မြေပိသဖြင့် ၂ ဦးသေဆုံး
နေပြည်တော်၊ ဇူလိုင် ၁၁
၁၀-၇-၂၀၁၃ ရက်နေ့ ၁၃၄၅ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊
ရွှေညောင်ပင်ရပ်ကွက်နေ ဒေါ်မူးနော်(၄၇)နှစ်၏ နေအိမ်အနောက်ဘက်၊ သာမညအတွင်းလမ်း
ယာဘက်ခြမ်းရှိ ဂ၀ံမြေတူးဖော်သည့်နေရာတွင် ဘားအံမြို့နယ်၊
နောင်ရှည်ကျေးရွာနေ ပေပေ(၄၁)နှစ် မောင်းနှင်သည့် ၂ခ/ xxxx
ကင်တာယာဉ်ပေါ်သို့ သာမညကျေးရွာနေ ဗန်ဒါလု(၂၅)နှစ်မှ ဂ၀ံမြေနီ များအား
ဂေါ်ပြားဖြင့်တင်နေသည်ကို ဘေးမှတစ်ရွာတည်းနေ ဥာဏ်ရွှေ(၃၅)နှစ်က
ထိုင်ကြည့်နေစဉ် တူးဖော်နေသည့်တောင်ကမ်းပါးယံမှ
မြေစိုင်ခဲများပြိုကျခဲ့သဖြင့် ဗန်ဒါလုနှင့်ဥာဏ်ရွှေတို့ ၂ ဦး
မြေသားများပိမိခဲ့ပြီး မြေတင်ယာဉ်မှာ ရှေ့ခေါင်း၊ ကိုယ်ထည်ယာဘက်ခြမ်းတို့
ပျက်စီးသွားခဲ့သည်။ အခင်းဖြစ်နေရာသို့ သာယာကုန်းရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင် များ၊ ရွာသူ/ သားများသွားရောက်ကာ
မြေပိနေသူ ၂ ဦးအား ကယ်တင်နိုင်ရေးအတွက် မြေကော်စက်၊ ဂေါ်ပြားများဖြင့်
ဝိုင်းဝန်းဖယ်ရှား ရှင်းလင်းပေးခဲ့သော်လည်း ဒဏ်ရာများအသီးသီးရရှိ၍
သေဆုံးခဲ့သဖြင့် ဘားအံဆေးရုံသို့ပို့ဆောင်ပြီး
သေမှုသေခင်းရေးဖွင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
နေပြည်တော်၊ ဇူလိုင် ၁၁
၁၀-၇-၂၀၁၃ ရက်နေ့ ၁၃၄၅ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရွှေညောင်ပင်ရပ်ကွက်နေ ဒေါ်မူးနော်(၄၇)နှစ်၏ နေအိမ်အနောက်ဘက်၊ သာမညအတွင်းလမ်း ယာဘက်ခြမ်းရှိ ဂ၀ံမြေတူးဖော်သည့်နေရာတွင် ဘားအံမြို့နယ်၊ နောင်ရှည်ကျေးရွာနေ ပေပေ(၄၁)နှစ် မောင်းနှင်သည့် ၂ခ/
No comments:
Post a Comment