောင်းပေမယ့် ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ် လမ်းညွှန်ရာမှာ တော်တော်ပဲ ထိထိမိမိ ရှိလှပါ တယ်။ ဘုရင်ကြီးကြ>ွမက်ကြားရာ မှာ - 'ထိုင်းသူပြည်သားတွေဟာ တစ်ဦးအပေါ် တစ်ဦး ကရုဏာ တရား ပွားများနိုင်ပြီး စိတ်ကောင်း နှလုံးကောင်း ထားနိုင်ကြ ရင် စည်းလုံးညီညွတ်တဲ့ တိုင်းပြည် ကို ပုံဖော် တည်ဆောက်နိုင်ကြမှာ ဖြစ်တယ်။ တကယ် လို့ ထိုင်းပြည် သူပြည်သားတွေဟာ သူတော် ကောင်းတရား ကျင့်သုံးနိုင်ကြမယ် ဆိုရင်လည်း တိုင်းပြည်ဟာ ဘယ် လို အခက် အခဲတွေနဲ့ပဲ ရင်ဆိုင်ရ ရင် ဆိုင်ရ လုံခြုံစိတ်ချရနိုင်ပြီး တည်ငြိမ်မှု ရှိနိုင်တယ်လို့ ငါ ယုံ ကြည်တယ်' လို့ ထည့်သွင်ြး>ွမက် ကြားခဲ့ တယ်။
   ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျဟာ ထိုင်း နိုင်ငံအပေါ် အင်မတန် သံယောဇဉ် ကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ၁၉၄၆ ခုနှစ် သက်တော် ၁၈ နှစ် မှာ ထီးနန်းဆက်ခံခဲ့ပြီးနောက် နိုင်ငံခြားမှာ ပညာဆက်လက်ဆည်းပူးဖို့ ထွက်ခွာသွားခဲ့ပြီး ၁၉၅ဝ နှစ် များမှာ ထိုင်းနိုင်ငံ ပြန်ရောက်လာ ခဲ့တယ်။ အဲဒီအချိန်ကစပြီး ထိုင်း ဘုရင်ဟာ ထိုင်းလယ်သမားများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသကို ကွင်းဆင်းပြီး အား ကြိုးမာန်တက် ဆောင်ရွက်ခဲ့တယ်။
   ၁၉၆ဝ နှစ်များနဲ့ ၁၉၇ဝ နှစ်များအတွင်း ရွှေတြိဂံ နယ်မြေဒေသက တောင်ပေါ်သား တွေ ဘိန်းစိုက်ပျိုးမှုကို အခြားသီးနှံ ပင်တွေနဲ့ အစားထိုး စိုက်ပျိုးနိုင် အောင် ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၈ဝ နှစ်များမှာ ဘန်ကောက်မြို့ နဲ့ ထိုင်းနိုင်ငံတစ်လွှား ကျေးလက် နဲ့ မြို့ပြ ရေလွှမ်းမှု လျော့နည်း ကျ ဆင်းသွားအောင် လုပ်ဆောင်ခဲ့ တယ်။ ၁၉၉ဝ နှစ်များအတွင်း စီး ပွားရေး အကျပ်အတည်းနဲ့ ကြုံ ကြိုက်နေချိန်မှာ အခြားနိုင်ငံတွေ ကို မမှီခိုဘဲ မိမိနိုင်ငံအနေနဲ့ မိမိ ဘာသာ ရပ်တည်နိုင်ဖို့ ပြည့်စုံလုံ လောက်တဲ့ စီးပွားရေးအတွေး အ မြင်တစ်ရပ် ချမှတ်လုပ်ဆောင်နိုင် ဖို့ လမ်းညွှန်မှု ပေးခဲ့တယ်။
    ဘုရင် ဘူမိဘောအနေ နဲ့ တိုင်းသူပြည်သားတွေရဲ့ စီးပွား ရေး၊ ပညာရေးနဲ့ ကျန်းမာရေး မြင့် မားလာစေရေးအတွက် အပြော သက်သက် မဟုတ်ဘဲ ကိုယ်တိုင် ကိုယ်ကျ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းပေါင်း ၄ဝဝဝ ကျော်ကို ထူထောင်လုပ် ကိုင် ဆောင်ရွက်ခဲ့တယ်။ လယ်ယာစိုက် ပျိုးရေးနဲ့ ပတ်သက်တဲ့ တီထွင်မှု တွေလည်း အတော်များများ ပြု လုပ်ခဲ့တယ်။ ဒါကြောင့် ဘုရင်ကြီး ဟာ မူပိုင်ခွင့် ခပ်များများ ပိုင်ဆိုင် ထားတယ်။
    ထိုင်းဘုရင်မင်းမြတ်ဟာ လယ်ယာကဏ္ဍကိုသာ စိတ်ဝင်စား တာမဟုတ်ဘဲ အနုပညာကိုလည်း ဝါသနာပါလိုက်သေးတယ်။ ဂီတ လည်း မြတ်နိုးတဲ့အပြင် ပန်းချီလည်း ဆွဲတယ်။ ဘက်ပေါင်းစုံ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်ကိုင် တဲ့အတွက် အလုပ်လုပ်တဲ့ဘုရင်ဆို ပြီး ကမ္ဘာမှာတောင် နာမည်ကျော် ကြားတယ်။
   ငယ်ရွယ်စဉ်ကဆိုရင် ထိုင်းဘုရင်ဟာ လယ်ထဲကိုယ်တိုင် ဆင်းပြီး တိုင်းတာမှုတွေ ကိုယ်တိုင် လုပ်တယ်။ မြေပုံတွေကို ကိုယ် တိုင် ရေးဆွဲတယ်။ တစ်ခါတစ်ရံ ဖြစ်ရပ် မှန်တွေ သိရအောင်လို့ နန်းတွင်း အရာရှိကြီးတွေ မသိအောင် ကျေး လက်တွေဆီ တစ် ကိုယ်တော် သွား ရောက်လေ့လာတယ်။ ဘုရင်ကြီး ဟာ အောက်ခြေဆင်းရဲသား လူ တန်းစားအထိ ကွင်းဆင်းလေ့လာ တတ်တဲ့ အတွက် တိုင်းပြည်ရဲ့ အခြေအနေမှန်တွေကို သိတယ်။
   ဒီလို တိုင်းပြည်အတွက် အဘက်ဘက်မှ ဆောင်ကြဉ်းပေးခဲ့ တဲ့အတွက် ထိုင်းပြည်သူ ပြည်သား တွေက ဘုရင်မင်းမြတ်ကို မိဘသဖွယ် သဘောထားကြတယ်။ စိတ် ရင်းနဲ့ ချစ်ခင်မြတ်နိုးကြတယ်။ အခုတော့ ဘုရင်ကြီးဟာ အသက် အရွယ် ကြီးလာခဲ့ပြီဖြစ် လို့ မကြာ ခဏ နေထိုင်မကောင်း ဖြစ်နေ တယ်။ ဘုရင်ကြီးဟာ ၁၉၈၈ ခုနှစ် က ထိုင်းသမိုင်းမှာ နန်းသက် အရှည်ကြာဆုံး မင်းတစ် ပါး ဖြစ် လာခဲ့ပြီး ၁၉၈၉ ခုနှစ်က ကမ္ဘာ ပေါ်မှာ သက်တော်ရှည် ဘုရင်တစ် ပါး ဖြစ်လာခဲ့တယ်။
   တကယ်တော့ ထိုင်း ဘုရင်မင်းမြတ်ဟာ နန်းသက် ကြာ ရှည်တာနဲ့အမျှ အတွေ့အကြုံက လည်း တော်တော်များတယ်။ တိုင်းပြည်ကို အန္တရာယ်အသွယ်သွယ် ကြားက ဘေးမသီ ရန်မခအောင် လမ်းညွှန်မှု ပေးနိုင်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်လွန်ကာလ ၁၉၄၆ ခုနှစ် မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုင်းနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာ ခဲ့တဲ့ ဘုရင်ဘူမိဘောအဒူလျာဒက် ဂ်ျဟာ အာဏာ အကန့်အသတ် သာ ရှိပေမယ့် အခက်အခဲတွေ ကြားက တိုင်းပြည်ကို ဦးဆောင် ဦးရွက် လုပ်ပေးနိုင်ခဲ့တယ်။
    စစ်အေးခေတ် Cold War တစ်လျှောက်လုံးမှာ ချဲ့ကား လာတဲ့ ကွန်မြူနစ်ဝါဒ အန္တရာယ် မှ လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့ တယ်။ ဒါပေမယ့် ထိုင်းပြည်တွင်း နိုင်ငံရေးမှာ မကျက်တကျက် ဒီမို ကရေစီနဲ့အတူ မကြာခဏ စစ် တပ်မှ အာဏာသိမ်းမှုတွေနဲ့ ကြုံ တွေ့ ခဲ့ရတယ်။ ထိုင်းနိုင်ငံမှာ စစ် တပ်က အာဏာသိမ်းတာ ဒါမှမ ဟုတ် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ တာ အနည်းဆုံး ၁၈ ကြိမ်လောက် ရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ထိုင်းနိုင် ငံဟာ လစ်ဗရယ်လိုက်ဇေးရှင်း Liberalization နဲ့ ဂလိုဘယ် လိုက်ဇေးရှင်း Globalization ခေတ် ထဲ ရောက်လာပြန်တယ်။ အခုတော့ ကမ္ဘာပေါ်မှာ အရင်းရှင် ဝါဒ အားပျော့လာနေတဲ့အချိန်နဲ့ ကြုံကြိုက်နေရပြန်တယ်။ ဘုရင် မင်းမြတ်ကတော့ အဲဒီခေတ်တစ် လျှောက်မှာ တိုင်းပြည် တည်ငြိမ်မှု ရှိအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နိုင်ခဲ့တယ်။
   ဒါပေမယ့် အခုတော့ ထိုင်းဘုရင်မင်းမြတ် နာမကျန်းဖြစ်နေချိန်မှာ တိုင်းပြည်က မတည်မငြိမ် ဖြစ်လာတယ်။ အဓိက ကတော့ပြည် တွင်းမှာ ရှပ်အင်္ကျီအနီ ဝတ်ဆင်ထားကြသူတွေနဲ့ ရှပ်အင်္ကျီအဝါ ဝတ်ဆင်ထားကြသူတွေအကြားမှာ ဆေးရောင် စုံတိုက် ပွဲ ဆင်နွှဲနေ ကြတာ ခုနစ်နှစ် တောင် ကြာမြင့်ခဲ့ပြီ။
   အစကနဦးမှာ ရှပ်ဝါတွေပေါ်ထွက်လာပြီး သူတို့က ဘုရင်စနစ်ကို ခုခံကာကွယ်စောင့် ရှောက်ပေးကြမယ့် သူတွေလို့ ဟစ်ကြွေးပြီး လက်သီးလက်မောင်း တန်းခဲ့ကြတယ်။ ပြီးတော့ ရှပ်နီ တွေ ထွက်ပေါ်လာပြန်တယ်။ တိုင်းပြည်သူတွေကတော့ သူတို့ကို ဘုရင်စနစ် မလိုလားသူတွေအဖြစ် ရှုမြင်ကြတယ်။ ဒီကြားထဲမှာ ရှပ် ဖြူအုပ်စုတစ်စု ပေါ်ထွက်လာပြီး ရှပ်နီရှပ်ဝါတွေကို ငြိမ်းချမ်းရေး အတွက် ကြားပွဲစားလုပ်ပေးမယ်လို့ ဆိုတယ်။ ဒါနဲ့ မပြီးသေးဘူး။ ရှပ်အင်္ကျီအနက်ရောင် ဝတ်ဆင် သူတွေ ဘယ်ကမှန်းမသိ ရောက် လာပြီး အဖျက်အမှောင့်တွေ လုပ် လာကြတယ်။
   ဒီလိုနဲ့ ထိုင်းနိုင်ငံဟာ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲလာ တယ်။ ဒါပေမယ့် အဓိက အုပ်စု ကြီးနှစ်ခုကတော့ ရှပ်ဝါနဲ့ ရှပ်နီ တွေ။ ရှပ်ဝါအုပ်စုကို ဘုရင့်မိသားစု အသိုင်းအဝိုင်းနဲ့စစ်တပ်အပြင် မြို့ပေါ်ကပညာတတ်စီးပွားရေးလုပ်ငန်းရှင်တွေကထောက်ခံ အားပေးကြ တယ်။ ရှပ်နီတွေကိုတော့ တောင်သူလယ်သမားတွေနဲ့ ဆင်း ရဲသားနင်းပြားတွေက ထောက်ခံ ကြတယ်။ တစ်နည်းပြော ရင် လယ် သမားတွေ အများအပြားနေထိုင် ကြတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ စီးပွားရေးသမားတွေ များပြားတဲ့ ထိုင်းတောင်ပိုင်း အကွဲအပြဲ လို ဖြစ်နေ တယ်။
