လက်ပံတောင်းသပိတ်စခန်းအကြမ်းဖက်
ဇူလိုင် ၂၉၊ ရန်ကုန်
လက်ပံတောင်းတောင်ကြေး နီစီမံကိန်းအား ကန့်ကွက်ဆန်္ဒပြ ခဲ့ကြသော ဒေသခံများနှင့်သံဃာ တော်များအား ၂၀၁၂ခုနှစ်၊နိုဝင် ဘာ ၂၉ရက်နေ့က၉ မီးလောင် ဗုံးဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ယနေ့တွင် ရှစ်လပြည့်မြောက်ခဲ့ ပြီဖြစ်သော်လည်း အကြမ်းဖက် ဖြိုခွင်းခဲ့သူများအား တာဝန်ရှိသူ များက ဖော်ထုတ်ပေးမှုမရှိသေး သောကြောင့် Generation Youths မှ ကိုတင်ထွဋ်ပိုင်က တစ်ကိုယ်တော်ဆန်္ဒထုတ်ဖော်မှု တစ်ရပ်ကို ယနေ့ညနေ ၃နာရီ ၃၀ခန့်က ပြုလုပ်ခဲ့သည်။
တကိုယ်တော်ဆန်္ဒထုတ် ဖော်ရာတွင် ကိုတင်ထွဋ်ပိုင်က သံဃာတော်များအား မီးလောင် ဗုံးဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့မှု အား ဖော်ထုတ်ပေးရန်တောင်း ဆိုခဲ့သည်။ ““သံဃာတော်များ အား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့မှု အပေါ် စုံစမ်းစစ်ဆေးခြင်း၊ အ ရေးယူ ဆောင်ရွက်ခြင်းမရှိသည့် အတွက် ယနေ့ဒီအချိန်ဒီနေရာ တွင် ကျွန်တော်တကိုယ်တော် ဆန်္ဒပြနေရခြင်းဖြစ်ပါတယ်။ ဒါ ကြောင့် သက်ဆိုင်ရာဌာနအသီး သီးမှ ဤအရေးအား အရေးယူ ဆောင်ရွက်ပေးပါရန် တောင်းဆို အပ်ပါသည်””ဟု ကိုတင်ထွဋ်ပိုင် က ဆန်္ဒထုတ်ဖော်ရာတွင် ထည့် သွင်းပြောကြားခဲ့သည်။
ယခုကဲ့သို့လက်ပံတောင်း အရေးဆန်္ဒထုတ်ဖော်ခဲ့ပြီး၊ အကြိမ် တိုင်း၌ သံဃာတော်များမီး လောင်ဗုံးဖြင့် ဖြိုခွဲခံရခြင်းကို ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ သော်လည်း ယနေ့အချိန်ထိ သက် ဆိုင်ရာအာဏာပိုင်များဘက်မှ ဖော်ထုတ်ပေးခဲ့ခြင်းမရှိကြောင်း
ထိုကဲ့သို့ချုပ်ဆိုခဲ့ခြင်းအပေါ်
ဆန်္ဒထုတ်ဖော်နေစဉ်အ တွင်း ကျောက်တံတားရဲစခန်းမှ လာရောက် ခေါ်ဆောင်မှုကြောင့် ရဲစခန်းသို့ ညနေ ၄နာရီခန့်က သွားရောက်ခဲ့ရာ ရဲစခန်းမှ ပုဒ်မ ၁၈ဖြင့်အမှုဖွင့်ခဲ့ပြီး၊ ညနေ ၅နာ ရီတွင် အာမခံဖြင့် ရဲစခန်းမှပြန် လည်ထွက်လာနိုင်ခဲ့သည်။
ယခုကဲ့သို့ ရဲစခန်းမှလာ ရောက်ခေါ်ဆောင်မှုအပေါ် ရန် ကုန်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ကိုဝေဠုက ““အမိန့်အာ ဏာနဲ့ဥပဒေရောတွေးနေတုန်း ပါ။ တကယ်က ပုဒ်မ ၁၈နဲ့တရား စွဲ အမှုဖွင့်စရာမလိုပါဘူး။ တကိုယ်တော် ဆန်္ဒထုတ်ဖော်တာ ဖြစ်လို့ ခွင့်ပြုမိန့်တောင်းစရာမ လိုဘူးလို့ထင်ပါတယ်””ဟု သုံးသပ် ပြောကြားခဲ့သည်။ အမှုဖွင့်ခြင်းခံ ခဲ့ရာ Generation Youths မှ ကိုတင်ထွဋ်ပိုင်က ပုဒ်မ ၁၈သည် လုံးဝမရှိသင့်သော ဥပဒေပုဒ်မ တစ်ခုဟု ပြောကြားသွားခဲ့ သည်။
မင်းဝဿန်
No comments:
Post a Comment