Tuesday, July 16, 2013

တိုင်းပြည်ကိုချစ်ရင် ခင်ဗျားတို့ ဆင်ချေပေးမနေပါနဲ့ 

ခင်ဗျား သူများတိုင်းပြည်နဲ့ နှိုင်းရလောက်အောင် ခင်ဗျားတို့ ဖေါက်ခဲ့တဲ့ လမ်းမှာ ခင်ဗျား နှိုင်းယှဉ်တဲ့ တိုင်းပြည်က အဝေးပြေးလမ်းလို ဘာ Ecosystem များ လုပ်ထားခဲ့လဲ၊ ကီလိုသုံးဆယ်တိုင်းမှာ ဓါတ်ဆီဆိုင်နဲ့  နားနေ Exit ရှိလား၊ မတော်တဆ ထိခိုက်မူ ဖြစ်ပွားရင် အရေးပေါ်အကူအညီ Highway Patrols တွေ ခင်ဗျားတို့ ထားလား။
ခင်ဗျား စကားကို ငါ့စကားနွားရ မပြောပါနဲ့။ ခင်ဗျား ကိုယ်တိုင် ကနေဒါမှာ အဲဒီ ကနေဒါက ဆီလီကုန်းကွန်ကရစ်လမ်းမှာ မောင်းပြီးမှ ခင်ဗျားရဲ့ နေပြည်တော် သေမင်းတမန်လမ်းနဲ့ ဘာကွာနေလဲဆိုတာ ဂဃနဏ ပြောပါ။ (ကျွန်တော်အဲသည်လမ်းနှစ်မျိုးစလုံးမှာ မောင်းနေခဲ့ဖူးတာ အနှစ် ၂၀ ပြည့်တော့မယ်)။
(၂) ဒီမိုကရေစီဆိုပြီး လိပ်ခေါင်းထွက်အောင် အော်မနေပဲ ခင်ဗျားတို့ရဲ့ ကြိုးနီစံနစ်ကို ရုတ်သိမ်းပါ၊ မြန်မာတွေလည်း အခြားပြင်ပကမ္ဘာကြီးက လူလိုနေတဲ့ လူတွေလို... လူလိုနေချင်ရင်ပေါ့ဗျာ။
မြန်မာပြည်ရဲ့ အကြီးဆုံး တခုတည်းသော တံခါးပေါက် လူဦးရေ ဆယ်သန်းကျော်တဲ့ ရန်ကုန်မြို့ ကြီးက တရားဝင် ၀န်ဆောင်မူကိစ္စအ၀၀ အူမချီးခါး အားလုံး Pass Port ကိစ္စပါမကျန် အဲသည် နေပြည်တော်ကို လူကိုယ်တိုင်သွားပြီး သံတော်ဦးတင်ရတဲ့ ခင်ဗျားတို့ရဲ့ ကြိုးနီအုပ်ချုပ်ရေး Style ကို မပြောင်းသ၍ အာရှကျားတွေကြားမှာ မြန်မာ တမျိုးသားလုံး နွားဖြစ်နေမှာပဲ။
ခင်ဗျားတို့  ကိုယ်တိုင် ကိုယ့်တိုင်းပြည်ကို လူတန်းစေ့အောင် အုပ်ချုပ်တတ်ဖို့တကယ်လိုနေတယ်။
 
 

 










××××××××××××××××××××××××××××

ကျွန်တော် သည်ကိစ္စမှာ သည်တခါတော့ပြောတော့
မယ်ဗျာ။

(နေပြည်တော်အထွက်ကလမ်းမှာ ယာဉ်မတော်တဆ
မူဖြစ်တယ် - ပုံမှာပါတဲ့အတိုင်းပဲ)

ဖြစ်ပြီးနာရီဝက်အတွင်း ကျွန်တော်သိခဲ့တယ်။
ကျွန်တော်သိခြင်းဟာ ဖြစ်တဲ့သူတွေနဲ့ ကျွန်တော်နဲ့ 
အကြားက နွယ်ယှက်နေတဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပဲသက်ဆိုင်
ပါလိမ့်မယ်။

Ministry of construction ဆိုတဲ့ ဆောက်လုပ်ရေး
ဝန်ကြီးဌာနာကလည်း အခင်းဖြစ်တဲ့အချိန်မှာ
ကား မမောင်းတဲ့ သူကိုပုံချထားတယ်။
(မှတ်ချက် - အခင်းဖြစ်တဲ့အချိန်မှာ ဒရိုင်ဘာ
မမောင်းပါ၊ မောင်းသူဆရာဝန်နှင့်တကွ သူ့ မိသားစု
ဝင်တွေကပြောပြီးဖြစ်သည်)။ အဲသည် ဆောက်လုပ်
ရေးဝန်ကြီးဌာနက - နောက်ကိုသတင်းကို မှန်အောင်
ယူပါ။ မှန်အောင်တင်ပါ။

အခုပြောချင်တာက .... တိုင်းပြည်အတွက်လုပ်နေ
ပါတယ်ဆိုတဲ့ တိုင်းပြည်ကိုချစ်တယ်ဆိုတဲ့လူကြီးမင်း
များကို ကျွန်တော်ရိုးရှင်းစွာပဲတင်ပြပါရစေ.....

