ကျွန်မတော်တော်များများစကားပြော ကြည့်ပါတယ်၊ရာသိဥတုပြောင်းလဲလာတာ၊ဖောက်ပြန်လာတာကိုသိတော့သိတယ်။ ဒါပေမဲ့လိုပါသေးတယ်ဆိုပြီးအမှူမဲ့ အမှတ်မဲ့ပြောကြတာကိုမြင်ရပါတယ် ။နောက်ပြီး လူသားတိုင်းရင်ဆိုင်ရတော့မဲ့သဘာ ဝရာသီဥတုဖောက်ပြန်မှူအန္တရာယ်ကိုသ တိမပြုမိအောင်ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးမူဝါဒကိုဖက်တွယ်ထားတဲ့ သူတွေကြောင့်မဖြစ်နိုင်ပါဘူးဆို တဲ့အိုင်ဒီယာတွေကိုချသွင်းထားခဲ့ ကျပါတယ်။အထူးသဖြင့်ဒီကိစ္စမှာနိုင်ငံကြီးတွေကိုယ်တိုင်ပထမဦးစား ပေးကာကွယ်တဲ့အထဲမှာမပါပါဘူး။ဒါေ တွဟာအခုတော့ ကမ်းပြိုတာတွေ၊ရာသိဥတုဖောက်ပြန် တာတွေဟာထင်ရှားလာတဲ့အခါမျက်စိမှိတ်ငြင်းလို့မရဘူးဖြစ်လာပါတယ်။ အခုပညာရှင်တွေခန့်မှန်းတဲ့အတိုင်းဖြစ်လာတာဟာခန့်မှန်းချက်ထက်တောင်ပိုမြန်လာတာတွေ့ရပါတယ်။ ဆိုတော့ကျွန်မတို့နိုင်ငံရဲ့ကမ်းစပ်နေသူတွေပင်လယ်နဲ့နီးတဲ့မြို့ တွေ၊ကမ်းဘေးနေသူတွေအနေနဲ့ကြိုတ င်ပြင်ဆင်ဖို့လိုပါတယ်။အထူးသဖြင့်ကျွန်မတို့နိုင်ငံလိုလယ်ယာမြေ တွေနဲ့လုပ်ကိုင်စားသောက်မှူများတဲ့နိုင်ငံအတွက်ရာသီဥတုဖောက်ပြန်မှူကြောင့်ဖြစ်ပေါ်လာနိုင်တဲ့သီးနှံထွက်နှုန်းကျဆင်းမှူတွေ၊ပျက်စီး ဆုံးရှုံးမှူနှုန်းတွေဘယ်လိုဒေသေ တွဟာဘယ်လိုရှေ့မှာသဘာဝရဲ့ဒဏ်ကို ခံရနိုင်တယ်ဆိုတာတွေကိုကြိုတင်တွက်ချက်ပြင်ဆင်ထားနိုင်ဖို့လိုပါတယ်။ဒီပုံကိုကြည့်ရင်လာမဲ့ရာစု နှစ်တွေမှာပင်လယ်ရေမြင့်တက်မှြူေ ကာင့်ရေအောက်ရောက်နိုင်တဲ့ဒေသတွေကိုဖော်ပြထားပါတယ်။ ပညာရှင်တွေခန့်မှန်းထားချက်အရဆိုရင်မြန်မာပြည်ရန်ကုန်၊ပုသိမ်ကေ နပဲခူးထိပါနိုင်ပါတယ်။နောက်ကမ်း ရိုးတမ်းဒေသတလျှောက်တွေပေါ့ရှင် ။အကယ်၍အရှေ့အန္တာတိကရေခဲပြင်အရေေ ပျာ်သွားရင်ပင်လယ်ရေပြင်ဟာ၅၀မီတာအထိမြင့်တက်သွားနိုင်ပါတယ်။အဲလိုဖြစ်ခဲ့ရင်ရေအောက်မှာရန်ကုန်ဟာပြောက်ကွယ်သွားတော့မှာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှူတွေလုပ်ဆောင်နိုင်ဖို့အတွက်ပါရှင်။
sources: http://www.pbs.org/wgbh/ warming/waterworld/

sources: http://www.pbs.org/wgbh/
No comments:
Post a Comment