မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်
Friday, July 26, 2013
အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက
ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက
သုံးသပ်ပြောကြားလိုက်ပါသည်။
ယခင်
စစ်တမ်းများအရ အမျိုးသမီးများသည် အကြမ်းဖက်ခံရမှု၏ သားကောင်များ အများဆုံး
ဖြစ်လေ့ ရှိသော်လည်း ယခုအခါတွင် အမျိုးသားများက ပိုများပြားလာနိုင်ကြောင်း
ထပ်မံကောက်ယူထားသည့် စစ်တမ်းများက ဖော်ပြကြသည်။
“အိမ်တွင်း
အကြမ်းဖက်မှုဆိုတာ ယေဘုယျ သဘောဆန်ပါတယ်။ လိင်ခွဲခြားမထားပါဘူး။ နေရာတိုင်း၊
လူတိုင်းမှာ ဖြစ်နိုင်ပါတယ်” ဟု မျှော်လင့်ချက် ဆိပ်ကမ်းဟူသည့်
အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး
လင်းဆေးရီးစ်က ပြောသည်။
အမေရိကန်နိုင်ငံ ၂၀၀၅ ရောဂါထိန်းချုပ်ရေးဌာနက
ထုတ်ပြန်သည်မှာ အမေရိကန် အမျိုးသားကိုး ယောက်တွင် တစ်ယောက်သည်
အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရသည်ဟု ဆိုသည်။
အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်တစ်ခုတွင် အတူနေချစ်သူခြင်းကတောက်ကစဖြစ်ကြရာ ၂၃ နှစ်အရွယ် ယောက်ျားလေးသည် မိန်းကလေး၏ ထိုးကြိတ်မှုကြောင့် ဒါဏ်ရာရရှိသွားခဲ့ပြီး ထွက်ပြေးခဲ့ရသည်။
အကြမ်းဖက်ခံရသူ အမျိုးသားသည် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားပြီး
ဦးခေါင်းနှင့် ခြေထောက် များတွင်လည်း အတွင်းဒဏ်ရာများ ရရှိသွားခဲ့သည်ဟု
ရဲဌာနက ပြောဆိုသည်။ ထို့ပြင် ဆေးရုံသို့ အချိန်မီရုံရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အိမ်တွင်း အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ လျော့နည်းလာတယ်လို့တော့ ဆိုကြတာပဲ” ဟု ရီးစ်က ဆိုသည်။
ထို့ပြင် အမျိုးသားများသည် အမျိုးသမီးများ၏ အကြမ်းဖက်ခံရခြင်းကို
ရှက်ရွံ့သဖြင့် ထုတ်ဖော်ပြောလေ့ မရှိဟု စစ်တမ်များက ဆိုသည်။ အမှန်တကယ်
တရားရုံးတွင် ရင်ဆိုင်လာရသောအခါတွင်လည်း တရား လိုဘက်က သံသယဖြစ်ဖွယ်
မေးခွန်းများမေးခံရလေ့ရှိပြီး အောင်မြင်မှုမရှိဟု ဆိုသည်။
မြတ်ကျော်သူ
မဇ္ဈိမ
No comments:
Post a Comment