Monday, July 22, 2013

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံငွေရတု အမှတ်တရ စာသင်ကျောင်းဆောင်တဆောင် ဆောက်ပေးလျှင် နတ်လူသာဓုခေါ်ကြပါလိမ့်မည်

 
 
တပါတီစနစ်ရဲ့ ဆိုးကျိုးတွေကြောင့် (၈)ရက် (၈)လ (၈၈)ခုနှစ်ကစခဲ့တဲ့  ပြည်သူ့အုံ့ကြွမှုတော်လှန်ရေးနေ့ကို (၂၅)နှစ်ပြည့်တဲ့ (၂၀၁၃ခုနှစ် သြဂတ်လ ၈-ရက်)နေ့မှာ အမှတ်တရငွေရတုအခမ်းအနား(၃)ရက်ကြာ ကျင်းပပြီး ပြောကြမဲ့ပွဲကျင်းပမယ်လို့ ဖတ်ရပါတယ်။
ဆွေးနွေးမဲ့ ခေါင်းစဉ်တွေက
(၁) အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
(၂)လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု
(၃) တိုင်းရင်းသား အရေးနှင့် အနာဂတ်ပြည်ထောင်စု
(၄) စစ်မှန်သော အမျိုးသား ပြန်လည် သင့်မြတ်ရေး
(၅) မြန်မာ့ နိုင်ငံရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ
(၆)တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ အချက်တွေကို ဆွေးနွေးမယ်ဆိုတာ
ဟစ်တိုင်မှာ ဖတ်ရတော့ ပြောစရာတွေ ဖြစ်လာပါတယ်။
ဒီတော့ ရှစ်လေးလုံး အရေးတော်ပုံကို ပြန်ကြည့်ရအောင်ပါ၊ ရှစ်လေးလုံးအောင်မြင်သလား၊ မအောင်မြင်ခဲ့ပါ၊ ထောင်ကျခဲ့သူတွေ နယ်စပ်ထွက်ပြေးတဲ့သူတွေ အများကြီးပါ။ ဦးနေ၀င်း ဦးစိန်လွင် ဦးမောင်မောင် သမ္မတ(၃)ဦးတက်တယ်။ ဦးမောင်မောင်က ဒီမိုကရေစီအကြောင်းနားလည်ပြီး (ပျော်ပျော်ပါးပါး အုတ်မြစ်ချကြအောင်)ပြောတာကို ဘရိတ်မအုတ်နိုင်တဲ့ တောင်အော် မြောက်အော်-အော်နေတဲ့သူတွေက အပိုင်ဘဲတွက်ပြီး ရမ်းအော်လို့ ဦးနေ၀င်းက (စောမောင် လူလေး)အာဏာသိမ်းလိုက်တော့ ပြောလိုက်တဲ့အခါ ဦးစောမောင်က အာဏာသိမ်းလိုက်တာဘဲ ဘာအောင်မြင်သလဲ။ ဒါပေမဲ့ (တပါတီ အာဏာ)-အာဏာချုပ်ကိုင်မှုကိုတော့ ကိုင်လှုပ်နိုင်တာကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒီတော့ စစ်အာဏာကို အမွေဆက်ခံမဲ့လူတွေ ပြည်သူဆန္ဒကို လွန်ဆန်လို့ မဖြစ်တော့ဘူးဆိုတာ နားလည်သွားကြတော့ ဦးသန်းရွှေအာဏာသိမ်းအစိုးရက လက်ယာဘက်ပြောင်းပြပြီး အာဏာကို အမာထည်နဲ့ မကိုင်ဘဲ အပျော့ထည်တွေနဲ့ ချုပ်ကိုင်ဖို့ အခြေခံဥပဒေကို အချိန်ယူရေးဆွဲထားတဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကို အတည်ပြုခိုင်းပြီး အုပ်ချုပ်နေပါပြီ။
ဒီတော့ ဆက်စပ်ပြောကြရရင်
ဆရာချစ်ဦးညို (Master)တက်ရောက်သင်ကြားနေတုန်းက သူတို့ကို တွေးခေါ်တတ်ဖို့ ဆရာက မေးခွန်းတခု မေးတယ်တဲ့။ ဒီမေးခွန်းက လူနှစ်ယောက်သာ စီးနိုင်တဲ့ကားကို မောင်းလာတဲ့အချိန် တနေနေရာမှာ ဆေးရုံးကို အချိန်မီပို့ရမဲ့ အဖွားအိုတယောက်ရယ်၊ သူကို အမြဲတန်းကူညီပေးနေတဲ့ သူငယ်ချင်းရယ်၊ နောက် သူ ချစ်ခွင့်ပန်နေတဲ့ မိန်းကလေးကို တပြိုင်တည်း တနေရာတည်းတွေ့တယ်ပေါ့၊ ဒီတော့ နှစ်ယောက်သာ စီးနိုင်တဲ့ ကားနဲ့ ဘယ်လို လုပ်မလဲမေးသတဲ့။ ဆရာမေးတဲ့ မေးခွန်းကို သူအရင် လက်ညိုးထောင် ဖြေသတဲ့၊ အများစုကတော့ ကားမောင်းတဲ့ စတီယာရင်ကိုင်တဲ့နေရာကနေပြီး သမားရိုးကျစဉ်းစားနေကြသတဲ့ (အသက်မီအောင် အဖွားကြီး ဆေးရုံမပို့ပေးနိုင်ရင် အများက တော်တော် အကျင်နာမဲ့တဲ့သူလို့ ပြောခံရမယ်၊ သူကို အမြဲကူညီနေတဲ့ သူငယ်ချင်းကို မကူညီရင် သူငယ်ချင်းက ငြိုငြင်မယ်၊ သူ ချစ်ခွင့်ပန်နေတဲ့ မိန်းကလေးကို မကူညီရင် မိန်းကလေးက စိတ်ကောက်ပြီး တသက်လုံးလွဲနိုင်တယ်ပေါ့။) သူကတော့ ကားအပြင်ထွက်ပြီး စဉ်းစားသတဲ့ ကားအပြင်ထွက်စဉ်းစားမှ အောင်မြင်မှုအလုံးစုံရသွားသတဲ့။ သူ့ရဲ့တွေးခေါ်ပုံက ကားပေါ်ကဆင်းပြီး သူငယ်ချင်းကို ကားသော့ပေးလိုက်ပြီး (သူငယ်ချင်း အဖွားကြီးကို အချိန်မီ ဆေးရုံပို့လိုက်ပါ ပြီးတော့ မင်းသွားလိုရာကို ငါ့ကားယူသွားပေါ့။ သူကတော့ သူ ချစ်ခွင့်ပန်ထားတဲ့ ကောင်မလေးကို ကူညီမယ်ပေါ့)လို့ တွေးတဲ့အကြောင်း ပြောပါတယ်။ ဒီလို သမားရိုးကျမဟုတ်ဘဲ အတွေးရဲလို့ (အလင်္ကာဒီပချစ်သူ)ကို ရေးဖွဲ့နိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
နောက် ဆရာကျော်ဝင်းကတော့
ခေတ်သစ်ပညာရေးမှာ (Create)ဖြစ်အောင် (Critical Thinking)လုပ်တတ်ဖို့ ပြောသွားပါတယ်။ (Learn)ကတော့ ရှင်းတယ်၊ သင်ယူတာဘဲ။ ဒီလောက်နဲ့ မပြီးဘဲ ရှိပြီးသီပြီးပညာတွေကို ခေတ်နဲ့ လျှော်ညီသေးရဲ့ဆိုတာကို ဇလုပ်တိုက်ကြည့်နိုင်ဖို့ (Anti Knowledge)ရဖို့ (Unlearning)လုပ်ရမယ်ဆိုတာ ပြောသွားပါတယ်။ ပညာရပ်အသစ်မွေးဖွားဖို့အတွက် (Anti Knowledge)နဲ့ ရှာတဲ့အခါ ရှိပြီးသိပြီးပညာတွေထက် ကျော်အောင် မလုပ်နိုင်ဘဲ ရှိပြီးသိပြီးပညာတွေထက် နိမ့်ကျနေရင် (အမှိုက်)ဘဲတဲ့၊ အရင် ရှိပြီးသိပြီးပညာတွေအတိုင်းထွက်လာရင် (Recycle)ဘဲတဲ့၊ ဘာမှ ထူးမခြားလာဘူးတဲ့။ (Unlearning)လုပ်ပြီး (Anti Knowledge)နဲ့ ရှိပြီးသိပြီးပညာတွေထက်သာတဲ့ ပညာရပ်တခုမွေးဖွားနိုင်မှ (Create)ဖြစ်တယ်လို့ ပြောပါတယ်။ ဒီတော့ တိုတိုပြောရရင် (Create)ဖြစ်ဖို့ (Critical Thinking)မရှိမဖြစ်လိုအပ်တယ်ဆိုတာ ပြနေတာဖြစ်ပါတယ်။ ဆရာချစ်ဦးညိုကလဲ ဒီပုံစံသဘောကိုဘဲ သူ့အတွေးအခေါ်နဲ့ ပြောသွားတာပါဘဲ။
ဒီတော့ သမားရိုးကျမတွေးဘဲ ကားပေါ်ကဆင်းတွေးသလို (Critical Thinking)နဲ့ ဇလုပ်တိုက်ကြည့်ရရင် (ရှစ်လေးလုံး (၂၅)နှစ်ပြည့် ငွေရတုအခန်းနားကို သိန်း(၈၀၀)လောက် အကုန်အကျခံပြီး ဘာကြောင့်လုပ်ကြပါသလဲ။ အပေါ်က အချက်(၆)ချက်ကို ဆွေးနွေးချင်လို့လား၊ ရှစ်လေးလုံး ပြည်သူ့အုံကြွမှု့ကြောင့် ထောက်ကျခဲ့သူတွေ ထွက်ပြေးသူတွေ ပြည်စုစည်းချင်လို့လား၊ ပါတီထောင်ချင်လို့လား၊ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် ပီပီပြင်ပြင်သွားစေချင်လို့လား၊ တိုင်းပြည်ကြွယ်ဝချမ်းသားစေဖို့လား၊ သမ္မလုပ်ဖို့နည်းလမ်းရှာတာလား၊ လားပေါင်းများစွာ မေးခွန်းတွေထွက်လာပါလိမ့်မယ်။
ဒီတော့ အချက်(၆)ချက်ကို ခြုံကြည့်ရလျှင် (၁-၂-၃-၄)အချက်တွေဟာ မေးခွန်းတခုထည်း ပြဿနာတခုထည်းပါ။ ဖြေရရင်လဲ အဖြေတခုထဲနဲ့ ဖြေလို့ ရနိုင်ပါတယ်။ ရှိပြီးသိပြီး ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ (ရိုးသားမှုနဲ့ ယုံကြည်မှု)ရှိကြဖို့လိုပါတယ်။ ဒီနှစ်ချက်မရရှိဘဲ ဘာမှမဖြစ်နိုင်ပါ။ မြန်မာနိုင်ငံသားတွေ ဘယ်လောက်ရိုးသားကြသလဲ မေးကြည့်ပါ၊ ဖြေကြည့်ပါ။ (၈၀%)လောက်က ရိုးသားမှုကို တန်ဘိုးထားရမှန်းကို မသိသေးတာ ကိုယ်လိုချင်တဲ့ အရာတခုကို ဘယ်လိုနည်းနဲ့ လိမ်ရမလဲ ခေါင်းထဲက စစဉ်းစာကြတာဘဲ။ ဒါကို သာတကပြောရရင် ဂျပန်မှာရောက်နေနဲ့ လူတွေ အကုန်လုံးနီးပါ နိုင်ငံရေးခုတုံးလုပ်ပြီး အဖွဲ့ထောင်စားနေတဲ့ လူလိမ်တွေချည့်ဘဲ နိုင်ငံရေးလုပ်ခဲ့လို့ ထွက်ပြေးလာတဲ့သူတွေ မဟုတ်ပါ အခွင့်အရေးတခုကို လိမ်ယူထားတဲ့ လူလိမ်တွေပါ။ ကျွန်တော်ရေးထားတဲ့ စာတွေ (ဟစ်တိုင်)(hittai.org)မှာ ရှာဖတ်ပါ။ အများကြီးရေးထားပြီးပါပြီ။ ဒီတော့ မြန်မာတွေရဲ့စိတ်ခံစားမှုတွေ တွေးခေါ်ပုံတွေ (Mind-set)တွေကို ပြင်မှ ရပါမည်။ ဒီလို (Mind-set)တွေ ပြင်နိုင်ဖို့ ဘယ်လောက်ကြာမနည်း မပြောနိုင်ပါ။ လူတွေရဲ့ မျိုးရိုးစဉ်ဆက် တွေးခေါ်ပုံတွေကို ပြင်နိုင်ဖို့ ရိုးသားကြရအောင် အရင်လုပ်ရပါမည်။
နံပါတ်(၅)အချက်ကတော့ အရှည်ကြီးဖြေရင် ရေးလို့ မကုန်နိုင်ပါ။ ဒီမိုကရေစီ လိုချင်ပါတယ်ဆိုတဲ့လူတွေ အုပ်ချုပ်တဲ့လူကို မကြည့်ဘဲ လိုချင်တာရရင် ပြီးပြီပေါ့။ ပြည်ပနိုင်ငံရောက်တဲ့ နိုင်ငံရေးသမားဆိုတာ ပြည်တွင်းမှာ နိုင်ငံရေးလုပ်ခဲ့လို့ ထောက်ကျဒဏ်မခံနိုင်လို့ ဘ၀ပျက်ဒဏ်မခံနိုင်လို့ ထွက်ပြေးလာမှ ဒီမိုကရေစီနိုင်ငံတွေက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးနေထိုင်ခွင့်ပေး ကူညီကြရတာပါ။ ဒါကို အခွင့်ကောင်းယူပြီး ပြည်ပထွက် အလုပ်လာလုပ်တဲ့လူတွေက နိုင်ငံရေးအခြေအနေပေါ် ဖတ်မှတ်ပြီး တောင်အော်မြောက်အော်လုပ် အရင်ရောက်တဲ့လူတွေက နောက်ရောက်လာတဲ့သူတွေကို အထောက်အထားအတုတွေနဲ့ ဒုက္ခသည်လိမ်လျှောက်ပေး နိုင်ငံရေးပါတီ ကျောင်းသားအဖွဲ့ လူမှုရေးအဖွဲ့ စတဲ့ပြည်တွင်းကအဖွဲ့အစည်းပေါင်းစုံရဲ့နာမည်တွေ အလွဲသုံးစားလုပ် အဖွဲ့ဖွဲ့ အဖွဲ့ထောင်စားနေတဲ့ လူလိမ်တွေလဲ ဆိုင်ပိုင် အိမ်ပိုင်တွေဖြစ်ကုန်ပါပြီ။ ပြည်တွင်းမှာ ဒီမိုကရေစီအော်လို့ရပြီဆိုတော့ ပြည်တွင်း ပြန်အော်လုပ်ကြဖို့ ဘယ်သူမှ မပြန်တော့ပါ။ ဒီတော့ လိမ်စားဖို့ နည်းလမ်းကုန် လမ်းဆုံးသွားပါပြီ။ ကျုပ်ကတော့ အန်တီဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေးပြီး (NLD)နာမည်အလွဲသုံးစားလုပ်ပြီး အဖွဲ့ထောင် ငွေရှာနေတဲ့အကြောင်းတွေရေးပြောလိုက်တော့ အန်တီက လူလိမ်တွေအကြောင်းသိသွားပြီး (NLD)နာမည်ကို အလွဲသုံးစားမလုပ်ဖို့ ခေါင်းဆောင်ပီပီ ပြတ်ပြတ်သားသား ပိတ်ပင်တားမြစ်လိုက်တာကို ဂျပန်အစိုးရကလဲ ဘာသာပြန်ကြည့်တာ သိသွားပါတယ်။ ကျုပ်ကတော့ လူလိမ်တွေကောက်ခံထားတဲ့ ငွေတွေကို တရားရုံးမှာ သူငယ်ချင်းရှေ့နေနဲ့ တရားစွဲဖြေရှင်းသွားမှာပါ။ ဦးဝင်းခက်ကို ငွေပေးထောက်ခံခိုင်းပြီး (NLD)နာမည်အလွဲသုံးစားလုပ်စားတဲ့ လူလိမ်တွေ ဒီမိုကရေစီရမှ ထောင်ကျမယ်ပြောပြီးသားပါ။
နောက် ကိုမိုးသီးဇုံကို ငွေပေးထောက်ခံခိုင်းထားတဲ့ (ရှစ်လုံးလေးအမည်ခံ) (ကျောင်းသားအမည်ခံ) (နိုင်ငံရေးပါတီအမည်ခံ)အဖွဲ့ထောင်စားတဲ့ သင်္ဘေသားလူလိမ်တွေလဲ ဂျပန်တွေကို ဆက်လိမ်နိုင်ဖို့ (၈၈၈၈)ငွေရတုအမှတ်တရပွဲကို တက်ဖို့ လိမ်ဖို့ သွားဖို့လုပ်နေပါပြီ။ ဒီလူလိမ်တွေက အဖွဲ့ထောင်ပြီး နောက်ရောက်လာတဲ့လူတွေကို နိုင်ငံရေးလုပ်ခဲ့လို့ ထွက်ပြေးလာရတဲ့သူတွေဖြစ်လာအောင် အထောက်အထားအတုတွေလုပ်ပြီး ရှေ့နေအပ်ပြီး အဖွဲ့ဝင်ကြေး လစဉ်ကြေး ခရီးထွက်ငွေရှာ ပျော်ပျော်ရွှင်ပွဲ လုပ်ငွေရှာပြီး၊ စားသောက်ဆိုင်တွေဖွင့် လိမ်စားနေတဲ့ လူလိမ်တွေပါ။ ဒီလူလိမ်တွေကို ရှစ်လေးလုံးအမှတ်တရပွဲလုပ်တဲ့ ခါင်းဆောင်တဲ့လူတွေက တိုင်ပြည်နဲ့ ပြည်သူ့မျက်နှာကိုကြည့်ပြီး အန်တီဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ပီပီ ပြတ်ပြတ်သားသား လုပ်မစားကြဖို့ဆုံးမလိုက်ဖို့ လိုပါတယ်။ ကျုပ်ပြန်လာရင်လဲ နိုင်ငံရေးဘမ်းပြပြီး ကောက်ခံထားတဲ့ ငွေကြေးတွေကို ပြည်သူတွေအတွက် တရားစွဲဖြေရှင်းမှာပါ။ ပြည်ပထွက် လိမ်စားနေတဲ့ လူလိမ်တွေရဲ့ အခန်းကဏ္ဍကတော့ ပြီးသွားပါပြီ။ ဒီလူလိမ်တွေကို ပြည်တွင်း ပြန်ခေါ်ပြီး အစစ်အမှန်နိုင်ငံရေးထဲပါအောင် လုပ်ပြကြစမ်းပါ။
ပြည်တွင်းက ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍကလဲ အချိုးအကွေ့အလည့်အပြောင်းရောက်နေပါပြီ။ (NLD)ကတော့ အစကထဲက နိုင်ငံရေးပါတီဖွဲ့ခဲ့တာဆိုတော့ အချိုးအကွေ့မှ အပြောင်းအလဲသိပ်မခံခဲ့ရပါ။ တောင်လှန်ရေးယောင်ယောင် လုပ်လို့မရတော့ပါ နိုင်ငံရေးပါတီအဖွဲ့ဘဲ ဖွဲ့ရမှာပါ ။ ဇာတ်ခုံပေါ် ရောက်ချင်ရင် ဇာတ်အဖွဲ့ အဖွဲ့ရသလို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ရောက်ချင်ရင် နိုင်ငံရေးပါတီဖွဲ့ရုံမှတပါး တခြားနည်းလမ်းမရှိနိုင်ပါ။ ပြည်သူ့အကျိုး လူမှုရေးလုပ်ငန်းတွေလုပ်ချင်လျှင် ကိုကျော်သူလို (ပရို)အဆင့်မီအောင် လုပ်နိုင်ဖို့ လိုပါလိမ့်မယ်။
နောက်ဆုံးနံပါတ်(၆)ကို ပြောရရင် ရိုးသားမှုရှိမှ တယောက်နဲ့ တယောက်ယုံကြည်လာပါမည်၊ ယုံကြည်လာမှ နိုင်ငံရေး စီးပွားရေး လူမှုရေး အာလုံးအားလုံးသော အလုပ်တွေ လုပ်လို့ရပါမည်။ အလုပ်လုပ်မှ နံပါတ်(၆)အချက်ဖြစ်ထွန်းလာပါမည်။ 
ဦးရွှေမန်းကတော့ ဒီမိုကရေစီကို နားလည်သည် နောက်ပြောင်းပြန် လှည့်မဲ့သူမဟုတ်ပါ။ ဒီတော့ သူနဲ့ သူ့မိသားစုအတွက် (Institution)တွေ တည်ဆောက်ပြီးသွားပါပြီ။ (Capitalism)သွားဖို့ ပြင်ဆင်ထားပြီးသွားပါပြီ။
ဒီမိုကရေစီဆိုတာ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု ကျင့်စဉ်တရပ်ပါ၊ ဒီတော့ ဒီမိုကရေစီကို ကျင့်သုံးမယ်ဆိုရင် လွတ်လပ်ခွင့်တွေကို တန်ဘိုးထားရပါမည်၊ ဒီလွတ်လပ်ခွင့်တွေထဲမှ စီပွားရေးလွတ်လပ်ခွင့်တွေပါတော့ (ဈေးကွက်စီးပွားရေး)ကို ကျင်သုံးရပါမည်။ ဈေးကွက်စီးပွားရေးရဲ့ နောက်မှာ (Capitalism)ရှိပါတယ်။ (Capital)သဘောအရ အရင်းများတဲ့သူက အရင်းနည်းတဲ့သူတွေကို ၀ါးမျိုသွားမှာ ဖြစ်ပါတယ်။ ဒီတော့ လွတ်လပ်ခွင့်တွေ ဈေးကွက်စီးပွားရေးတွေ ကြားထဲမှာ တိုင်းပြည်နဲ့ ပြည်သူတွေကို ကိုယ်ခံအားကောင်းအောင် အရင်တည်ဆောက်ရပါမယ်။ ပြည်ပအရင်းအနှီးတွေကို ဖိတ်ခေါ်မယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေက အားကောင်းဖို့ လိုပါတယ်။ ယှဉ်ပြိုင်နိုင်ဖို့ လိုပါသည်။
မြန်မာနိုင်ငံသားတွေရဲ့ မျိုးရိုးစဉ်ဆက် (Mind-set)တွေကို (Institution)တွေ များစွာဆောက်ပြီး (Intellectual Agenda)လုပ်ပေးပြီး (Mind-set)ကို ပြင်ကြရပေလိမ့်မည်။ (Mind-set)ကို မပြင်နိုင်ဘဲ ရှိပြီး ဖြစ်ပြီး (Mind-set)အတိုင်း (ရိုးသားမှုမရှိလို့ ယုံကြည်လို့မရ ယုံကြည်လို့မရလို့ အလုပ်ဆက်လုပ်လို့မရ အလုပ်ဆက်လုပ်လို့မရလို့ အငြ်းအခုန်ဖြစ် အငြင်းအခုန်ဖြစ်လို့ ရန်ဖြစ် ရန်ဖြစ်လို့ အုပ်စုကွဲ အုပ်စုကွဲလို့ လက်နက်ကိုင် လက်နက်ကိုင်လို့ စစ်တိုက် စစ်တိုက်လို့ စစ်အာဏာသိမ်း)ဆက်သွားနေလျှင် (၂၀၂၄)ခုနှစ်မှာ စစ်တပ်က စစ်အာဏာသိမ်းခြင်းကို ခံရနိုင်ပါသည်၊ (၂၀၂၅)ခုနှစ်မှာ အထွေအထွေရွေးကောက်ပွဲကရှိတော့ သီအိုရီအရ (၂၀၂၄)ခုနှစ်မှာ စစ်အာဏာသိမ်းနိုင်ပါတယ်။ ကျွန်တော့သီအိုရီအရ (လက်ယာ-လက်ဝဲ ၁၄ စစ်၁၀၀)ပါ။
လွတ်လပ်ရေးရပြီး လက်ယာစနစ်နဲ့ သွားကြည့်ပါတယ်။ (၁၉၄၈)မှ (၁၉၆၂)အထိ (၁၄)နှစ် ခံပါတယ်။ စစ်အာဏာသိမ်းသွားပါတယ်။ နောက် (၁၉၇၄)မှ (၁၉၈၈)အထိ လက်ဝဲစနစ်နဲ့ သွားကြည့်ပါတယ်။ (၁၄)နှစ် ခံပါတယ်။ စစ်အာဏာသိမ်းပြန်သိမ်းသွားပါတယ်။ ယခု ဒီမိုကရေစီဆိုပြီး (၂၀၁၀)ရွေးကောက်ပွဲလုပ် အာဏာကို ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်ဆိုပြီး အကုန်သွန်ချပြီး အပျော့ထည်တွေနဲ့ သွားနေပါပြီ၊ သီအိုရီအရ (၂၀၂၄)ခုနှစ်ဟာ အာဏာသိမ်းမဲ့ ခုနှစ်ဖြစ်ပါတယ်။ ဒီနှစ်ကို ကျော်လွှားနိုင်ဖို့ ရှိပြီး ဖြစ်ပြီး (Mind-set)တွေကို ယခုကထဲက ပြင်ကြဖို့ လိုအပ်နေပါပြီ၊ နောက်မကျသေးပါ။
နောက်ဆုံးနိဂုံးချုပ်ရလျှင်
ပြည်သူ့အုံကြွမှု မအောင်မြင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ(၂၅)နှစ်ပြည့်ငွေရတု အမှတ်တရအခမ်းအနားကို ပြည်ပထွက် အလုပ်လာလုပ်တဲ့လူတွေက နိုင်ငံရေးခုတုံးလုပ် အဖွဲ့ထောင်စား အရက်ဆိုင်(စားသောက်ဆိုင်)ဖွင့်စားနေတဲ့လူတွေ တက်ပြီး သ၀ဏ်လွှာလိုလို သ၀က်လွှာလိုလိုဖတ် ဓါတ်ပုံရိုက် ကိုယ်နေထိုင်တဲ့ နိုင်ငံပြန်လာ တခြားနိုင်ငံသားတွေကို (၈၈၈၈)နေ့မှာ ပါဝင်ခဲ့လို့ အခမ်းအနားတက်လာတယ်ဆိုပြီး ဓါတ်ပုံပြထပ်လိမ် အဖွဲ့ထောင်စား အရက်ဆိုင်(စားသောက်ဆိုင်)ဖွင့်စားမြဲစားနေမဲ့ လူလိမ်တွေအတွက် သိန်း(၈၀၀)လောက်အကုန်အခံ အမှတ်တရအခမ်းအနားကြီးမလုပ်ဘဲ (၈၈၈၈)ပြည်သူ့အုံကြွမှုမှာ ပါဝင်ခဲ့လို့ သေဆုံးကျဆုံးသူတွေကို ဘုန်းကြီးဆွမ်းကပ်အမျှအတန်း ပေးဝေပြီး အစစ်အမှန်ပါဝင်ပတ်သက်ခဲ့တဲ့လူတွေနဲ့ စာတန်းပြုစု လွတ်တော်တင် အစိုးရဆီပို့ ကုလပို့ နိုင်ငံရေးပါတီတွေပို့ တိုင်းရင်သားအဖွဲ့တွေဆီပို့ပြီး၊ ကျန်ငွေတွေကို တိုင်းပြည်အနာဂါတ် ကလေးလေးတွေအတွက် မရှိမဖြစ် စာသင်ကျောင်းဆောင်လေးတဆောင်အမှတ်တရ ဆောက်ပေးလိုက်ကြလျှင် မြန်မာတည်သရွေ့မမေ့ကြဘဲ နတ်လူသာဓုခေါ်ကြပါလိမ့်မည်။     ။
 

No comments: