ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းဟာ မျိုးဗီဇ
စစ်ဆေးနိုင်တဲ့ အမေရိကန်နိုင်ငံလုပ် DNA စစ်ဆေးတဲ့ စက်၂ လုံး
ဝယ်ယူထားခဲ့ပြီ ဖြစ်ပြီး သုတေသန လုပ်ငန်းအပြင် မှုခင်း စုံစမ်းထောက်လှမ်းခြင်းနဲ့ တရားခံ ဖော်ထုတ်ခြင်းတွေမှာလည်း
အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ
ဌာနက ဒေါက်တာနေ၀င်းက ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန် BioMed Myanmar ရုံးခန်းမှာ ကျင်းပတဲ့ အဲဒီ
DNA စစ်ဆေးတဲ့ စက် မိတ်ဆက်ပွဲ အခမ်းအနားမှာ သတင်းထောက်တွေကို သူက အဲလို
ပြောလိုက်တာပါ။ ဆဌမ အကြိမ်
အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး ကျင်းပစဉ် တုန်းက
မှုခင်းဖြစ်ရပ်တွေနဲ့ ပါတ်သက်ပြီး ဒီအင်န်အေ စစ်ဆေးချက် ရယူ ဖော်ထုတ်တာ
ရှိမရှိ အမတ်တစ်ယောက်က မေးတာကို ကျန်းမာရေးဝန်ကြီးဌာနက သူတို့မှာ
စက်ရှိနေပေမယ့် DNA တွေ့ရှိချက်ကို သက်သေခံ အဖြစ် လက်ခံဖို့ တရားဥပဒေ
ဆိုင်ရာဘက်က ပြင်ဆင်ရဦးမယ် ဆိုတဲ့ အကြောင်း ဖြေကြားခဲ့ဖူးပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းဟာ မျိုးဗီဇ
စစ်ဆေးနိုင်တဲ့ အမေရိကန်နိုင်ငံလုပ် DNA စစ်ဆေးတဲ့ စက်၂ လုံး
ဝယ်ယူထားခဲ့ပြီ ဖြစ်ပြီး သုတေသန လုပ်ငန်းအပြင် မှုခင်း စုံစမ်းထောက်လှမ်းခြင်းနဲ့ တရားခံ ဖော်ထုတ်ခြင်းတွေမှာလည်း
အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ
ဌာနက ဒေါက်တာနေ၀င်းက ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန် BioMed Myanmar ရုံးခန်းမှာ ကျင်းပတဲ့ အဲဒီ DNA စစ်ဆေးတဲ့ စက် မိတ်ဆက်ပွဲ အခမ်းအနားမှာ သတင်းထောက်တွေကို သူက အဲလို ပြောလိုက်တာပါ။ ဆဌမ အကြိမ်
အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး ကျင်းပစဉ် တုန်းက
မှုခင်းဖြစ်ရပ်တွေနဲ့ ပါတ်သက်ပြီး ဒီအင်န်အေ စစ်ဆေးချက် ရယူ ဖော်ထုတ်တာ ရှိမရှိ အမတ်တစ်ယောက်က မေးတာကို ကျန်းမာရေးဝန်ကြီးဌာနက သူတို့မှာ စက်ရှိနေပေမယ့် DNA တွေ့ရှိချက်ကို သက်သေခံ အဖြစ် လက်ခံဖို့ တရားဥပဒေ ဆိုင်ရာဘက်က ပြင်ဆင်ရဦးမယ် ဆိုတဲ့ အကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

No comments:
Post a Comment