------------------------------
ဆွေမျိုးပေါက်ဖေါ်ကြီးရဲ့ တုန်လှုပ်ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အနောက်တောင် (စနေ) အရပ်ယွန်းယွန်းဆီမှ အရှေ့မြောက် (တနင်္ဂနွေ) အရပ် တရုတ်ပြည်သို့ ထွက်ပေါက်ပြုကာ ရှည်လျားလွန်းလှသည့် ဓါတ်ငွေ့ပိုက် ကြီးသည် သွေးစုတ် မျှော့ကောင်ကြီးအလား အာရှ၌ အလှပဆုံးသော မြန်မာ့ပြည်နယ် တောင်တန်းအသွယ်သွယ်များကို ဒေါင့်ဖြတ်သတ်ထားကာ အညာမြေဖြစ်သော ပြည်ထောင်စု ဝမ်း ဗိုက်ကို ဖေါက်ကာ စတင်စီးဆင်းနေပါပြီ။ ပိုက်လှိုင်းများချရာ မြေနေရာတို့ကို လျော်ကြေးပေးရာ မြန်မာ့မြေဝယ်ယူကာ လုပ်ဆောင်ခြင်းကြောင့် နိုင်ငံနှင့်လူမျိုး၏ ဆုံးရှုံးမှု ဂုဏ်တန်ဖိုးက ကြီးမားလွန်းလှတာမို့ ကြေကွဲဝမ်းနည်းစရာ ကောင်းလှပါ တယ်။ မိမိနိုင်ငံနှင့် လူမျိုးကို ရန်သူမျိုးငါးပါး လက်နက်နှင့် ချိန်ရွယ်ထားသည့်ပမာအချိန်မရွေး
မြန်မာနှင့်တရုတ် ဆွေမျိုးပေါက်ဖေါ်ဆိုတဲ့ စည်းဖေါက်ခဲ့ပါလျှင် ဆည်ရေကာတာများ ရေလျှံကျိုးပေါက် ချိုးဖေါက်ခံဘဝနှင့် ရွှေဂတ်စ်မီးကြောင့် မြန်မာပြည်မီး ဟုန်းဟုန်းတောက်မည့် အရေးက နိုင်ငံနှင့်လူမျိုး ရေမျှောကမ်းတင်ဘဝ၊ အမိမဲ့သား၊ ရေနည်းငါးဘဝ ဆိုက်ရောက် လေမလား မတွေးဝံ့စရာ။ နိုင်ငံတကာမှ သဘာဝ အရင်းမြစ်များ စောင့်ကြည့်လေ့လာရေးဆိုင်ရာနှင်
ကုန်ခန်းသွားစေသော အခြေနေထိသို့ပင် ရှိကြောင်း ထောက်ပြထားလေရဲ့။တရုတ်ကနေပြီး မြန့်မာ့ သဘာဝဓါတ်ငွေ့များတွေကိုပြန်လည်သ
ယနေ့ကဲ့သို့သော မြန်မာသမိုင်းစဉ်တွင် သေရေးရှင်ရေး ဒီမိုကရေစီ အရေး လမ်းချိုးလေးသို့ ရောက်နေကြသည့် ကာလ၌ကို ပေါက်ဖေါ်တရုတ်နိုင်ငံက မြန်မာပြည်မှစီးပွားရေး၊ စစ်ရေး အရရှားပါး လှစွာသော အခွင့်အရေးကြီးများကို မြန်မာစစ်သူကြီး တို့၏ ကျေးဇူးတော်ဖြင့် ရရှိလျက်ရှိနေပါတယ်။ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ကျောက်ဖြူလေယာဉ်ကွင်းသစ် ဖောက်လုပ်ရေးရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင်မီးရထားလမ်းများကို တရုတ်ပြည်ရှိကူမင်းမြို့အထိ ဖောက်လုပ်ခွင့် ပေးထားပါသေးတယ်။
စစ်ရေးအရကြည့်ရင် တိုင်းတပါး စစ်သည်များအတွက် အရှေ့မြောက်မှ အနောက်သို့ ရွှေလမ်းငွေလမ်းဖေါက်ပေး ထားသကဲ့သို့ပင်…. အရှေ့မြောက်အရပ်တွင် လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ။ အနောက်ဘက်တွင်ကား လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန်္ဒိယနိုင်ငံနှင့် လူဦးရေသန်း (၂၀၀) နီးပါးရှိသည့် ဘင်္ဂလားဒေ့နိုင်ငံ တို့ရှိနေပါတယ်။ ထိုလူဦးရေ လွန်နိုင်ငံများကြားတွင် မြေဆီသြဇာကောင်းသော၊ သဘာဝသံယံဇာတကြွယ်ဝသော မြန်မာနိုင်ငံကြားညှပ် နေပါတယ်။ အနောက်ဘက်မှ ဝင်လာသူ များနှင့် အရှေ့မြောက်မှဝင်လာသူများ ကြောင့် မြန်မာနိုင်ငံ၏ရှေ့ကာလ လူမျိုးဆက်များမှာ ကုလားပေါက်ဖေါ်လေးများသာ ဖြစ်လာကြပြီး ရုတ်မြန်လား ကာပြားပေါက်ဖေါ်ကလေးများသည် နောင် တချိန်တွင် တရုတ်ပြည် (ဘေဂျင်း) ပီကင်းမြို့တော်ရှိတာ ယင်နန်မန်ဥယျာဉ်တော်ကြီးတွင် တရုတ် သစ္စာတော်ခံ စစ်သူကြီး သန်းရွှေ၏ ရုပ်ထုကို သွားရောက် ပန်းခွေချအလေးပြုကြရပေတော့မည်။
------------------------------
စာသား Credia : Zaw Wonn Maung
ကာတွန်းဟန်လေး၏ ကာတွန်းအား ... ငရဲသား ထပ် ကလိပါသည်...။
No comments:
Post a Comment