မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခံနေရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်ထုတ်
ထိုင်းနိုင်ငံတောင်ပိုင်းမှာ
ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခံနေရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို
ဇူလိုင်လ ၁၀ ရက်နေ့ညက ထိုင်း-မြန်မာ ပူးပေါင်းပြီး ကယ်ထုတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ် နန်းယန်းလှေဆိပ်က
အိမ်ခန်း ၅ ခုမှာ မြန်မာမိန်းကလေးတွေ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်
ခိုင်းစေခံနေရတယ်ဆိုတဲ့ တိုင်ကြားချက်အရ ထိုင်းနိုင်ငံ အထူးမှုခင်း
စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊
ဖန်ငအခြေစိုက် ပညာရေးဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ၊ ထိုင်းရောက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေ ပူးပေါင်း ကယ်တင်လိုက်တာ ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေဟာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြား
အရွယ်တွေဖြစ်ပြီး ရန်ကုန် နဲ့ တနင်္သာရီတိုင်း ဖြစ် ကြောင်း ၊ ဒီကိစ္စနဲ့
ပတ်သက်ပြီး ပြည်တန်ဆာခန်းပိုင်ရှင်ကို လိုအပ်သလို စစ် ဆေး အရေး ယူပေးဖို့
ဒီကနေ့မနက်ဘဲ ကရပူရီမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။ ရဲစခန်းက မန်နေဂျာ
၂ ယောက်ကို ဖမ်းထားပြီး ပိုင်ရှင် ကိုတော့ မမိသေးဘူးလို့ သိရပါတယ်။
Source: DVB TV News
No comments:
Post a Comment