    ထိုင်းနိုင်ငံရဲ့မျက်မှောက် ခေတ်သမိုင်းမှာ အရင်က ဘယ် တုန်းကမှ မရှိခဲ့ဖူးသေးတဲ့ လူမှုနိုင် ငံရေးအကွဲအပြဲကြီးဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Thaksin Shi-nawatra  နဲ့ ပတ်သက်တယ်လို့ ဆိုနိုင်ပေမယ့် ဒီအကွဲအပြဲကြီးဟာ ၁၉၃၂ ခုနှစ် ထိုင်းတော် လှန်ရေးနဲ့ ဆက်စပ်လျက်ရှိတယ်။
   ဘုရင်အဆက်ဆက် စိုးမိုးအုပ်ချုပ်လာခဲ့တဲ့ ထိုင်းနိုင်ငံမှာ ၁၇၈၂ ခုနှစ်မှာ Chakri မင်းဆက် တက်လာခဲ့ပြီးနောက် မြို့တော်ကို ဘန်ကောက်မြို့သို့ ရွှေ့ပြောင်း ထီးနန်းစိုက်ခဲ့တယ်။ အရှေ့တောင် အာရှတစ်လွှားမှာ ဥရောပကိုလိုနီ နယ်ချဲ့တွေရဲ့ လက်အောက် မကျ ရောက်ခဲ့တဲ့ နိုင်ငံဆိုလို့ ထိုင်းတစ် နိုင်ငံပဲ ရှိတယ်။ ကိုလိုနီနယ်ချဲ့ တွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့တဲ့အတွက် နယ်ချဲ့လက်အောက် မရောက်ခဲ့ခြင်း ဖြစ်တယ်။
   ၁၈၅၆ ခုနှစ်မှာ နိုင်ငံကို Siam လို့ ခေါ်တွင်စေခဲ့တယ်။ ပထမကမ္ဘာစစ်အတွင်းက မဟာ မိတ်တို့နဲ့ လက်တွဲခဲ့တယ်။ ဒီမိုကရေစီ ပုံစံ အုပ်ချုပ်ရေးကို လိုလား ပြီး သူတို့ကိုယ်တိုင် အာဏာလို ချင်တဲ့ ပညာတတ်အုပ်စုတစ်စုက စစ်တပ်နဲ့ ပူးပေါင်းပြီး ၁၉၃၂ ခုနှစ်မှာ အာဏာသိမ်းကာ အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ် Absolute Monarchy ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်တဲ့ ဘုရင် စနစ် Constitutional Mo-narchy အဖြစ် ပြောင်းလဲပစ်ခဲ့ တယ်။ ၁၉၃၉ ခုနှစ်မှာ Siam လို့ ခေါ်တွင်ခဲ့ရာက Thailand  ထိုင်း နိုင်ငံ လို့ ပြောင်းလဲခေါ်တွင်စေခဲ့ တယ်။
   အဲဒီနောက်ပိုင်း ဒီမိုကရေစီ အတုအယောင်သမားတွေနဲ့ စစ်တပ်အာဏာရှင်တွေကြားမှာ မကြာခဏဆိုသလို တိုက်ပွဲအကြိမ် ကြိမ် ဆင်နွှဲခဲ့ကြတယ်။ ဒါတွေရဲ့ အကျိုးဆက်ကတော့ ထိုင်းလူ့အဖွဲ့ အစည်းနဲ့ နိုင်ငံရေးအကြားမှာ အကွဲကွဲ အပြဲပြဲ ဖြစ် လာပြီး ပြန်လည်ပြုပြင်လို့ မရနိုင်တော့တဲ့အထိ ကြီးမားပြင်းထန်လာခဲ့တယ်။ ဒီအကွဲအပြဲကို ပေါင်းစည်းပေးနိုင် မယ့် ပုဂ္ဂိုလ် က လောလောဆယ် ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်မင်းမြတ် တစ်ပါးပဲ ရှိတော့တယ်။
    ဒီလိုအချိန်မှာ ဂလိုဘယ် ပထဝီနိုင်ငံရေး မဟာဗျူဟာတွေက အကြီးအကျယ် ပြောင်းလဲလာတယ်။ အရှေ့တောင်အာရှတစ်ခွင် တစ်ပြင်မှာ တရုတ်နဲ့အမေရိကန် ပြည်ထောင်စုတို့ အင်အားပြိုင်လာကြမယ့် အရိပ်အရောင်တွေတွေ့မြင်လာကြရတယ်။ အင်အား ကြီး နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့က ထိုင်းနိုင်ငံ ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်း နေကြတယ်။ ထိုင်းမျိုးချစ်တွေ ရဲ့ အမြင်မှာ ဒါဟာ ထိုင်းနိုင်ငံ အရှည်သဖြင့် တည်တံ့ရေးကို ခြိမ်း ခြောက်လျက်ရှိတယ်လို့ မြင်ကြ တယ်။
   မကြာသေးမီက ထိုင်းဝန် ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်ဟာ ထိုင်းနဲ့အမေရိကန် နှစ်နိုင်ငံအကြား လုံခြုံရေး ပူးပေါင်းဆောင် ရွက်ရေး အစီအမံတစ်ခုကို ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ တချို့ကတော့ ဒီအစီအမံကို ဝေ ဖန်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ ဘုရင်မင်းမြတ်ဟာ ရှေးအစဉ်အ လာအတိုင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ရော တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ပါ သီးသန့်တွေ့ဆုံခဲ့ပြီး ထိုင်းနဲ့ ပြည်ပ နိုင်ငံတွေရဲ့ ဆက်ဆံရေးကို အစွန်း မရောက်အောင် ဆောင်ကြဉ်းခဲ့ တယ်။
   လောလောဆယ် ထိုင်းဝန်ကြီးချုပ်ဟာ သူမတာဝန်ယူလာခဲ့ရတဲ့အချိန်ကစပြီး ပြည်တွင်းညီညွတ်ရေးအတွက် ဦးတည် ဆောင် ရွက်လျက်ရှိပေမယ့် တိုးတက်မှုတော့ သိပ်မရှိလှဘူး။ ဒါ ကြောင့်လည်း ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်တယ်။ စစ်တပ်က ၂ဝဝ၆ ခုနှစ်မှာ အာဏာသိမ်းပြီး ဝန်ကြီး ချုပ် သက်ဆင်ရှင်နာဝပ်ထရာကို ဖြုတ်ချခဲ့ပေမယ့် ရွေးကောက်ပွဲ ကျင်းပတိုင်းမှာ သက်ဆင်ကို ထောက်ခံတဲ့ ပါတီကပဲ အနိုင်ရခဲ့ တယ်။ အခု ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်က သက်ဆင်ရဲ့ နှမ အငယ်ဆုံး ဖြစ်တယ်။
   မစ္စရင်လတ်ရှင်နာဝပ် ဟာ ၂ဝ၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ အသက် ၄၄ နှစ် သာရှိသေးပြီး အိမ်ထောင်ရှင် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်တယ်။ ပြည်တွင်း ပြည် ပမှာ ပညာသင်ကြားခဲ့ဖူးတယ်။ သူမအနေနဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး လ အနည်းငယ်အကြာမှာ ထိုင်းနိုင်ငံ မှာ နှစ်ပေါင်း ၅ဝ အတွင်း အဆိုး ရွားဆုံး ရေလွှမ်းမှုနဲ့ ကြုံတွေ့ ခဲ့ရ ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။
    ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့ နေရချိန်မှာ အချို့က ဝန်ကြီးချုပ် ပြုတ်ကျသွားမှာပဲလို့ ထင်ခဲ့ကြ ပေမယ့် ဒီကနေ့အထိ ပြည်သူတွေ က ဝန်ကြီးချုပ်ကို ထောက်ခံအား ပေးနေကြဆဲ ဖြစ်တယ်။ အဓိက အချက်ကတော့ တောင်သူလယ် သမားတွေရဲ့ ထောက်ခံမှုကို ရနေ ဆဲဖြစ်တယ်။ ရေလွှမ်းမိုးခံလိုက်ရ တုန်းက လယ်မြေပျက်စီးမှုတွေ အတွက် အစိုးရက ထောက်ကူပေး ခဲ့တဲ့အပြင် ဒီနှစ်ဆန်စပါး ကို အစိုး ရအနေနဲ့ ဈေးနှုန်းတိုးမြှင့်ပေးပြီး ဝယ်ယူခဲ့တယ်။ ဒီတော့ လယ်သ မားတွေ ဝင်ငွေကောင်းခဲ့ကြတယ်။
   ဒါပေမယ့် အခြားတစ် ဖက်မှာ ထိုင်းဆန်ဈေးနှုန်း မြင့် တက်သွားတဲ့အတွက် နိုင်ငံခြား တင်ပို့ရောင်းချရမှု လျော့နည်းသွား တယ်။ ဒါကြောင့် ဆယ်စုနှစ် သုံးခု လောက် ဆန်စပါး တင်ပို့ရောင်းချ ရာမှာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးကနေ ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ဒီနှစ် ၂ဝ၁၂ ခုနှစ်မှာ နံပါတ်သုံးအဆင့် လျော့ ကျသွားခဲ့တယ်။
   လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပခဲ့ တဲ့ ထိုင်းရွေးကောက်ပွဲမှာ စစ်တပ် က ထောက်ကူပေးထားတဲ့ အဘီ ဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ဖူထိုင်းပါတီ Pheu Thai Party-PTP မှ ရင်လတ်ရှင်နာဝပ်ဟာ သြဂုတ် လ ၈ ရက်နေ့မှာ ထိုင်းဘုရင်မင်း မြတ်ရဲ့ အမိန့်တော်ကို ခံယူပြီး သြ ဂုတ်လ ၁ဝ ရက်နေ့မှာ အစိုးရဖွဲ့ခဲ့ တယ်။
   ဝန်ကြီးချုပ်ဖြစ်လာပြီး သုံးလတောင် မပြည့်တတ်သေးတဲ့ အချိန်မှာ ဘန်ကောက်မြို့အပါ အဝင် ထိုင်းနိုင်ငံတစ်ဝန်း ဧရာမ ရေလွှမ်း မိုးမှုကြီး ဖြစ်ပေါ်ခဲ့တယ်။ ရေလွှမ်းမိုးတာက လနဲ့ချီပြီး ကြာ မြင့်ခဲ့တဲ့အတွက် လယ်ယာအ မြောက်အမြား ပျက်စီးသွားတယ်။ ဘန်ကောက်မြို့ ပတ်ဝန်းကျင်က စက်မှုဇုန်ကြီးတွေလည်း ရေမြှုပ် ကုန်တယ်။ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနစ်နာခဲ့ ကြ တယ်။ ရင်လတ်ရှင်နာဝပ် အစိုးရ အဖွဲ့ဟာ ငွေကြေးအမြောက်အ မြား သုံးစွဲပြီး ဒီပြဿနာကို ကိုင် တွယ်ဖြေရှင်းခဲ့တယ်။
   ဒါတောင်မကသေဘူး။ ရင်လတ်ဟာ သူမ မဲဆွယ်စည်းရုံး ရေး ဆင်းခဲ့တုန်းက ပြည်သူတွေကို ပေးခဲ့တဲ့ ကတိကဝတ်တွေကိုလည်း တစ်ခုပြီးတစ်ခု အလျဉ်းသင့်သလို အကောင်အထည်ဖော်ခဲ့သေးတယ်။ သူမ ပေးခဲ့တဲ့ ကတိတွေကလည်း မနည်းဘူး။ ဥပမာအားဖြင့် အနိမ့် ဆုံး လုပ်ခကို တစ်နေ့ အမေရိ ကန်ဒေါ်လာ ၁ဝ ဒေါ်လာနဲ့ ညီမျှ တဲ့ ဘတ်ငွေအထိ တိုးမြှင့်ပေးသွား မယ်။ ဝန်ထမ်းလစာ ကို နှစ်ဆတိုးပေးမယ်။ ကော်ပိုရိတ်ခွန်ကို လျှော့ချမယ်။ ပြီးတော့ လယ်သမားတွေကိုပေးတဲ့ထောက်ပံ့ငွေကို နှစ်ဆ တိုးမြှင့်ပေး သွားမယ် စသည် စသည်ဖြင့်ပေါ့။
    ပြီးခဲ့တဲ့ နိုဝင်ဘာလကုန် ပိုင်းလောက်မှာ ဗဟိုလုပ်ခ ပြဋ္ဌာန်း ရေးကော်မတီ- Central Wage Committee က ထိုင်းနိုင်ငံတစ်ဝန်း အနိမ့်ဆုံး တစ်နေ့လုပ်ခ ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ထိုင်းဘတ်ငွေ ၃ဝဝ အထိ တိုးမြှင့် ပေးသွား မှာဖြစ်ကြောင်း ကြေညာ ခဲ့တယ်။ ဒီတိုးမြှင့်ပေးတဲ့ လုပ်ခကို နှစ်နှစ်ကာလအထိ ထိန်းသိမ်းထား မှာဖြစ်ကြောင်း အဲဒီကော်မတီက ထုတ်ပြန်တယ်။ ဒီစီမံချက်ကို လုပ်ခစား အလုပ်သမားတွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပေမယ့် လုပ်သားများများ အသုံးပြု လုပ် ကိုင်ကြရတဲ့ လုပ်ငန်းရှင်တွေက သဘောမကျကြဘူး။
   တချို့ လုပ်ငန်းရှင်တွေ ဆိုရင် လုပ်ခစရိတ် မြင့်တက်လာ လို့ လုပ်ငန်းအဆင်မပြေရင် လုပ် ခသက်သာတဲ့ အိမ်နီးချင်းနိုင်ငံ တွေ ကို ရွှေ့ပြောင်းရတော့မယ်လို့တောင် ပြောနေကြတယ်။ လုပ်ငန်း ရှင်အချို့က မြန်မာနိုင်ငံကို မျက်စိကျနေကြ တယ်။ မြန်မာနိုင်ငံ မှာက တစ်နေ့လုပ်ခ ဘတ် ၇၅ နဲ့ ဘတ် ၁၂ဝ အတွင်းမှာပဲ ရှိတယ်။ ဒါ ကြောင့် သူတို့ ကုန်စည်တွေကို မြန်မာပြည်မှာ ထုတ် လုပ်ပြီး နိုင်ငံခြားတင်ပို့ရောင်းချဖို့တောင် စိတ် ကူးထားကြတယ်။ ထိုင်းအစိုးရ အနေနဲ့ ရေလွှမ်းမိုးမှု မရှိရအောင် ကာကွယ်တဲ့ စီမံချက်တွေမှာ ငွေအများအပြား သုံးစွဲနေရတာရယ်၊ ပြီးတော့ နိုင်ငံခြား တင်ပို့ရောင်း ချမှု လျော့နည်းကျဆင်းသွားရတာ ရယ်စ တာတွေကြောင့် ၂ဝ၁၂ ခုနှစ် ဂျီဒီပီဟာ ၃.၈ ရာခိုင်နှုန်း လောက်ပဲ ရှိလိမ့်မယ်လို့ ပြင်ပ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက တွက်ချက် ခန့်မှန်းကြတယ်။
    ဒါပေမယ့် အစိုးရက ၂ဝ၁၂ ခုနှစ် ဂျီဒီပီဟာ ၅.၅ ရာ ခိုင်နှုန်း ရှိနိုင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၃ ဘီလီ ယံလောက် ရှိနိုင်ကြောင်း ခန့်မှန်း တယ်။ ၂ဝ၁၂ ခု နိုဝင်ဘာလ စာရင်းအရ အစိုးရလက်ဝယ်မှာ စုဆောင်းထားတဲ့ အရန်နိုင်ငံခြား ငွေဟာ အမေရိကန်ဒေါ်လာ ၁၈ဝ ဘီလီယံလောက် ရှိတယ်။ အလုပ် လက်မဲ့နှုန်းကလည်း ဝ.၇ ရာခိုင် နှုန်းလောက်ပဲ ရှိတယ်လို့ အစိုးရ က ဆိုတယ်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု- FDI ဟာ ၂ဝ၁၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံ ရှိခဲ့တယ်။ လာ မယ့် ၂ဝ၁၃ မှာတော့ ထိုင်းစီးပွား ရေး အလားအလာ ပိုကောင်းဖွယ် ရှိပေမယ့် ငွေဖောင်းပွမှုနှုန်း Inflation က မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းကြတယ်။

Ref : The Nation/ Bangkok Post.
မင်းရွှေမောင်

No comments: