ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းေ က်ာမတီ၏
နိုင်ငံတကာညီလာခံတရပ်ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်
နေ့စွဲ ၂၄ ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၂ ခုနှစ်
၁။ကျွန်ုပ်တို့သည် စစ်မှန်သောဒီမိုကရေစီနိုင်ငံရေး စနစ်မြန်မာနိုင်ငံတွင်ပေါ်ထွန်း လာစေရေး
ဦးတည်ချက်ကိုဖြောင့်ဖြောင့်မတ် မတ်ဆောင်ရွက်အကောင်
အထည်ဖော်နိုင်စေရန်
လက်ရှိနိုင်ရေးဖြစ်စဉ်အပေါ်သုံး သပ်ချက်နှင့် အောက်ပါဦးတည်ချက်(၂)ရပ်ကို၊ေ မလ၊(၉)ရက်၂၀၁၂ခုနှစ်ရက်စွဲဖြင့်
ထုတ်ပြန်
ကြေငြာခဲ့သလို၊ပြည်တွင်းရှိ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များထံ တရားဝင်တင်ပြသဘောထားတောင်းခံခဲ့ လေသည်။
တင်ပြခဲ့သည့်ဦးတည်ချက်(၂)ရပ်မှာ-
(၁) စစ်မှန်သောဒီမိုကရေစီနှင့် လူ့အခွင့်အရေးများပြန်လည်ရရှိေ ရးအတွက်
ပြည်တွင်း-ပြည်ပဒီမိုကရေစီအင်အားစုများပူးပေါင်းဆောင်ရွက်ရေး။
(၂) မြန်မာနိုင်ငံ၏ရှေ့အနာဂတ်နှင့် ပတ်သက်၍ ပြည်တွင်း-ပြည်ပအင်အားစုများ
မျက်နှာစုံညီတွေ့ဆုံဆွေးနွေးနို င်ရေး၊တို့ဖြစ်လေသည်။
၂။လက်ရှိနိုင်ငံရေးဖြစ်စဉ်ပြော င်းလဲနေမှုများကိုအခြေခံကာ၊
ဒီဇင်ဘာလ၊(၂၂)ရက်၂၀၁၂ခုနှစ် နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့်
ဒီမိုကရေစီအင်အားစုများ
ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းေ က်ာမတီအစည်းအဝေးတွင်"နိုင်ငံ တကာရောက် ၈၈ မျိုးဆက်များ၏
နိုင်ငံရေးနှီးနှောဖလှယ်ပွဲ"
ပြုလုပ်ရန်ဆုံးဖြတ်ကာ
ညီလာခံဖြစ်မြောက်ရေးကော်မတီတရပ် ကို ဖွဲ့စည်းခဲ့ကြပါသည်။ ထိုညီလာခံဖြစ်မြောက်ရေးကော်မတီ တွင်အခြား
၈၈ အင်အားစု
များတန်းတူရည်တူပါဝင်နိုင်ရေး အတွက်လည်းအမြဲလမ်းဖွင့်ထားသလို၊
လိုအပ်သည့်ဆက်သွယ်ညှိနှိုင်းဆော င်ရွက်မှုများကိုလည်းပြုလုပ်သွား မည်ဖြစ်
ပါသည်။
၃။သို့ဖြစ်ပါ၍
နိုင်ငံတကာရောက်၈၈ မျိုးဆက်များ၊ဒီမိုကရေစီအင်အား စုများ၊တိုင်းရင်းသားအင်အားစုများအားလုံး
"နိုင်ငံတကာရောက် ၈၈ မျိုးဆက်များ၏
နိုင်ငံရေးနှီးနှောဖလှယ်ပွဲ" ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကြပါရန်
တလေးတစားဖိတ်ကြားအပ်ပါသည်။
ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းေ က်ာမတီ
__._,_.___
No comments:
Post a Comment