(၁) သည်လမ်းဟာ လူနှစ်ရာကျော်သေခဲ့ပြီ၊ ကမ္ဘာမှာ
အချိန်အတိုဆုံးအတွင်းမှာ လူအသတ်ဆုံးလမ်းလို့ 
ပြောရမလား၊ ဒါမှမဟုတ်မြန်မာပြည်မှာ ဒုတိယကမ္ဘာ
စစ်အတွင်းက ဂျပန်ဖေါက်ခဲ့တဲ့ သံဖြူဇရပ် - ထိုင်း က
သေမင်းတမန်ရထားလမ်းလို ကမ္ဘာမှာ ပထမဆုံး
သေမင်းတမန်ကားလမ်းလို့ ပြောရမလား။ ဒါမှမဟုတ်
ခင်ဗျားတို့ ဘယ်လိုနာမည်ပေးချင်လဲ။

တလောက သည်လမ်းကိစ္စကို တုန့် ပြန်ခဲ့တဲ့ ပြောရေး
ဆိုခွင့်ရ လူကြီးမင်းကို ကျွန်တော် တင်ပြပါရစေ။
ခင်ဗျားကိုကျွန်တော်လေးစားပါတယ်။ ဒါပေမဲ့ ငါ့စကား
နွားရ ကက်ကက်လန်ပြန်မပြောပါနဲ့  - Research လုပ်
ပြီး လေ့လာပြီးမှပြောပါ။ ကနေဒါမှာ ကွန်ကရစ်လမ်း
သုံးဆယ်ရာနှုံးရှိတယ်ဆိုတာ Quebec ဆိုတဲ့ပြည်နယ်
တခုမှာ ဆီလီကုန်းစပ်တဲ့ အင်္ဂဒေနဲ့  ခင်းထားတဲ့
ကွန်ကရစ်လမ်းတွေဗျ၊ ခင်ဗျားတို့ နေပြည်တော်လမ်းလို
အိမ်ဆောက်တဲ့ဘိလပ်မြေသုံးပြီး ဖေါက်ထားတဲ့လမ်း
တွေမဟုတ်ဘူး။ ခင်ဗျား Physics ရဲ့ အခြေခံသဘော
တရားကို နားလည်ရင် Friction Force အကြောင်းကို
သိလိမ့်မယ်၊ Chemistry ရဲ့အခြေခံကိုနားလည်ရင်
ရာဘာ နဲ့ လုပ်တဲ့ ကားဘီးတာရာနဲ့ ကတ္တရာလမ်း
ရဲ့ ပွတ်တိုက်မူနဲ့  ဆီလီကုန်းမပါတဲ့ အင်္ဂတေလမ်းနဲ့ 
ရာဘာတိုင်ရာကြားက ပွတ်တိုက်မူ ဘယ်လိုရှိတယ်ဆို
တာ ခင်ဗျားသဘောပေါက်ပါလိမ့်မယ်။ သာမာန်ဘိလပ်
မြေ ကွန်ကရစ်လမ်းပေါ်မှာ ကီလိုခြောက်ဆယ်ကျော်ရင်
ဘယ်လိုဖြစ်တယ်ဆိုတာ ခင်ဗျားသိလား၊ အဲသည်ကီလို
ခြောက်ဆယ်မှာပဲ Break နင်းရင် ကတ္တရာလမ်းနဲ့ 
ဘယ်လောက်ကွာခြားမူရှိလဲဆိုတာ ခင်ဗျားအပါအ၀င်
ပေါက်လွှတ်ပဲစားပြောနေတဲ့သူတွေသိရဲ့လား၊ ကီလို
တရာမှာမောင်းရင် အိမ်သုံးဘိလပ်မြေကွန်ကရစ်လမ်းနဲ
ကတ္တရာလမ်းဘယ်လိုကွာသလဲ ခင်ဗျား Research ရှိခဲ့
လား။

ခင်ဗျားသူများတိုင်းပြည်နဲ့ နှိုင်းရလောက်အောင် ခင်ဗျား
တို့ ဖေါက်ခဲ့တဲ့ လမ်းမှာ ခင်ဗျားနှိုင်းယှဉ်တဲ့ တိုင်းပြည်
ကအဝေးပြေးလမ်းလို ... ဘာ Ecosystem များလုပ်ထား
ခဲ့လဲ၊ ကီလိုသုံးဆယ်တိုင်းမှာ ဓါတ်ဆီဆိုင်နဲ့  အနားနေ
Exit ရှိလား၊ မတော်တဆထိခိုက်မူဖြစ်ပွားရင် အရေးပေါ်
အကူအညီ Highway Patrols တွေခင်ဗျားတို့ ထားလား။

ခင်ဗျား.... စကားကို .... ငါ့စကားနွားရမပြောပါနဲ့ ။
ခင်ဗျား ကိုယ်တိုင် ကနေဒါမှာ ... အဲသည်ကနေဒါက
ဆီလီကုန်းကွန်ကရစ်လမ်းမှာ မောင်းပြီးမှ ခင်ဗျားရဲ့
နေပြည်တော် သေမင်းတမန်လမ်းနဲ့ ဘာကွာနေလဲဆိုတာ
ဂဃနဏ ပြောပါ။ ( ကျွန်တော်အဲသည်လမ်းနှစ်မျိုးစလုံး
မှာမောင်းနေခဲ့ဖူးတာ အနှစ် ၂၀ ပြည့်တော့မယ်)။

(၂) ဒီမိုကရေစီဆိုပြီး လိပ်ခေါင်းထွက်အောင်အော်မနေပဲ
ခင်ဗျားတို့ ရဲ့ကြိုးနီစံနစ် ကိုရုတ်သိမ်းပါ၊ မြန်မာတွေလည်း
အခြားပြင်ပကမ္ဘာကြီးက လူလိုနေတဲ့လူတွေလို ... .....
လူလိုနေချင်ရင်ပေါ့ဗျာ။

လူဦးရေဆယ်သန်းကျော်တဲ့ မြန်မာပြည်ရဲ့ အကြီးဆုံး
တခုတည်းသော တံခါးပေါက် ........................
ရန်ကုန်မြို့ ကြီးက တရားဝင်ဝန်ဆောင်မူကိစ္စအ၀၀ ...
အူမချီးခါး အားလုံး ........Pass Port ကိစ္စပါမကျန်
အဲသည် နေပြည်တော်ကို လူကိုယ်တိုင် သွားပြီး
သံတော်ဦးတင်ရတဲ့ခင်ဗျားတို့ ရဲ့ ကြိုးနီအုပ်ချုပ်ရေး
Style ကိုမပြောင်းသ၍ အာရှကျားတွေကြားမှာမြန်မာ
တမျိုးသားလုံး နွားဖြစ်နေမှာပဲ။ ခင်ဗျားတို့  ကိုယ်တိုင်
ကိုယ့်တိုင်းပြည်ကိုလူတန်းစေ့အောင်အုပ်ချုပ်တတ်ဖို့
တကယ်လိုနေတယ်။ (နားနဲ့ မနာဖ၀ါးနဲ့ နာပါ ...)


တဆိတ်ရှိ အားလုံးနေပြည်တော်မှာ သွားနေရတယ်။
ကုမ္ပဏီကစ္စအသေးလေးတွေကအစ...
လက်မှတ်ထိုးတာလေးကအစ ... နေပြည်တော်ကို
သွားရတယ် ...

ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ...
အခု အထက်က ကားမတော်တဆဖြစ်မူမှာ .....
မြန်မာပြည်မှာ အတွေ့ အကြုံအရှိဆုံးနဲ့  အတော်ဆုံး
လို့ ပြောလို့ ရတဲ့ မျက်စေ့ကုဆရာဝန်ကြီးလေးယောက်
ပါတယ်။ လောလောဆယ်တယောက်က ဘန်ကောက်
မှာဆေးဆက်ကုဖို့ ရောက်သွားပြီ၊ (ထားပါတော့ ...
ဒါတွေက ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေးပတ်သက်နေတယ်)

ဒါပေမဲ့ ... ခင်ဗျားတို့ နေပြည်တော်ကို တနိုင်ငံလုံးက
သွားပြီး နေ့ စဉ်နဲ့ အမျှ အခစားဝင်နေရတဲ့သူတွေ
ဟာ ပညာတတ်တွေ တိုင်းပြည်ရဲ့အညွန့် အဖူးတွေ
လုပ်ငန်းရှင်တွေ ဆိုတာခင်ဗျားတို့  နားလည်ပေးပါဦး။

ဆိုလိုတာက ရန်ကုန်နဲ့ မန္တလေးမှာ ခင်ဗျားတို့ ရဲ့လက်တန်
တွေကိုဆန့် လို့ မရတော့ဘူးလား။ တိုင်းပြည်ပိုတိုးတက်
အောင် ခင်ဗျားတို့  အခုထက်ပိုပြီးသဘောထားမကြီးနိုင်
တော့ဘူးလား။ Transparency မရှိနိုင်တော့ဘူးလား။

ကျေးဇူးတင်လေးစားစွာဖြင့်
လှိုင်ဘွား

----------------------------------
related post by Ministry of Construction:
https://www.facebook.com/photo.php?fbid=507243726013592&set=a.381685598569406.88418.100001839074858&type=1&theater

No comments: