Saturday, July 20, 2013

၈၈မျိုးဆက်များနှင့်ကျောင်းသားသမဂ္ဂများအာဇာနည်ဗိမာန်ချီတက်အလေးပြု

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏သမိုင်းကို ဖြောက်ဖြစ်ခြင်းပေလော။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးတွင်အရေးကြီးသော အခန်းကဏ္ဍတို့ မှပါဝင်ခဲ့ကြသော (ယ္ခင်)ကျောင်းသားခေါင်းဆောင်ဟောင်းများအား  "မလိုလားအပ်တဲ့ပြသာနာတွေမတက်ရအောင် အများပြည်သူရဲ့ လုံခြုံရေး အသက်အန္တာရယ်ကို မထိခိုက်ရအောင် ကာကွယ်ထားတာပါ။"ဟူသည့်မခိုင်လုံသောအကြောင်းပြချက်ဖြင့်၊ ပညာပြထားသောဖြစ်ရပ့်အားလုံးဝရှုတ်ချကန့် ကွက်အပ့်ပါသည်။ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးသိုင်းတွင် ပါဝင်ခဲ့ကြသော ရဟန်းရှင်လူကျောင်းသားပြည်သူတို့ အား လူမဆန်စွာ ပြစ်ခတ်သတ်ဖြတ်ခဲ့သော သမိုင်းတရာခံများမှာမည်သူတို့ ဖြစ်ကြသည်ကို ပြည်သူလူထုအသဲတွင် ကမ္မည်းတင်ထားခဲ့ကြပြီးဖြစ်ပေသည်။ မြန်မာပြည်၏သမိုင်းအမှန်ကိုပြည်သူများ၏နှလုံးသွေးဖြင့်

မွန်ကွန်းတင်ထားခဲ့ကြပြီးဖြစ်သည်။

ဘလော့ဂါ


၈၈မျိုးဆက်များနှင့်ကျောင်းသားသမဂ္ဂများအာဇာနည်ဗိမာန်ချီတက်အလေးပြု (8 photos)
ယနေ့ ကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ ဇူလိုင်လ၊ ၁၉ ရက် မွန်းလွဲ ၂း၀၀နာရီက ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်များ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော် ငွေရတု အခမ်းအနား ကျင်းပရေးကော်မတီဝင်များ၊ ကျောင်းသားသမဂ္ဂများဖြစ်ကြသော ဗ.က.သ၊ တ.က.သ၊ က.သ.ဖ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများသည် စုပေါင်း၍ ရွှေဂုံတိုင် ယုဇန ဟိုတယ်ရှေ့မှ အာဇာနည်ဗိမာန်သို့ချီတက် အလေးပြုခဲ့ကြသည်။ ထိုသို့ချီတက်အလေးပြုရာတွင် လွမ်းသူ့ပန်းခွေများ၊ ပန်းခြင်းများကို ဗိမာန်သို့ ယူဆောင်ခွင့် တားဆီးပိတ်ပင်ခံခဲ့ရသဖြင့် လမ်းခုလတ်တစ်နေရာတွင်ပင် အာဇာနည်ကြီးများအား ရည်စူးကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြရသည်။
 
 

No comments: