Monday, July 29, 2013

ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ

Photo
ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ
2013-07-28

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဇူလိုင် ၁၉ ရက်နေ့က ယူဆောင်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ ပါဠိလက်ရေးမူစာအုပ်ပြန်ရရှိရေးအတွက် တောင်းဆိုချက် ၅ ချက်ပါ စာရွက်များဖြန့်ဝေခဲ့တယ်ဆိုပြီး ရေနံချောင်းမြို့ အထက (၁) က ကျောင်းသား (၄) ဦးကို မနေ့က မြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်နဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူထွန်းတို့က ညနေကျောင်းဆင်းချိန်မှာ ခေါ်ယူပြီးစစ်ဆေးမေးမြန်းကာ ည (၈) နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီကျောင်းသားတွေကို အာဏာပိုင်တွေက ကျောင်းတက်ခွင့် ယာယီရပ်နားလိုက်ကြောင်း မြို့ခံဦးမြင့်ဝေက အာဖက်အေကို ပြောပါတယ်။

ကျောင်းသားမိဘများကိုပါ ခေါ်ယူပြောဆိုပြီး နောက်နောင်မှာ အခုလိုမပြုလုပ်ရန် ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းကြောင်းနဲ့ အဲဒီကျောင်းသား ၄ ဦးကို သြဂုတ် ၉ ရက်နေ့ကျမှ ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။

No comments: