Monday, July 29, 2013

အေးဓါးပြတိုက်ခံနေရတဲ့ မန်းမြို့ဆိပ်ကမ်း. . .


မန္တလေးရေဆိပ်မှ တရားဥပဒေမဲ့မှု့များ
******************************
**********
မန်းလေးဆိပ်ကမ်းမှာ
မရမ်းခြံဆိပ်ကမ်း ထင်းဝင်းဆိပ်ကမ်း ဂေါဝိန်ဆိပ်ကမ်း ဟူ၍
သင်္ဘော မော်တော်များ ကပ်ရာ ဆိပ်ကမ်းတွေရှိပါတယ်

အဲဒီဆိပ်ကမ်းတွေမှာ ဆိုင်ရာ နယ်မြေအလိုက်
အမှက်( ၅ ) ရေကင်း၊ အမှက် ( ၆ ) ရေကင်း
အစသဖြင့် ရဲစခန်းအလိုက် ရေကင်းရုံးတွေ ရှိပါတယ်
ဆိကမ်းလုံခြုံရေး အတွက်ပေါ့ဗျာ

ဒါပေမယ့် မော်တော်သမားများအတွက်ကတော့
ဥပဒေ ပြင်ပ ရောက်နေပါတယ်
ညအချိန်မိမိ မော်တော်ကို သူခိုးမကပ်နိုင်အောင်
တညလုံး မီးစက်နှိုးပီး အစောင့်နဲ့အိပ်ရပါတယ်

သို့သော်လည်း သူခိုးပေါ့ဗျာ
မိုးချုပ်လျင်
ဘယ်နေရာပေါ်လာမှန်း မသိတဲ့ သူခိုးတွေကအုပ်စုလိုက်
မီးလင်းနေတဲ့ မော်တော်ပေါ်တက်
လိုချင်တာ အကုန်ယူ
အစောင့်တွေကလည်း သူတို့ယူနေကိုတွေ့လျက်နဲ့
မအော်ရဲ
ဒီအတိုင်းဘဲ ကြည့်နေရတာပေါ့

သူခိုးလက်ထဲမှာက ဓား ၊ လေးခွ အစရှိသဖြင့်
လက်နက်မျိုးစုံ နဲ့ပေါ့
အော်ပြန်ရင်ရင်လည်း ရန်ပြု
ဒီတော့ သူတို့ပြုသမျှ ဒီအတိုင်းဘဲ
ကြည့်နေရတော့တာပေါ့

ရဲစခန်းကိုလည်းမတိုင်ရဲ
လုံလောက်တဲ့ ကာကွယ်မှု့ကိုလည်းမပေးနိုင်

တန်ဖိုးကြီးပစ္စည်းများ ပါသွားလျှင်တော့
သူခို့များရှိတဲ့နေရာကို သွားပီး
ပစ္စည်းတန်ဖိုးရဲ့ တဝက်ကြေးကို ပေးပီး
ပြန်ရွေးရပါတယ်
ရဲစခန်းသွားတိုင်တော့လည်း အဲဒီလို တဝက်ကြေးပေးပီး
ပြန်ရွေးရတဲ့အပြင် ရဲကြေးပါ ပိုပေးရပြီး
သူခိုးများရဲ့ အငြိုးတေးထားခြင်းလည်း ခံရသေး

ဒီလိုဖြစ်ရပ်တွေမှာ ရဲများနှင့် သူခိုးများ
ပူးပေါင်း၍ လုပ်စားနေခြင်းလော

အာ့တာက ဘယ်လိုဥပဒေပါလည်းဗျာ
ကိုလှရွှေတို့ရေး ပြောပေးကြပါအုန်းဗျ ။

No comments: