Monday, July 29, 2013

မြန်မာ့ပင်လယ်ပြင်တွင် မျောပါနေသည့် ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာအား အပ်နှံခဲ့သော မြန်မာရေလုပ်သားများကို ထိုင်းမှဂုဏ်ပြုမည်

မြန်မာ့ပင်လယ်ပြင်တွင် မျောပါနေသည့် ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာအား အပ်နှံခဲ့သော မြန်မာရေလုပ်သားများကို ထိုင်းမှဂုဏ်ပြုမည်

မြန်မာ့ ပင်လယ်ပြင် အတွင်း မျောပါ နေသည့် ထိုင်းနိုင်ငံမှ ပင်လယ်ပြင် ဂေဟစနစ် တိုင်းတာသည့် ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာအား ရှာဖွေ တွေ့ရှိပြီး တာဝန်ရှိသူများကို လာရောက် အပ်နှံ ပေးခဲ့သော မြန်မာ့ ငါးသယ်လှေမှ လှေသားများအား ထိုင်းနိုင်ငံမှ လာရောက် ဂုဏ်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်မှာ ကျွန်တော်တို့လှေ ဆိပ်ကမ်းကို ၀င်လာတဲ့အခါ အဲဒီ ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာကို ပင်လယ်ထဲမှာ တွေ့လာကြောင်း လှေသားတွေ ပြောတော့ ငါးဦးစီးကို ဆက်သွယ် အကြောင်းကြား ခဲ့တာပါ။ ငါးဦးစီး ညွှန်ချုပ်ကိုယ်တိုင် လာရောက် စစ်ဆေး အတည်ပြုသွားပြီး ထိုင်းသံရုံး ကနေ တဆင့်အကြောင်းပေး ထားပါတယ် . . . . .
ထိုင်းနိုင်ငံ၊ ရေပိုင်နက် အတွင်း ချထားသော ဆူနာမီနှင့် ပင်လယ်ပြင် ဂေဟစနစ်များ တိုင်းတာသည့် ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာမှာ ရာသီဥတု ဆိုးရွားမှုကြောင့် မျောပါ သွားကြောင်း သိရသည်။

အဆိုပါ ကိရိယာမှာ အက်ဒမန် ပင်လယ်ပြင် အတွင်းမှ မြန်မာ့ ရေပိုင်နက် အတွင်းသို့ မျှောပါလာ နေကြောင်း ထိုင်းနိုင်ငံမှ ဂြိုလ်တုက တစ်ဆင့် စောင့်ကြည့်ကာ ဆက်သွယ် အကြောင်းကြား ထားကြောင်း သိရသည်။ ဂြိုလ်တု ဆက်သွယ်ရေး ကိရိယာနှင့် အချက်အလက်များ စုဆောင်း ထားသည့် တန်ဖိုးမှာ ဒေါ်လာ သန်းချီတန်ကြောင်း တွေ့ရှိပါက ထိုက်ထိုက် တန်တန် ဂုဏ်ပြုမည် ဖြစ်ကြောင်း၊ ကူညီရှာဖွေပေး ပါရန် ထိုင်းနိုင်ငံမှ ဆက်သွယ် အကြောင်းကြား ထားကြောင်း သိရသည်။
"ဇူလိုင် ၁၇ ရက်တုန်းက ငါးဦးစီးက ရေလုပ်ငန်းရှင် တွေကို ခေါ်တွေ့ပြီး အကူအညီပေးဖို့ ပြောတယ်။ သက်ဆိုင်ရာ နယ်မြေ အလိုက် ငါးဖမ်းလှေတွေဆီ ကိုလည်း ဆက်သွယ် အကြောင်းကြား ထားပြီး အဲဒီဗော်ယာကို တွေ့ပါက လာရောက် အပ်နှံပေးဖို့ ပြောပါတယ်။ ဇူလိုင် ၁၉ ရက်မှာ ကျွန်တော် တို့လှေ ဆိပ်ကမ်းကို ၀င်လာတဲ့အခါ အဲဒီ ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာကို ပင်လယ်ထဲမှာ တွေ့လာကြောင်း လှေသားတွေ ပြောတော့ ငါးဦးစီးကို ဆက်သွယ် အကြောင်းကြား ခဲ့တာပါ။ ငါးဦးစီးညွှန်ချုပ် ကိုယ်တိုင် လာရောက် စစ်ဆေး အတည်ပြုသွားပြီး ထိုင်းသံရုံး ကနေ တဆင့် အကြောင်းပေး ထားပါတယ်" လို့ Looking Forward ကုမ္ပဏီမှ မန်နေဂျာဖြစ်သူ ဦးဇော်လွင်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာအား မြန်မာ့ငါးသယ်လှေ အောင်သူဇော် (၅၅၅) မှ မြန်မာနိုင်ငံ တောင်ပိုင်း၊ ကော့သောင်း ရေပြင်အပိုင် ကျွန်းမဲအနီးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး မြိတ်မြို့သို့ ဇူလိုင် ၁၉ ရက်တွင် သယ်ယူလာကြောင်း သိရသည်။ "ဇူလိုင် ၁၉ ရက်မှာ အဲဒီဂြိုလ်တု ကိရိယာက မြိတ်မြို့ ပထော်၊ ပထက်နားမှာ ရပ်တန့်နေတယ်လို့ ထိုင်းနိုင်ငံကနေ ဖက်စ်ဝင်လာပြီး သက်ဆိုင်ရာ ကုမ္ပဏီ အလိုက် လှေတွေမှာ ဆက်သွယ် မေးမြန်းကြည့်ရာမှ ကျွန်တော်တို့ ကုမ္ပဏီက လှေဆိပ်ကမ်းကိုရောက်နေပြီး လှေသားတွေက လာရောက် အပ်နှံတာပါ။ ထိုင်းနိုင်ငံက အဲဒီဂြိုဟ်တု ကိရိယာကို အခမ်းအနားနှင့် တကွ လာရောက် လက်ခံမှာဖြစ်ပြီး လာရောက် အပ်နှံပေးတဲ့ လှေသားတွေ ကိုလည်း ထိုက်ထိုက် တန်တန် ဂုဏ်ပြုမယ်လို့ ပြောပါတယ်" ဟု ဦးဇော်လွင်ဦးက ပြောကြား ခဲ့သည်။

Eleven Media Group

No comments: