Sunday, July 14, 2013

“ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် ကျွဲ၊ နွားများ မကြာခဏပျောက်ဆုံးနေ၍ လယ်ယာလုပ်ငန်း စတင်ရန်ခက်ခဲ”


=============================================
မောင်းတော -ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များဖြစ်ပွားပြီးနောက် မြို့နယ်အချို့တွင် ကျွဲ၊ နွားများ မကြခဏပျောက်ဆုံးနေသည်။ ထိုသို့ ကျွဲ၊ နွားများ ပျောက်ဆုံးနေသည့်အတွက် ယခုနှစ် လယ်ယာလုပ်ငန်း စတင်ရန် အခက်အခဲဖြစ်နေကြောင်း မင်းပြားဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ကျွဲ၊ နွားများပျောက်ဆုံးနေခြင်းမှာ ပြီးခဲ့သည့်နှစ် ဇွန်လဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ဆက်တိုက်ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ကျွဲနွားများ အုပ်စုလိုက် အခိုးခံနေရခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော်တို့ ပန်းမြောင်းတိုက်နယ်က သုံးလအတွင်းမှ နွားအကောင်ရေ တစ်ရာကျော်ပျောက်သွားပါတယ်။ အနီးအနားရှိ ရွာတွေကို သွားရောက်ရှာဖွေဖို့ကလည်း ဘင်္ဂလီကျေးရွာတွေ ဖြစ်နေတော့ မရှာရဲဘဲ ဖြစ်နေပါတယ်။ အဒီ အခွင့်အရေးကို ယူပြီး ကျွဲနွားခိုးသူတွေက ဆက်တိုက်ခိုးနေကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကျွဲနွားများ အကောင်ရာချီပျောက်ဆုံးနေမှုကို သက်ဆိုင်ရာသို့ သွားရောက် တိုင်ကြားထားသော်လည်း ယခုထိ အဖြေတစ်စုံတရာ မသိရသေးကြောင်း၊ ကျွဲနွားများ အခိုးခံသည့်အတွက် မိုးစပါးစိုက်ပျိုးမည့် လုပ်ငန်းများကို ရပ်နားထားရဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
 
 

No comments: