July 31, 2012 at 1:30pm
* အစဉ်အလာကောင်း ရှင်လူအပေါင်းတို့
စုပေါင်းခြွေပစ် သမိုင်းညစ်
ပြုပြောင်းဖွေလှစ် သမိုင်းသစ်
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်။
* ကျောင်းသားဆိုတာ
ဘာသာလူမျိုး ကောင်းအောင်ကျိုး၍
ကောင်းကျိုးပြုခဲ့သူတွေပါ။
* ပညာဖွေရှာ အမြင်လာတော့
တစ်ပါတီလွှမ်းမိုး စနစ်ဆိုးကို
ကြောင်းကျိုးတင်ပြ တောင်းဆိုကြပြီ
ဒီမိုကရေစီ ရရှိရေး
သေဆုံးသူများအတွက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်ရေး
အဖမ်းခံသူပြန်လွှတ်ရေး
ကျောင်းသား သမဂ္ဂဖွဲ့စည်းရေး
သမဂ္ဂအဆောက်အဦ ပြန်ဆောက်ပေး ။
* သူတို့တောင်းတာ ရသင့်ပါတယ်
သူတို့တောင်းတာ ပေးသင့်ပါတယ်။
* အာဏာယစ်မူး စစ်ဘီလူးတို့
ရူးမူးနှိပ်စက် ပစ်ခတ်ချက်ကြောင့်
ရပိုင်ခွင့်တောင်း ကျောင်းသားအပေါင်းတို့
အလောင်းမြေကြီး သွေးချောင်းစီးတော့
ရှိုက်ညည်းပြည်သူ ငိုရ ပြီ။
* နှစ်ဆယ့်ခြောက်နှစ် သမိုင်းညစ်ခဲ့
ဖြစ်တဲ့ပြဿနာ အရာရာမှာ
ညှာတာမဲ့ကင်း အာဏာတင်း၍
လူချင်းသတ်ဖြတ် အလွမ်းဇာတ်ကို
မပြတ်ခင်းကြ က ပြကြပြီ။
* ပါတီဦးဆောင် ပေါကြောင်ကြောင်တို့
ခွေးကောင်လိုမိုက် ထွက်ကိုက်ကြတော့
မြန်မာ့တိုင်ပြည် သွေးညှီနံ့လွှမ်း
ယမ်းနံ့မီးခိုး ဖြန့်လွှမ်းမိုး၍
လူရိုးတောင်လို ပုံခဲ့ပြီ။
* လွန်စွာရိုင်းစိုင်း သည်သမိုင်းကို
သည်တိုင်းကြည့်နေကြမှာလား ။
* သည်အတိုင်းသာ ကြည့်နေပါလျှင်
လွန်စွာ ရိုင်းစိုင်း ဘ၀ပိုင်းနဲ့
သမိုင်းကြွေး ဒို့မှာ တင်မှာပေါ့။
* ခေါင်းလောင်သံတိတ် ကျောင်းတံခါးပိတ်ဟေ့
အတိတ်ကကောင်း သမိုင်းကြောင်းကို
စုပေါင်းရေးလျက် ခရီးဆက်မယ်
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်။
(ရှစ်လေးလုံး အရေးတော်ပုံမှာ ဆရာတော်ဦးက၀ိန္ဒ ကိုယ်တိုင် ရေးသားရွတ်ဆိုခဲ့သော ကဗျာဖြစ်ပါသည်။ )
စုပေါင်းခြွေပစ် သမိုင်းညစ်
ပြုပြောင်းဖွေလှစ် သမိုင်းသစ်
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်။
* ကျောင်းသားဆိုတာ
ဘာသာလူမျိုး ကောင်းအောင်ကျိုး၍
ကောင်းကျိုးပြုခဲ့သူတွေပါ။
* ပညာဖွေရှာ အမြင်လာတော့
တစ်ပါတီလွှမ်းမိုး စနစ်ဆိုးကို
ကြောင်းကျိုးတင်ပြ တောင်းဆိုကြပြီ
ဒီမိုကရေစီ ရရှိရေး
သေဆုံးသူများအတွက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်ရေး
အဖမ်းခံသူပြန်လွှတ်ရေး
ကျောင်းသား သမဂ္ဂဖွဲ့စည်းရေး
သမဂ္ဂအဆောက်အဦ ပြန်ဆောက်ပေး ။
* သူတို့တောင်းတာ ရသင့်ပါတယ်
သူတို့တောင်းတာ ပေးသင့်ပါတယ်။
* အာဏာယစ်မူး စစ်ဘီလူးတို့
ရူးမူးနှိပ်စက် ပစ်ခတ်ချက်ကြောင့်
ရပိုင်ခွင့်တောင်း ကျောင်းသားအပေါင်းတို့
အလောင်းမြေကြီး သွေးချောင်းစီးတော့
ရှိုက်ညည်းပြည်သူ ငိုရ ပြီ။
* နှစ်ဆယ့်ခြောက်နှစ် သမိုင်းညစ်ခဲ့
ဖြစ်တဲ့ပြဿနာ အရာရာမှာ
ညှာတာမဲ့ကင်း အာဏာတင်း၍
လူချင်းသတ်ဖြတ် အလွမ်းဇာတ်ကို
မပြတ်ခင်းကြ က ပြကြပြီ။
* ပါတီဦးဆောင် ပေါကြောင်ကြောင်တို့
ခွေးကောင်လိုမိုက် ထွက်ကိုက်ကြတော့
မြန်မာ့တိုင်ပြည် သွေးညှီနံ့လွှမ်း
ယမ်းနံ့မီးခိုး ဖြန့်လွှမ်းမိုး၍
လူရိုးတောင်လို ပုံခဲ့ပြီ။
* လွန်စွာရိုင်းစိုင်း သည်သမိုင်းကို
သည်တိုင်းကြည့်နေကြမှာလား ။
* သည်အတိုင်းသာ ကြည့်နေပါလျှင်
လွန်စွာ ရိုင်းစိုင်း ဘ၀ပိုင်းနဲ့
သမိုင်းကြွေး ဒို့မှာ တင်မှာပေါ့။
* ခေါင်းလောင်သံတိတ် ကျောင်းတံခါးပိတ်ဟေ့
အတိတ်ကကောင်း သမိုင်းကြောင်းကို
စုပေါင်းရေးလျက် ခရီးဆက်မယ်
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်။
(ရှစ်လေးလုံး အရေးတော်ပုံမှာ ဆရာတော်ဦးက၀ိန္ဒ ကိုယ်တိုင် ရေးသားရွတ်ဆိုခဲ့သော ကဗျာဖြစ်ပါသည်။ )
No comments:
Post a Comment