မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
၂၀၂၅ ခုနှစ် ကျောက်ဖြူ
Pa Yit ------------------------
၂၀၂၅........
ကျောက်ဖြူကမ်းရိုးတမ်းဒေသတွင်ဖြစ်သည်..
ပင်လယ်ကူးသင်္ဘောံကြီးများ..
ဆိပ်ခံအဆောက်အဦးများ..ရုံးဌာနများ..၊
ခေတ်မီလှပသော အထပ်မြင့်အဆောက်အဦးများ..
ကွန်ဒိုအပါ့တ်မင့်များ.
အထပ်မြင့်ရှောပင်းမောလ်များ။
စားသောက်ဆိုင်ကြီးများ..
ကာစီနိုဝိုင်းများ..
ဟိုတယ်ကြီးများသည်..
အနောက်ဘက်ခြမ်းရှိ ညီညာစွာသွယ်ဆင်းသွားသော..
ကျောက်ဖြူရေနက်ဆိပ်ကမ်း နှင့်..ကျောက်ဖြူကမ်းရိုးတမ်းအလှကို..
ပိုမိုလှပစေရန်ပံ့ပို့ပေးလျှက်ရှိသည်..၊
အရှေ့ဘက်မှ အရှေ့မြောက်ဘက်အထိ ..
သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင်..
ရခိုင်ပြည်နယ်၊မကွေးတိုင်း၊
မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊နှင့်ကချင်ပြည်နယ်
များကိုဖြတ်သန်းကာ တရုတ်ပြည်ကူမင်းမြို့အထိရောက်ရှိသည့်.
ကျောက်ဖြူ-ကူမင်းအမြန်လမ်းမကြီးနှင့်..၊အမြန်ရထားလမ်းမကြီးများကို..
အထပ်မြင့်တိုက်ပေါ်မှကြည့်လျှင်..လှပစွာတွေ့ရှိရပါသည်..
ကျောက်ဖြူကမ်းလွန်ပင်လယ်ပြင်အတွင်းရှိ ..
လှပသော ကျွန်းများတွင်လည်း..
ကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးများ.
တည်ဆောက်ထားသည်ကို
တွေ့ရှိရပါသည်...၊
----------------
သို့သော်..
ပင်လယ်ကူးသင်္ဘောံကြီးများ.၊
ဆိပ်ခံအဆောက်အဦးများနှင့်ရုံးဌာနများသည်..
Five Star အလံများထောင်ထားသော်လည်း..
မြန်မာ့ကြယ်ငါးပွင့် အလံများမဟုတ်ပဲ..
ကြယ်ငါးပွင့်ပါ..တရုတ်အလံများဖြစ်နေပါသည်..၊
ကွန်ဒိုအပါ့တ်မင့်များ.
အထပ်မြင့်ရှောပင်းမောလ်များ။
စားသောက်ဆိုင်ကြီးများ..
ကာစီနိုဝိုင်းများ..
ဟိုတယ်ကြီးများသည်..
တိုင်းရင်းသားပိုင်များမဟုတ်ပဲ..
တိုင်းရင်းသားနာမည်ခံ.. မြန်မာနှင့်ရခိုင်စကား
မပြောတတ်သော..တရုတ်လူမျိုးပိုင် များဖြစ်နေပါသည်..၊
တိုင်းရင်းသားဒေသခံများကို..ဖုတ်လေသည့်ငါးပိ..
ရှိသည်ဟုပင်..မထင်..၊
တိုင်းရင်းသားအချို့မှာ ငါးပိ၊ငါးခြောက်၊ငနီတူခြောက်၊
ရခိုင်ငါးမုန့်၊ ရခိုင်မုန့်တီစသော.
ဒေသအစားအစာရောင်းချခြင်းကို
တတ်နိုင်သမျှပြုလုပ်ကြသော်လည်း..
တရုတ်လူမျိုးများပိုင်စားသောက်ဆိုင်များကသာ
ဝါးမျိုထားကြပေသည်.၊
ဒေသခံများမှာလည်း.ထိုလုပ်ငန်းများတွင်
ရရာအလုပ်ဝင်ရောက်လုပ်ကိုင်ကြရပေသည်၊
ကျောက်ဖြူ-ကူမင်းအမြန်လမ်းမကြီးနှင့် အမြန်ရထားလမ်းမကြီးများသည်.
မြန်မာနိုင်ငံပြည်သူများအတွက်အဓိကမဟုတ်ပဲ..တရုတ်လူမျိုးများ၏
စီးပွားရေးကုန်စည်များသယ်ယူပို့ဆောင်ရန်သာအဓိကဖြစ်ပြီး..
ဖြတ်သန်းသွားရသောလမ်းဘေးဝဲယာရှိ ဒေသများအား..
တရုတ်လူမျိုးများမှ အခြေချဝါးမျိုထားပြီး..၊
တရုတ်တို့၏ ကားများ..ရထားများရပ်နားစဉ်..
လိုအပ်သောစားသောက်ဆိုင်များ၊ ဘားများ၊ကလပ်များ၊
တည်းခိုခန်းများ..တို့၏၀န်ဆောင်မှုများ..အတွက်..
မြန်မာလူမျိုးများသည်..ရရာအလုပ်များ ၀င်ရောက်လုပ်ကိုင်ကြရပါသည်.။
အမျိုးကောင်းသားသမီးများရေတိမ်နစ်ကြရသည်..၊
တရုတ်စီးပွားရေးသမားများ၊ကုန်သည်များ၊
ကုန်ကြမ်းလာရှာသူများ၊တရုတ်သင်္ဘောံသားများ၊
တရုတ်ခရီးသည်များ၊ တရုတ်အပန်းဖြေသူများ၊
သူတို့သမီးလိုအပ်သူများ..၊
တရုတ်လေ့လာသူများအတွက်..မူ
ကျောက်ဖြူဒေသအပါအ၀င်..လမ်းတစ်လျှောက်ရှိမြို့များသည်..
တကယ့်ကို....မုတ်ဆိတ်ပျားစွဲစရာဖြစ်နေပေသည်.၊
---------------------------
အဲဒီတော့ ..
ကျွန်တော်တို့ တိုင်းရင်းသားများအနေဖြင့်..
သတိထားရမည်က..
တရုတ်သည်..မောင်တောနယ်စပ်ဘင်္ဂံလီတွေလို..တဖြည်းဖြည်းချင်း.
လှိုက်စားနေရာယူသည့် အမျိုးမဟုတ်ပါ..
ဘင်္ဂံလီသည်..
သိသာထင်ရှားသော..ကြီးမားသည့်အင်အားမရှိပါ..
ဝိတ်..မရှိပါ..၊ ငွေအင်အားထင်သလောက်မရှိပါ..၊
တရုတ်သည်..၊
ဝိတ်ဖြင့်ဖိပြီး...အရှိန်အဟုန်ဖြင့် ၀င်ဆောင့်ကာ..
ငွေအား..လူအားသုံးလျှက်..
မည်သူ့မျက်နှာမှမငဲ့ပဲ..အချိန်တိုအတွင်း ပျံ့နှံ့ပေါက်ကွဲနိုင်သော
အင်အားရှိပေသည်..၊
မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်လို မြို့ကိုတောင်...
အချိန်မကြာသောကာလအတွင်း ၀ါးမျိုနေနိုင်သည်ကို..ကြည့်ပါလေ..၊
ဒါတောင်...တရားမ၀င်..မသိမသာ..စိမ့်ဝင်ဝါးမျိုတာပဲရှိသေးသည်..
နယ်စပ်မှ ကားလမ်းရော..ရထားလမ်းရော..
ဆိပ်ကမ်းကသင်္ဘောံများနှင့်ပါ..ဖြောင့်ဖြူးစွာဖြင့်..၊
တရားဝင်..ပေါ်တင်ကျစွာ....
ဝင်ရောက်လာမည်ဆိုပါက..
ကျွန်တော်...မတွေးရဲတော့ပါ..၊
ကိုယ့်ဘာ့သာကိုယ်ပဲတွေးကြပါတော့..
မျိုးချစ်များတို့ရေ..၊
No comments:
Post a Comment